*"အိပ်မက်တွေကို...အကောင်အထည်ဖော်ဖို့.."
ထီထိုးရခြင်းရဲ့..ရည်ရွယ်ချက် ပေးခဲ့တယ်...
ဒါပေမယ့်...
ထီထိုးဖြစ်တဲ့ အချိန်တိုင်း...ထီဆိုင်မှာ...
" မနက်ဖြန်ထီဖွင့်မည်" စာတမ်းတွေ့ရပေါ့...
ထီဖွင့်တိုင်းလည်း...ပေါက်စဉ်တိုက်ဖို့မေ့လျော့နေရဲ့...
ချော်တောငေါ့နေတဲ့...ကံကောင်းခြင်းက..
မူရင်းက...မူရင်း အတိုင်းပဲ...။
*ရှေးခေတ်ဘေဘီလုံက...သူကြွယ်တွေ...
ဘယ်လို..စုဆောင်းခဲ့ကြတာပါလိမ့်...?
အသပြာကို...ကဗျာတစ်ပိုဒ်စုဖို့လောက်တောင်...မှတ်မှတ်ထင်ထင်မရှိတော့...
မရွိဘ၀ က...မရွိခဏ မဟုတ်...မရွိတစ္ဘ၀...
ဘာမွမရွိတဲ့ဘ၀မွာ...မရှိခြင်းတွေပဲ..ရှိတော့တယ်...။
*"မရှိတာထက်...မသိတာခက်" မဖြစ်ဖို့ပဲ...လုံးပမ်းနေရ
ဒုက္ခမြစ်ထဲမှာ..ဆိုတော့...ပစ်လိုက်တဲ့ကွန်ချက်တိုင်း...သုခကိုမမိဘူး...
မရှိခြင်းကို...ငါးစာလုပ်မျှားဖို့..ကြိုးစားတိုင်း...
ရေချိုးပြီး ပြန်ခဲ့ရုံပဲလေ...
ရေစိုတာတော့...အဖတ်တင်ပါရဲ့...။
*မတည့်အတူနေတွေက...မေးနေကြပြီ...
"ဒါတွေ...ရေးနေလို့..မင်းဘ၀ ကောင်းစားမှာလား" တဲ့
" ဟား...ဟား...ဟား.."ဆိုပြီး ၀တၳုစာအုပ်တွေထဲကလို...မရယ်ဖြစ်ခဲ့ပါ...
ရင်ဘတ်ထဲမှာပဲ...အစိုင်အခဲက ထုထည်ကြီးခဲ့ပေါ့...။
*ခနဲ့တဲ့တဲ့ အသံတွေကို...ဗိုက်တာမင်တွေလို...စားမြုံ့ပြန်ရင်း...
မနက်ဖြန်တွေကို...ရေးခြစ်နေမိ...
ငုပ္မိမွေတာ့...အောက်ကြမ်းပြင်ထိ..ခရီးဆက်မယ်...
စင်ပေါ်တက်နိုင်တဲ့...တစ်နေ့...နေ့...
............................................................။
*မူလတန်းဖတ်စာအုပ်ထဲက...မပုကြွယ်အကြောင်းကို..
ကောင်းကောင်း...မှတ်မိနေသေးသမျှ...
မာန်ကိုတော့...မချသေးဘူး...
ဘ၀ကို..ကဗျာနဲ့..ညီမျှခြင်းထိုးထားရင်း...
အလင်းရဲ့ ရနံ့ကို...ရှူရှိုက်ဖို့...
လမိုက်ညတွေရဲ့... ကမ်းပါးတစ်ဖက်က...စောင့်မယ်...
လောလောဆယ်တော့...
"ကံကြမ္မာကို...မျှားဖို့..ငါးစာ..မရှိသေးဘူး"...။
ရတုသစ်
(7/9/2012--9:40 PM)
No comments:
Post a Comment