*ခြေသံလုံလုံလျှောက်လာတဲ့...ဂြိုဟ်ဆိုးက..
ဝါရင့်သူခိုးတစ်ယောက််ရဲ့...ဖျတ်လတ်မှုမျိုးနဲ့..ခိုး၀င်လာခဲ့...
မာတိကာအစကတည်းက...နက္ခတ်လွဲနေတဲ့...ငါ...
ရွှေပြောင်းဖို့...နဂါးခေါင်းအရပ်..လှည့်စရာ..မရှိ...။
*တိုင်ဖုန်း..ဆိုက်ကလုန်းတွေကြောင့်...အထပ်ထပ်ပြိုလဲနေတဲ့..ကမ်ဘာမှာ...
ငါ့..သက္ကရာဇ်တွေဟာ...ဖြိုချဖို့...ခက်လွန်းလှရဲ့...
တစ်ဘ၀စာ ဟောစာတမ်း...တစ်ခုလုံး..ပြဿဒါးတွေပြည့်နေပြီ...။
*ဗေဒင်ဆရာက...မှားတာလား...?
ကံကြမ္မာက...ခါးတာလား...?
ယတြာချေလို့မကျေနိုင်တဲ့...မပြေလည်မှုတွေကို...
ကဗျာနဲ့ရော..ရောပြီး...မျိုနေရတယ်...။
*အချိုရှာ...သကာမတွေ့ငြားလည်း...
အခါးမရှာ...တမာတွေ့တွေ့လာတော့...
ရက်ရာဇာတွေကပဲ...ချို့တဲ့လာသလို..လို..။
*''အလုပ်ကောင်းရင်..ကံကောင်းမယ်.''..တဲ့
အကောင်းလုပ်တိုင်း...အလုပ်ကောင်းအထင်..မခံရမှတော့
စိတ်ကျန်းမာရေး...အားနည်းတဲ့..လူယဉ်ကျေး အ၀န်းအ၀ိုင်းမှာ...
ငါ..ဗိုင်းကောင်းကျောက်ဖိမနေတတ်တာ...ဆန်းသလား...?
ငါ့ တရားနဲ့..ငါ..နားရည်၀ခဲ့ပေါ့...။
*အမှတ်တရတွေကို...အမှန်တရားဖြစ်ဖို့..တွက်ချက်ရင်း...
အလင်းဆိုင်မှာ...ကျမ််းကျိန်လျှောက်လဲတတ်နေရဲ့...
ညောင်ပင်တစ္ဆေဖြစ်နေတဲ့...နေ့လည်ခင်းတွေကို..
မှောင်ခိုထုပ်ပြီး...လွှင့်ပစ်လိုက်ချင်တယ်...။
*အမြိုက်တရားရဲ့..အရသာကို...
ငါ့..လျှာပေါ်မှာ...ခံတွင်းမတွေ့မချင်း...
မိုက်မလင်းတဲ့...သံသရာ..တွင်းနက်နက်က..
ခုန်ထွက်ဖို့...ခက်နေဦးမှာပဲ....။
*အခုတော့....
တစ်မနက်ပြီး...တစ်မနက်...
တစ်ရက်ပြီး...တစ်ရက်...
ရင်ဘတ်အက်အက်လာတဲ့...နေ့တွေ အကြောင်း...
စုပေါင်းထားတဲ့...ကဗျာအယ်လ်ဘမ်တစ်ချပ်...
သပ်သပ်ရပ်ရပ်..ထုပ်ပိုးရင်း...
ဂြိုဟ်ဆိုးနဲ့..စီးချင်းယှဉ်ထိုးဖို့...
ကြိုတင် စီမံကိန်းချလိုက်ဦးမယ်လေ...။
ရတုသစ်
(6/9/2012 9း50 PM)
No comments:
Post a Comment