ကြမ္မာဆိုးနဲ့... နတ်ဆိုးလက်ထဲမှာမှ လူလာဖြစ်ရတယ်လို့..
တောက် !!!!
တစ်ချက်ခေါက်ရုံနဲ့
မအေးသွားတဲ့ စိတ်တွေ
ကောင်းရာသုဂတိလားပါစေလား .....
ကိုက်ဟ စားဟ ဒါ ငါ့သွေးသားဟ
ငါ့သေခြင်းရဲ့ နောက်ဆုံးကောင်းမှု
အရိုးတွေပါလှူပါတယ်ဗျာ
မီးအဆုံးရေအဆုံး ဒါတကယ့်နိဂုံးလေးပေါ့ .....
အမှားအမှန်မသိသေးတဲ့ ၀ိညာဉ်သစ်လေးကိုမှ
လူအလစ်မှာ ချောင်ထိုးပစ်လိုက်တဲ့
လူကြီးလူကောင်းတွေ
ဘယ်ပေတံနဲ့တိုင်းတာရမလဲ .....
ကံတရားပါလို့
ဒါမျိုးခေါင်းစဉ်တပ်လို့ ရကြေးလား
ဖျတ်ခနဲကြည့် ဖျတ်ခနဲနာတယ်
လူတွေပဲဖြစ်ရမယ် ... လူတွေပဲဖြစ်ခဲ့တယ်
ဘယ်သံသရာတွင်ဖြင့်
ဒါ .... ဘယ်လို ကံတရားများလဲ .....
အဆိုးဝါးဆုံးကို ရင်စည်းခံရင်း
ဘ၀ရထားတစ်စင်းက လမ်းမချော်ဘဲ တိမ်းမှောက်
လူလားမမြောက်လိုက်တဲ့အဖြစ် .....
အက်ဆစ်ထက်ပြင်းသောတိုက်စားမှု
ဘယ်သူတွေပြုခဲံ့တာလဲ
မေတြးရဲစရာ .....
မျက်လုံး မပါခဲ့ရင် ကောင်းမယ်
ငါ့လက်တွေက တုန်တယ်
အသံတွေပျောက်နေတယ်
ရ က် စ က် တာ ထက်
ပို ပို ရ က် စ က် လွ န်း တ ယ် .....
ကျားတစ်ကောင်လား ၊ ပန်းတစ်ပွင့်လား
လူလူသူသူ ဖြစ်ခွင့်မကြုံ
ဒီဘ၀နှယ် ဒီ၀ဋ်ကြွေး ဒီကလေးဆပ်ခဲ့ပုံက နင့်စရာ .....
ဆုံရက်ခဲ့ ဂြိုဟ်ဆိုး
ထိုထို ... ထိုသော အမှောင်ဖုံးလူဆိုတဲ့လူတွေကြောင့်
တောက် !!!! ကွာ ....
ပြင်းရှရှတောက်ခေါက်သံက ထွက်ကျလာတဲ့ဒေါသ
မောဟပြိုင်မျဉ်းများမှာ မြစ်ဖျားခံတယ်ဆိုချင်ဆို .....
ငါ့မောဟအတွက်
ဖြေရှင်းချက်မပေးချင်လောင်အောင်
လူမဆန်မှု .....
ငါဘယ်လိုမပြူပြင်နိုင်လိုက်ချိန်မှာပဲ
နေရောင်ကမှိန်နေပြီ .....
ဂုဏ်ကြောင့်လား ငွေကြောင့်လား
ဖေဖေ ကြောင့်လား မေမေကြောင့်လား
ပတ်၀န်းကျင်ဆိုတာကြောင့်များလား ........
ဘာ အ ကြောင်း ကြောင့်များပါလဲ ဗ်ာ ... WHY WHY WHY ?????
ခပ်ထိုင်းထိုင်း ဦးနှောက် အတွက် တစ်လုံးလောက် မစကြပါ ......
ခေါ်ခဲ့တုံးကတော့ ခေါ်ခဲ့ပြီးမှ
ဘယ်အသချေၤနဲ ့
မိုက်မဲပြစ်ခဲ့တာလဲ .....
အသားနာတာထက်
ဒါမျိုး အသည်းနာတာက ပိုဆိုးတယ်
လူဖြစ်လျက်နဲ့ လူမခေါ်ထိုက်တဲ့ ... လူ့ငရဲသားတွေ
သံသရာအဆက်ဆက် လူလောကထဲ ... ၀င်မလာခဲ့ပါနဲ့ .....
တကယ့်ဖြစ်ရပ်ထက်ပီပြင်တဲ့ သရုပ်ဆောင်မှုမျိုးရှိဦးမှာလား
အားမတန်မာန်လျှော့လိုက်ရပေမဲ့
ငါ့ငရဲခန်းကသွေးတွေနဲ့ .....
မင်းတို့အတွက် ပေပုရပိုက်ရေးခြစ်ဖို့
ကညစ်တစ်ချောင်းနဲ့ စောင့်နေမယ် .....
လူလစ်တဲ့ကာလက သံသရာကိုမျက်ခြေဖြတ်လို့မရဘူး
သေခြင်းတရားနဲ့ စွဲချက်တင်ထား
ငါ့ ဘ၀ မှားလာတာလား
ဘယ်မှာလဲ အမျှ
ရဲရဲ မမျှော်လင့်ရဲတဲ့ ဘ၀မှာ
ငါ ..... ..... .....
ကျွတ် / လွတ် ပါ့မလားးးးးးးးးးးးး
တဏှာလိုတော့ သွေးသစ်လောင်းတယ်
ဘာလဲဟ ... လူ့ဘ၀ဆိုတာ
ဒါမျိုးဖြစ်ခွင့်ရှိကြေးလား .....
သေချာပါတယ် ဒီတရားကို
နတ်ကောင်းတွေ
စောင့် နေ ပါ လိမ့် မယ် .....
စောင့်ရှောက်ခြင်းထားလို့
ထွေးပွေ့ခြင်းတောင်မရခဲ့တဲ့ဘ၀
လူဖြစ်ရအနာဆုံးပဲ .....
မီးဟုန်းဟုန်းတောက်ခဲ့တဲ့
သူတို့ရဲ့ ရာဂနဲ့ ကျနော့်ဘ၀ လဲလိုက်ရတာ
ဘယ်လိုတန်ကြေးနဲ့
အဖိုးဖြတ်မလဲ .....
အလဲအကွဲညနေခင်းက
နေမ၀င်ခင်မှောင်သွားတယ် .....
အားသစ်လောင်းတုန်း ဘုန်းဘုန်းလဲ
တလုံးတခဲကြီးပါ
အသွေးအသားတွေက .....
ပတ်ချာလည်၀ိုင်း စား နေတဲ့
အကောင်တွေ
ငါ့အတွက်မျက်ရည် တစ်စက်လောက်
ကျ ပေး ပါ အုံး .....
အပူအပင်ကင်းကင်းပါပဲလား
အရမ်းဖြူစင်ပါတယ်ဆို
ဘယ်အတ္တတွေနဲ့များ လုပ်ရက်ခဲ့သလဲ မိစ္တာ .....
အသင်လုပ်ရက်ခဲ့လေခြင်း
တစ်ခါတွေးတော့ တစ်ခါနာတယ် ...
ခင်ဗျားတို့ဗျာ ... %$^&%&*&&*(* ပဲ .....
မညှာတာရက်စက်ခြင်းက
အသက်သွင်းရုံသက်သက် ဖြစ်တည်စေခဲ့သလား .....
ကိုယ့် အာသာ တစ်ချက်ဆန်းသစ်ပြီး
မီးတောက်တစ်ခု ငြိ်မ်သက်ရုံနဲ့
ကျန်တာကိုမငဲ့ကွက်ခဲ့တဲ့
ခင်ဗျားတို့ရဲ့ရမ္မက်ချိုတွေက
အသက်တစ်ချောင်းအတွက်အပိုထင်နေခဲ့တာ .....
တွေးမိတိုင်းရင်နာလို့
နာတဲ့ရင်ကို ကြက်ခြေခတ်ထားလိုက်တော့မယ် .....
ဒီအမှောင်ထု မပြယ်သေးသမျှ
ဒီလိုဘ၀တွေက ဆက်လာဦးမှာလား
အားမတန်လို့မာန်လျှော့လိုက်တဲ့
အသံမှာ
ပဲ့တင်သံတွေပါတယ်ဆိုတာ..
ခင်ဗျားတို့
သိ
လာ
ပါ
လိမ့်
မယ် ..... ။ ။
ရတုသစ် ။ လေဟာနယ် ။ မာန်ခ
(ဖေ့ဘုတ်ပေါ်မှာသူငယ်ချင်းသုံးယောက်စုပေါင်းပြီးခံစားပေါက်ကွဲထားတဲ့ကဗျာတစ်ပုဒ်ဖြစ်ပါသည်...။ )
3 comments:
၃ ယောက်ပေါင်းရေးတဲ့ကဗျာကအရမ်းလန်းနေတာပဲနော်
နာနေတဲ့ရင်ကို
အဲတာကောင်းတယ်
ခင်မင်တဲ့ sis jasmine
သုံးယောက်ပေါင်းပေါက်ကွဲထားလို့ ကဗျာကတော်တော်ရှည်နေတာကိုး။
ကျွန်တော်တောင် တော်တော်ငိုချင်သွားပါတယ်၅၉၉
Post a Comment