Tuesday, October 16, 2012

စကားစမြည်စိုက်ခင်း

ဖွင့်ဟလိုက်တဲ့အသံတစ်စုံတစ်ရာ/မ်ားစြာ
ဘာသာဗေဒနဲ့ဖွဲ့စည်းထားတဲ့လှိုင်းတွေကြားစီးမျောလွင့်ပျံ
အသံသေးသေးကိုနားသေးသေးနဲ့ကြားတာလည်းရှိခဲ့
မိမိရရထိရှပြီးနားကြီးကြိီးနဲ့လည်းကြားရဲ့
အသံကြီးပေမယ့်နားကြားလွဲတတ်တဲ့နားသေးသေးနဲ့မကြားတကြား
ဝါးမသွားပဲပြီပြီသသနားကြီးကြီးနဲ့ကြား အထင်အရှား
လေထဲကဖြတ်ရတာဆိုတော့လေလိုပဲပျံ့လွင့်
အခန့်မသင့်တဲ့အခါပိတ်ပစ်လိုက်ရတဲ့အသံတွေလည်းများစွာ
အရသာကိုလျှာကပဲသိတာမဟုတ် နားကလည်းသိတတ်ခဲ့
အမှတ်တမဲ့ကိုမရ ရအောင်လိုက်ဖမ်းတာလည်း ရွိ
မိပြီးသားကိုဥပေက္ခာနယ်စည်းခြားရင်းမသိလိုက်မသိဘာသာလုပ်တာလည်းရှိ
အဓိက နဲ့သာမညကိုခွဲ ခြဲ ပြီးပေါင်းသင်ပေးနေရပေါ့
ပျိုးချသမျှမျိုးစေ့တိုင်းအောင်ချင်မှအောင်မယ်
ယောင်ခြောက်ဆယ်ဖြစ်နေတဲ့မျိုးစေ့တွေ လှေ့ထုတ်ပစ်လိုက်
အမြစ်ကုပ်နိုင်မယ့်မျိုးစေ့တွေကြဲချမှ အပင်သန်တယ်
ဖလှယ်မှုနဲ့ထွန်ယက်တဲ့စိုက်ခင်းမှာအလင်းတွေတသီတတန်းသီးပွင့်
ဖွင့်လှစ်မယ့်အနာဂတ်များရဲ့စည်ပင်၀ပြောမှုအတွက်
ရင်ဖွင့်ချက်တွေ တလူလူလွင့်
အရှိန်မြင့်လာတဲ့ခေတ်သစ် အလိုက်
ဒီစိုက်ခင်းက အရေးပါလာခဲ့ပြီဖြစ်ကြောင်း
လေကြောင်းမှတစ်ဆင့်နားစွင့်လိုက်ပါတယ်...။

ရတုသစ်
(16 /10 /2012 9: 10 PM)

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks