လစန္ဒာ
ကမ္ဘာမြေ၀ှမ်း
ငွေရည်ဖျန်းလျက်
ရွှင်လန်းပြုံး၀င့်
ဝေဟင်မြင့်မှ
ရွှန်းတင့်ကြည်သာ..နေခိုက်၀ယ် ။
လေပြည်ညင်း
ဝေ့ဆင်းသွဲ့သွဲ့
ခြေသံသဲ့ဖြင့်
ယူခဲ့သင်းပျံ့
ပန်းပေါင်းနံ့ကို
ခင်းဖြန့်ပျူငှာ..ဝေခိုက်၀ယ် ။
ချစ်သက်လျာ
ကြည်သာပြုံး၀င့်
မျက်လုံးပင့်၍
၀ံ့ဝံ့စားစား
ရင်ခွင်ကြားမှ
စကားတီတာ..ဆိုခိုက်၀ယ် ။
ငွေလရောင်လဲ့
လေညင်းသွဲ့နှင့်
မူနွဲ့ပိုကာ
ချစ်သက်လျာတို့
ဘေးမှာခစား
ရှိချိန်များ၀ယ်
"သီးခြားကမ္ဘာ
ရောက်နေတာ" ဟု
စိတ်မှာတွေးကြည့်
ပျော်ရွှင်မိကာ
ပီတိအဟုန်
ရင်သိမ့်တုန်လျက်
ရင်ခုန်စည်းချက်
သံစဉ်လက်သည်..
အိပ်မက်လှလှမက်လေပြီ...။
ရတုသစ်
(21/01/2012 )
3 comments:
ခ်စ္သက္လ်ာ
ကြည်သာပြုံးဝင့်
မျက်လုံးပင့်၍
ဝံ့ဝံ့စားစား
ရင်ခွင်ကြားမှ
စကားတီတာ..ဆိုခိုက်ဝယ် ။
..............
စာသားယူပုံလှတယ်အကိုရေ
ပီတိအဟုန်
ရင်သိမ့်တုန်လျှက်
ရင်ခုန်စည်းချက်
သံစဉ်လက်သည်..
အိပ်မက်လှလှမက်လေပြီ...။
လှလိုက်တဲ့ကဗျာလေး
ခင်မင်တဲ့ sis jasmine
"သီးခြားကမ္ဘာ
ရောက်နေတာ" ဟု
စိတ်မှာတွေးကြည့်
ပျော်ရွှင်မိကာ
ပီတိအဟုန်
ရင်သိမ့်တုန်လျှက်
ရင်ခုန်စည်းချက်
သံစဉ်လက်သည်..
အိပ်မက်လှလှမက်လေပြီ...။
Post a Comment