နွေဦးရေ..
ဆောင်းတွင်းမှာမက်တဲ့အိပ်မက်များလို
ကပိုကရိုအတွေးနဲ့ရှုပ်ထွေးမနေပါနဲ့
သေချာတာတစ်ခုက သံယောဇဉ်ဆိုတာမမြင်နိုင်တဲ့ကြိုးပေါ့
ရစ်တိုးလို့တွယ်မိရင်ဖြတ်ပစ််ရအခက်သား
ဘုရားဟောကျမ်းစာများလည်း ထောင့်တစ်ခုမှာ..
လက်မှာချည်တာမဟုတ်လည်း ရင်မှာချည်ထားမှတော့..
ရုန်းရမှန်းမသိလောက်အောင်..ဆွဲငင်ရာနောက်...။
ကြယ်ရောင်ပျောက်တဲ့ညနက်ထဲထိလိုက်ရင်း
အလင်းရောင်ေ၀ငှ သမုဒယတွေတောက်ပနေခဲ့ပေါ့်
အိပ်စက်မရတဲ့ညတွေဆို အလွမ်းတွေပြိုတတ်လာ
ကန့်ုသတ်ချက်များနဲ့လူသားဘ၀ကိုငြီးငွေ့မိရဲ့
တူးဆွမိတဲ့အိပ်မက်အပိုင်းအစတွေကြား
အားပေးနေတဲ့လက်တစ်စုံအဖြစ် ရပ်တည်ပေးပါလေ..။
မရေရာလူ့ဘ၀လမ်းများထဲမှာ
မေတ္တာတရားကိုဦးထိပ်ရွက်ပန်ဆင်ရင်း
ပန်းခင်းလေးတစ်ခုအဖြစ်ကဗျာတွေနဲ့ဖန်ဆင်းထားမိ
အရိပ်မရှိပေမယ့် အေးမြပါတယ်
အကာမပါပေမယ့် လုံခြုံမှုအပြည့်
အဆိပ္မရွိတဲ့ ရနံ့တွေနဲ့ ေ၀
ခံစားချက်တွေမြှုပ်ထားတဲ့နယ်မြေလေးပေါ့...။
အိပ်မက်အိမ်လေးထဲမှာတစ်ယောက်ထဲတိတ်ဆိတ်နေသူ
အတိတ်နဲ့ပစ္စုပ္ပန်ကြားမှာ ေ၀ဝါးရင်း အနာဂတ်မေ့နေသူ
အိမ်ေ၀းလူတစ်ယောက်ရဲ့ရင်ဘတ်ထဲငြိမ်းချမ်းခြင်းတွေပျိုးကြဲခဲ့
တကယ့်အဖြစ်ဟာအိပ်မက်မဟုတ်မှန်းသိရတော့နောက်မကျသေးပါဘူး
ဆူးစူးခံရမှာကြောက်ပေမယ့်လျှောက်နေမိတာကဆူးခင်းလမ်းပေါ့
အားမလျှော့ဖို့ တွန်းအားပေးနေသူရှိရင်ပန်းခင်းလမ်းကနီးလာပြီ
မှုန်သီရီေ၀နေတဲ့မျက်ရည်များ..အတိတ်တံခါးတစ်ဖက်မှာထားခဲ့ပါ
ခဏတာလေးရှင်သန်ခွင့်ရမယ့်လူ့ဘ၀အတွက်
ကျိုးပျက် ပဲ့ကြွေနေတဲ့စိတ်ဓာတ်နဲ့ကူးခတ်လို့မဖြစ်
စိတ်သစ် လူသစ် နဲ့အိပ်မက်သစ်တွေ မက်ပစ်လိုက်ပါလေ..။
နွေဦး ရေ..
ကဗျာတစ်ပုဒ်က စတဲ့သမုဒယနဲ့စီးမျောရင်း
အေးမြခြင်းတွေဖြစ်တည်စေချင်မိရဲ့
မိမိရရဆုပ်ကိုင်ထားတဲ့ ခံစားချက်၀ှက်ဖဲတစ်ချပ်
ဖွင့်ဖတ်စာနာနိုင်သူတစ်ယောက်အဖြစ်
မှတ်တမ်းသစ်ရေးထိုးလိုက်မိ
လေတိုးသံကြားတိုင်း ကဗျာတစ်ပုဒ်ရေးကြည့်လိုက်ပါ..
ကဗျာဟာနှလုံးသွေးက စတင်စီးဆင်းမှန်း
တခမ်းတနားနဲ့မြင်တွေ့ရပါလိမ့်မယ်လေ...။
ရတုသစ်
( 3 /10 /2012 9 :15 PM )
2 comments:
ကဗ်ာဟာနွလုံးေသြးက စတင္စီးဆင္းမွန္း
တခမ္းတနားနဲ႕ျမင္ေတြ႕ရပါလိမ့္မယ္ေလ...
မွန္တယ္ရတုေရ...အရွည္ၾကီးေပမဲ႔ ေသခ်ာခံစားျပီးဖတ္သြားတယ္ေနာ္ရတု.
ကဗ်ာက ရွည္ေပမဲ႔ အေၾကာင္းအရာက ေခါင္းစဥ္လြဲမသြားဘူး..
ဖတ္လို႔ေကာင္းပါ႔...အစဥ္အျမဲအားေပးလ်က္..
ခင္တဲ႔.....မိုးနတ္
ေႏြဦး ေရ..
ကဗ်ာတစ္ပုဒ္က စတဲ့သမုဒယနဲ႕စီးေမ်ာရင္း
ေအးျမျခင္းေတြျဖစ္တည္ေစခ်င္မိရဲ႕
မိမိရရဆုပ္ကိုင္ထားတဲ့ ခံစားခ်က္၀ွက္ဖဲတစ္ခ်ပ္
ဖြင့္ဖတ္စာနာနဳိင္သူတစ္ေယာက္အျဖစ္
မွတ္တမ္းသစ္ေရးထုိးလုိက္မိ
ေလတုိးသံၾကားတုိင္း ကဗ်ာတစ္ပုဒ္ေရးၾကည့္လုိက္ပါ..
ကဗ်ာဟာနွလုံးေသြးက စတင္စီးဆင္းမွန္း
တခမ္းတနားနဲ႕ျမင္ေတြ႕ရပါလိမ့္မယ္ေလ...။မိုက္တယ္ ကိုတု
Post a Comment