Thursday, October 11, 2012
မိုးခြွေလေညင်း ( ၂ )
မိုး- သက်လေညင်း ၊ သွဲ့သွဲ့နင်း၍
ဝေ့ဆင်းတိုက်လာ ၊ ထက်အာကာ၀ယ်
တိမ်လွှာညစ်ညို ၊ အိအိပြိုလျှက်
တိမ်ညိုချင်းချင်း ၊စစ်မက်ခင်းသော်
ကျဆင်းမြေပြင် ၊ မျက်ရည်စင်ပြီ
လွမ်း၀င်စိတ်မှာ..ဆွေးတော့သည်..။
ခြွေ-သောလေညင်း ၊ဖြည်းဖြည်းခွင်းလည်း
ကြွေဆင်းတိမ်ရည် ၊ ပင်လယ်တည်ခဲ့
ဝေးဆီဌာန ၊ ခွဲနေကြသော
ချစ်ရသူတွေ ၊ လွမ်းမပြေအောင်
ညှဉ်းနေသလို ၊လေညင်းပြိုပြီ
လွမ်းငိုချင်းသာ..ဆိုတော့မည်..။
လေ-ပြည်မုတ်သုန် ၊ ကြော့ပြန် စုန်လျှင်
ရင်ခုန်လှိုက်ဖြာ ၊ေ၀ဒနာက
ရင်လွှာမှတက် ၊ လွမ်းချင်းဆက်၍
စက်စက်မျက်ရည် ၊ ကြွေဆင်းသည်ကို
ဝေးဆီချစ်ပျို ၊ သိစေလိုပြီ
လွမ်းဖိုရင်မှာ ..နွေးတော့သည် ..။
ညင်း-သွဲ့သုန်သုန် ၊ မိုးမှုန်မှုန်ကြောင့်
လွမ်းဟုန်မြင့်ကာ ၊ ဝေဒနာက
ဖြေရာမရှိ ၊ လွမ်းဒဏ်ပိသော်
မချိရင်၀ယ် ၊ ဗျာပါကြွယ်လျက်
သက်လှယ်မေ..သို့ ၊ လွမ်းစိတ်ပို့ပြီ
လွမ်းစို့မျက်နှာ ..ညိုတော့သည်..။
                     ရတုသစ်
      ( 11 /10 /2012 ..7 :55 PM)
(မှတ်ချက်=ခေါင်းစဉ်ပေးသူ ထော်ဦး (ဘားအံကွန်ပျူတာ)
 ခေါင်းစဉ်အမည် မိုးခြွေလေညင်း...)
အွန်လိုင်းလင်းရောင်ခြည်မှာ နှစ်ပုဒ်ဖြစ်နေမည်စိုးသောကြောင့်မတင်ဖြစ်ပါ၊။
3 comments:
roseayemaung said...
လွမ်းနေချိန်မှာ.ဒီကဗျာလေးကိုဖတ်ရတော့...
*လွမ်းစိတ်ပို့ပြီ
Yoemyaykya said...
ကဗျာလေးဖတ်ခဲ့တယ် ရတုရေ။ဆက်လက်ရေးသားနိုင်ပါစေ။
စံပယ်ချို said...
ကဗျာစစ်စစ်လေးကိုဖတ်ခဲ့ရတယ်
ကဗျာတွေအများကြီးဆက်ရေးနိုင်ပါစေ ရတုရေ
ခင်မင်တဲ့ sis jasmine
အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ
Free Backlinks