သမိုင်းပေးဘ၀က တစ်လမ်းသွားပဲ
အင်အားနည်းနေတဲ့မျက်၀န်းတွေက
နားခိုရာမဲ့လို့
အမှည့်လွန်သီအိုရီရိုက်ချက်များ
လတ်ဆတ်မှုကင်းမဲ့နေတဲ့ အိပ်မက်အပုပ်အသိုးများ
ညှိုးလျော်နွမ်းရိနေတဲ့ အသက်ငင်မျှော်လင့်ချက်များ
သယ်ဆောင်ခရီးဆက်ဖို့ ဖန်ဆင်းခံခဲ့ရသလား
တစ်လမ်းတည်းမှာတောင်
မျက်နှာချင်းဆိုင် ရပ်ခွင့်မရတဲ့ဘ၀ကို
ခါးမိတယ် ။
အမှောင်တွေကြီးစိုးတဲ့ ညသိုးသိုးကြီးတွေကို
ငါ တစ်ယောက်တည်း ကြိတ်မှိတ်မျိုချနေမိ
အခုထိ လရောင်ရဲ့အစွန့်ပစ်ကို ခံနေရဆဲပေါ့ ။
မတည်မြဲတတ်တဲ့အချင်းအရာနဲ့မို့
ဘ၀ဆိုတာ
လက်ဖဝါးပေါ်က ဇယားကွက်တွေလား
ဝေဝါးမိနေရဲ့...။
လရောင်မဲ့တဲ့ညတွေထဲထိ
အတူရှိနေတဲ့ကြယ်ပွင့်လေးရေ...
ခုနစ်စဉ်ကြယ်အမြီးထောင်တဲ့အချိန်ထိ
မင်းကိုရှာမိနေဆဲပါပဲကွယ်..
ဒါပေမဲ့
အလင်းတံခါးတွေ ဖွင့်ထားတဲ့အချိန်တွေဆို
ကိုယ့်ခြေထောက်ကို ကြိုးတုပ်လို့
တစ္ဆေတစ်ကောင်ရဲ့ငုပ်လျှိုးမှုမျိုးနဲ့
အလင်းကို ခိုးခိုးပြီး သွန်မိတယ်..
တစ်နေ့နေ့မှာ
မင်းရဲ့အလင်းမှုန်လေးတွေကို တွေ့လိမ့်မယ်ဆိုတဲ့
မဝံ့မရဲ အိပ်မက်လေးက..
ငါ့ကို ခဏ ခဏ အချက်ပေးနေလို့ပါကွယ်..။
ရတုသစ်
( 4 / 10 /2012 ...9:20 PM )
2 comments:
လေရာင္မဲ့တဲ့ညေတြထဲထိ
ဒါပေမယ့်..အလင်းတံခါးတွေဖွင့်ထားတဲ့အချိန်တွေဆို
တစ်နေ့နေ့မှာ
မင်းရဲ့အလင်းမှုန်လေးတွေကိုတွေ့လိမ့်မယ်ဆိုတဲံ့
မ၀ံ့မရဲ အိပ်မက်လေးက..
ခံစားသွားတယ်ရတုရေ...
ရတုဆိုက်ကို ၀င်ရတာအရမ်းမောတာပဲ....
လိုင်းကလဲ ၀င်သက်ထွက်သက်...
ဆိုက်ကလဲ ၀င်သက်ထွက်သက်......:P
ကောင်းလိုက်တဲ့ ကဗျာ
Post a Comment