Sunday, October 7, 2012

အလွမ်းမိုး

လွမ်းငွေ့ပွေလီ  
လွမ်းရာသီ၀ယ်
လွမ်းတည်ရင်စို့
လွမ်းလက်တို့လျက်
လွမ်းဖို့ဖန်လာ    
လွမ်းစေပါသော်
လွမ်းကာထိုင်ငေး
လွမ်းပိုက်ထွေးမိ
လွမ်းရေးခက်ကြုံ
လွမ်းဖွယ့်ဘုံမှာ
လွမ်းဟုန်လှိုက်ဆူ
လွမ်းနေသူတွက်
လွမ်းပူမိကာ
လွမ်းဝဋ်ကြာအောင်
လွမ်းနာထားရစ်
လွမ်းဒဏ်ဖြစ်ဖို့
လွမ်းကျစ်သည့်ကြိုး
လွမ်းရစ်တိုးပြီ
လွမ်းမိုး စိုစေ..ရင်ခွင်မြေ..။

လွမ်းမိုးကခြွေ
လွမ်းရလေတည့်
လွမ်းနေသောသူ
လွမ်းအောင်ကူခဲ့
လွမ်းဆူရင်ထဲ
လွမ်းအသဲက
လွမ်းမြဲနေ့စဉ်
လွမ်းစိတ်ယှဉ်၍
လွမ်းကျဉ်ခံခက်
လွမ်းရက်ဆက်ကာ
လွမ်းအက်ကွဲကြေ
လွမ်းလွန်လေလည်း
လွမ်းပြေတမ်းချင်း
လွမ်းဇာတ်ခင်းလျှက်
လွမ်းတင်းချည်နှောင်
လွမ်းပိုအောင်သာ
လွမ်းဆောင်ကြီးစိုး
လွမ်းတွေတိုးပြီ
လွမ်းမိုးပြိုနေ..လွမ်းနေ့တွေ..။

                  ရတုသစ်
 (၇-၁၀-၂၀၁၂---၈-နာရီ+၅၀ မိနစ်)


3 comments:

Unknown said...

ကဗျာက အစစ်ဖြစ်နေတယ်ဗျ အတုတော့ဟုတ်လောက်ဘူး ထင်တယ် (ခံစားချက်) ကိုပြောတား)

Anonymous said...
This comment has been removed by a blog administrator.
ရတုသစ် said...

စစ်မစစ်သိချင်ရင် လွမ်းကြည့်လို့ပြောရတော့မှာ
ပဲလေ..။ကိုယ်တိုင်ခံစားဖူးရင်တော့သိမယ်..။

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks