အို..ခရေ
သက်ဝေအတွက်
သင်းကြိုင်လျက်
ဆင်းသက်မြေလွှာ..မွှေးပါလေ.။
အို..သဇင်
ချစ်ကြင်သူတွက်
နန်းဆန်လျက်
၀င်းလက်ကေသာ..ထွေးပါလေ..။
အို..ပိတောက်
သက်လောက်ချစ်ရ
ချစ်သူလှတွက်
မွှေးမြကြိုင်လန်း
ပွင့်တင့်ဆန်းကာ
အခမ်းနားဆုံး
သေချာပြုံး
ကြော့ဆုံးရင်၀ယ်..အေးပါလေ..။
ရတုသစ်
( 8/ 10/ 2012 ..4-37 AM)
2 comments:
အစ အဆုံးသေချာဖတ်တာ စံပယ်လဲမပါဘူးဟယ်
;) ပန်းစံအောင်ဖွဲ့လေဗျ
Post a Comment