Tuesday, November 13, 2012

ဓလေ့သိစမ်း..


ပါးပြင်မှာ သနပ်ခါးနဲ့
ရိုးသားတဲ့မူရာ ၊
ရွှေမြန်မာ ယဉ်ကျေးမှုကို
လေးပြုကြပါ ။
မေကညာ
သေချာကွဲ့ ဆင်ဦး (အုံး )
ဆံထုံးတွေပျောက်နေမှတော့
မှောက်ရပေါ့ ဘုန်း ။

ခေတ်အလို ခေတ်အကြိုက်
ခေတ်လိုက်တော့ မှားမယ် ၊
ကမ္ဘာလယ် ယဉ်ဖွယ်သိမ်းလို့
ထိန်းသိမ်းလေကွယ် ။
လုံမေငယ်
လုံစေကွဲ့စဉ်မြဲဲ ၊
ရှေ့ကွဲ နောက်ကွဲနဲ့တော့
ကြည့်ဖို့ရှက်ဆဲ ။

ကမ္ဘာကိုရင်ပေါင်တန်းတဲ့
လုံမရဲ့သိစေချင် ၊
တို့မြန်ခွင်ယဉ်ကျေးမှုတော့
လေးပြူအစဉ် ။
ဆင် အပြင်
တလွဲပင်ရင်ပေါင်တန်း
ဖလန်းတာကောင်းပါဘူးကွဲ့
ဓလေ့သိစမ်း ..။

            ရတုသစ်
  ( 14 -11-2012 ..2: 20AM)


3 comments:

Yoemyaykya said...

ရှေ့ကွဲနောက်ကွဲထဲတော့မပါပေမယ့် ဆံထုံးတော့မရှိဘူးရတုရေ။

Unknown said...

ဟုတ်ပ ဆံထုံးမရှိး) ကဗျာလေးကို နှစ်နှစ်ခြိုက်ခြိုက် အားပေးခဲ့တယ်ခင်ဗျ

မိုးနတ်ကြယ်စင် said...

ရတုရေ..ကဗျာလေးကကောင်းတယ်နော်...
မိုးနတ်နှစ်သက်မိတယ်....
ခင်တဲ့...မိုးနတ်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks