ထည့်ယူစရာပစ္စည်းတွေစုံလင်ပြီလား
စလင်းဘက်အိတ်ကို သက်ပြင်းတစ်ချက်နဲ့ ဇစ်ဆွဲပိတ်လိုက်တယ်..
တရိပ်ရိပ်၀င်လာတဲ့အတွေးတွေခေါင်းရမ်းထုတ်လိုက်
မိုက်ဇာတ်က ကချင်လို့ ကနေတာ မဟုတ်မှန်း ကိုယ်တိုင်သိရဲ့
ကျလာမယ့် ကန့်လန့်ကာအပိတ်က နှေးကွေးလွန်းတယ်..။
လေးလံနေတဲ့စိတ်ကိုမိတ်ကပ်ထူထူလိမ်းပြိီး ဖို့ပစ်လိုက်ရ
ဆန္ဒမပါတဲ့ ကိုယ်ငွေ့ကို ပေါင်ဒါပုတ်ပြီး ကွယ်၀ှက်ထားမယ်
အပူသည်မိသားစုအတွက် ရင်ထဲက အပူနဲ့ ငြှိမ်းသတ်ပေးနေခဲ့
အချစ်မဲ့အနမ်းခါးတွေကမ်းကပ်တဲ့နှုတ်ခမ်းပါးက
မိတ္တူ အပြုံးတွေပဲ ပွင့်ဖူးတယ်..။
လောကမာယာ...ရေ..
မျက်ရည်ဆိုတာ လူမသိ သူမသိခိုးကျဖို့ပဲတတ်နိုင်တော့တယ်ထင်ရဲ့
တစ်ချို့တွေ ထောင်မြင်လို့ ရာစွန့်နေချိန်မှာ
ရာ မြင် ရဖို့အတွက်စွန့်လိုက်ရ..ဘ၀..
ခဏခဏသေဆုံးခဲ့တဲ့အိပ်မက်မြစ်ထဲမှာ အသွေးအသားတွေမျောပါသွား
မဟားဒယား ညကပွဲမှာ ချစ်တယ်ဆိုတဲ့ ဝေါဟာရထည်လဲသုံးခဲ့မိ
အဆိပ်ရှိတဲ့ ဒီဆူးကိုချိုလွန်းလို့ သည်းခံနေတာမဟုတ်ရပါဘူး..။
စိတ်ကူးနဲ့လက်တွေ့ စေ့စပ်မရတဲ့ဘ၀တိုက်ပွဲမှာ
အသဲစကားကိုငြင်းဆန်လိုက်ရပေါ့
ချစ်သူကိုလည်းစွန့်ပစ်ခဲ့ရတယ်
ရိုက်ချိုးထားရတဲ့အတ္တကြောင့် မာနတွေမလွှင့်နိုင်တော့
တလွင့်လွင့် ဝေးသွားတဲ့အနာဂတ်လမ်းဟာ စမ်းတဝါးဝါးပဲလေ..။
မေမေရေ...
အူမ မတောင့်တဲ့မိသားစုအတွက် တွေးတွေးပြီး
ရွိမဲ့ စုမဲ့သီလေလးကို ချကျေွးလိုက်ရပေါ့
ပျော်တယ် လို့မဆိုသာပေမယ့်
ပြုံးနိုင်အောင်ကြိုးစားခဲ့ပါတယ်..။
လောကကိုတိုင်တည်ပြီး မဆွေးချင်တော့ပါဘူး
ဘ၀ကိုနာကြည်းပြီး မတွေးချင်တော့ပါဘူး
ခေတ်ကိုအပြစ်ရှာပြီး မငေးချင်တော့ပါဘူး
တရားခံကတရားလိုယောင်ဆောင်နေတတ်တဲ့မျက်လှည့်သီအိုရီမှာ
ရေလိုက်ငါးလိုက် ပျော်၀င်ကူးခတ်ရင်း
ဒီဇာတ်လမ်း အဆုံးကိုအမှောင်ထဲက စောင့်နေမိတယ်လေ..။
ရတုသစ်
( 2 -12-2012 11 : 10 PM)
http://yatuthit.blogspot.com/
3 comments:
ကဗ်ာေကာင္းေလးကို ေလးစားအားက်စြာ ဖတ္ရႈခဲ့ပါတယ္ဗ်
ကဗ်ာေကာင္းေလးတစ္ပုဒ္ပါပဲ
ကဗ်ာေလးကိုဖတ္ရတာ ဇာတ္လမ္းေလးတစ္ပုဒ္ဖတ္ရသလိုပဲ ကဗ်ာေလးထဲေမွ်ာပါသြားမိတယ္
ေနာက္လည္းသည္ထက္မကေရးသားႏိုင္ပါေစေနာ္
ခင္တဲ့(အိမ္မက္ေကာင္းကင္)
ေလာကကုိတိုင္တည္ၿပီး မေဆြးခ်င္ေတာ့ပါဘူး
ဘ၀ကုိနာၾကည္းၿပီး မေတြးခ်င္ေတာ့ပါဘူး
ေခတ္ကုိအျပစ္ရွာျပီး မေငးခ်င္ေတာ့ပါဘူး
တရားခံကတရားလုိေယာင္ေဆာင္ေနတတ္တဲ့မ်က္လွည့္သီအုိရီမွာ
ေရလုိက္ငါးလုိက္ ေပ်ာ္၀င္ကူးခတ္ရင္း
ဒီဇာတ္လမ္း အဆုံးကိုအေမွာင္ထဲက ေစာင့္ေနမိတယ္ေလ
Post a Comment