လောကလှိုင်းဒဏ် ၊အဖန်ဖန်ကို
တစ်ရံမလပ်၊ကူးသန်းဖြတ်ရင်း
ဆုံးသတ်နားရာ ၊အေးကမ္ဘာအား
ဖွေရှာကြည့်ရင်း ၊တို့စီးဆင်းခဲ့
ရင်ချင်းအပ်ယူ ၊ချစ်ကြင်သူသာ
အေးလူနားရာ ၊တို့မှတ်လာမိ
လွန်မှားဘိ၏
တွေးကြည့်မှပင် ၊အစစ်မြင်သည်
မိခင်သည်သာနားခိုရာ ။
ရယူမှုတွက် ၊တို့စုံမက်သော
နှစ်သက်ကြည်ဖြူ ၊တို့ချစ်သူသည်
အေးလူနားရာ ၊ရင်ခွင်လွှာကို
ဖြန့်ကာရိပ်မိုး ၊မရနိုးပေ
တန်းဖိုးတိုင်းတာ ၊မနှိုင်းသာသော
မာတာရင်လွှာ ၊ရိပ်ဆာယာသည်
ဘယ်ခါရပ်ရပ် ၊ပူ မဟပ်ပဲ
မပြတ်စဉ်သာ ၊အေးမြရာမို့
ခါခါပူပြင်း ၊စိတ်မောခြင်းတွေ..
ရင််တွင်းပြည့်သိပ် ၊သောကစိတ်တွေ..
ကြပ်သိပ်ပြင်းထန်၊ အပူဒဏ်တွေ..
မခံသာသော ၊ဘ၀ဇောတွေ..
လှိုက်မောလန့်ထိတ် ၊ကြောက်ရွံ့စိတ်တွေ..
တိုးတိတ်ငိုရ ၊ထိုခဏတွေ..
ကင်းပ ကွာဝေး ၊ဖြေရှင်းပေးလို့
အပြေးဖွေရှာ ၊ရိပ်တကာထက်
မာတာအေးရိပ် ၊ရင်ခွင်ဆိပ်သာ
အရိပ်စစ်စစ်၊ အမှန်ဖြစ်သည်
မပစ်ပယ်သာ..နားခိုရာ ။
အရိပ်အမှန် ၊အဖိုးတန်သည်
လည်ပြန်ခါခါ ..နားခိုရာ ။
ရတုသစ်
1 comment:
ကဗျာထဲက မေမေ့ကိုချစ်တတ်တဲ့သားတစ်ယောက်ရဲ့ အတွေးအမြင်လေး ထပ်မံသယ်ဆောင်သွားနိုင်ပါစေ ဟု ဆန္ဒပြုခဲ့ပါသည်.. နားခိုရာအစစ်အမှန်မှ မသွေဖယ်မိပါစေနှင့်း)
Post a Comment