Tuesday, January 22, 2013

အပယ်ခံ

ရင်အောင့်နာ တစ်ပွေ့တစ်ပိုက်
ညမိုက်မှ လင်းပြခွင့်ရတဲ့ ကြယ် ။

သယ်လာတဲ့ အလင်းတစ်မှုန်မှာ
ဘယ်ပန်းမှ ၀တ်မှုံမကူးခဲ့ ။

လင်းပြခွင့်ရှိဖူးတာတစ်ခုလေးနဲ့
ကိုယ့်ကိုယ်ကိုကျောသပ်ပေးနေရ
အလင်းက ေ၀းရတဲ့ အထဲ
မိုးသည်း/ နှင်းသည်းတွေ ပိတ်တတ်လွန်း။

အမှောင်မွန်းညဥ့်နက်လယ်
ဓူဝံကြယ်လည်းမဟုတ်ခဲ့
ချူချင်သူမဲ့နေတာ မဆန်းပါဘူး
လေဟာနယ်ထဲမှာ ။

                        ရတုသစ်
                  ( 14/1 /2013 )


1 comment:

roseayemaung said...

ရင္ေအာင့္နာ တစ္ေပြ႕တစ္ပုိက္
ညမုိက္မွ လင္းျပခြင့္ရတဲ့ ၾကယ္ ။

ကဗ်ာေလးေတြတ၀ျကီးဖတ္သြားတယ္ေနာ္

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks