လွမ်းဇာတ်က ခုမှစတာ
တစ်ခန်းရပ်မဟုတ်တော့ ခက်နေပေါ့
မျက်ရည်ကျသွားတဲ့ ဗီလိန်တစ်ယောက်အတွက်
ဘယ်နှလက်သော လက်တွေ လာသုတ်ပေးမလဲ ။
မရဲတရဲ မျှော်လင့်ရတာတွေများတဲ့အခါ
နှလုံးသားက အလိုလို သိမ်ငယ်လာတယ်
အရာရာ မင်း သဘောပါကွယ်
ပျက်ပြယ်ဖို့ ခက်ကျန်ခဲ့တဲ့
ငါ့ အလင်းစက်တစ်ခုအတွက်
ညနက်ဟာ
ထိန်၀ှက်နိုင်စွမ်း မရှိပါဘူး....။
လွမ်းဖူးတယ်
ငါ ခုထိလည်း လွမ်းနေတယ်
အကြမ်းထည် စိတ်ဓာတ်မှာ
တံဆိပ်ကပ်ခံလိုက်ရတာဆိုတော့
ပျော့တယ် မထင်နဲ့ နာတယ် ။
ရတုသစ်
at မန္တလေး လမ်းမတစ်လျှောက် သွားနေသည်။
5 comments:
လွမ်းဖူးတယ်
ကဗျာတွေကြိုက်တယ်...ချင့်
အာဇာနည်...သီချင်းတွေကြိုက်တယ်
အိုးးးးးးးးးးး
ကိုရွှေရတု ....ကဗျာလေးက တိုတိုလေးပေမဲ့လှထှာ
ရေးထားတာလေးကလဲ ရိုးရှင်းပြီးဆွဲဆောင်မှုရှိလိုက်တာ
အရမ်းနှစ်သက်မိလို့ စကားလုံးတိုင်းကို သဘောကျစွာနဲ့
ရင်ဘတ်ထဲမှာ ထည့်စီခဲ့တယ်....တခါတခါ
အဲလိုလေးတွေလဲ ရေးပါအုံး ကိုရတုရယ်...
ရေးနေကြဟန်တွေနဲ့ မတူတော့ ဖတ်ရတာ
တကယ်ပဲ အရသာရှိလှတယ်....ခါတိုင်းရေးတာလေး
တွေလဲ အရမ်းကိုကောင်းပါတယ်...
တခါတခါဆို မိမိုးနတ်မှာလိုက်လို့တောင် မမှီဘူးရယ် ဒါပေသိ......
ဘာကြောင့်မှန်းမသိ ...ရိုးရှင်းလှပ ပုံပန်းကျနတဲ့
အီကဗျာလေးကို အလွန်ပဲနှစ်သက်မိပါအိ....:)))
မရောက်တာကြာပေါ့...ကဗျာလေးတွေ ၀င်မွေသွားတယ်ရတုရေ... လမ်းပေါ်မှာရေးတဲ့ကဗျာလေးက ကောင်းပါ့...အားပေးနေတယ်နော်
ခင်တဲ့
လေပြေ
"လွမ်းဖူးတယ်
ရင်ကိုအထိဆုံးစကားလုံးတွေပဲရှင် ...
Post a Comment