အလွမ်းတွေတစ်ဆင့်ချင်းပြိုကျလို့
မျက်ရည်စို့နေတဲ့မျက်၀န်းဟာ
ဒဏ်ရာရထားတဲ့ သားကောင်လိုဖြစ်နေရ ။
တဆတ်ဆတ်တုန်နေရမယ့်ရင်ဘတ်ကြီးကိုိ
တစ်စစီလှီးထုတ်ပစ်ချင်တယ်။
မဝံ့မရဲဆွံ့အခဲ့ကြတဲ့စာမျက်နှာတစ်ခုဟာ
အလွမ်းကျိုးသံသက်သက်လား
ဒီအဖြစ်အပျက်တစ်ခုအတွက်
ေ၀ခွဲရခက်ခြင်းတွေချန်ထားပေးပါ ။
လေပြည်သွေးတိုင်းနာနာနေမယ့်အသညးတစ်ခြမ်းအတွက်
မနက်ဖြန်တွေဟာ လာလာထိုးစိုက်မယ့် ဓားထက်ထက်တွေ
ဒီ အခက်ပွေ ခြင်းမျိုးစေ့က
ကျွန်တော့်ရင်ခွင်မှာလာရှင်သန်နေတယ် ..မမဝေ ။
ဘ၀ဟာ ခဏပါတဲ့
အလွမ်းဟာ ကြာရှည်လွန်းခဲ့ပေါ့
မပျော့ပျောင်းတဲ့လမ်းတွေထဲ
အသည်းကွဲချင်ကွဲပါစေ
ကျွန်တော်တစ်ယောက်ထဲ ငိုမယ် မမဝေ.။
ရတုသစ်
6 comments:
အလွမ်းကျိုးသံ...
နားထောင်ကြည့်တယ် ဘာသံလည်းကြားဘူး
..အဟပ့်...
အိုးးးးးးးးးးးး
ပြန်လာပြီပေါ့ မမဝေရယ်....
တခါတခေါက် :P
အင်းလေ...မမဝေထံ တိုင်တည်သံတွေ
တပုဒ်ထဲနဲ့ ပြီးသွားမယ်လို့ ဘူကပြောလဲဟင် :)
အိုးးးးးးးးးးးး
ပြန်လာပြီပေါ့ မမဝေရယ်....
တခါတခေါက် :P
အင်းလေ...မမဝေထံ တိုင်တည်သံတွေ
တပုဒ်ထဲနဲ့ ပြီးသွားမယ်လို့ ဘူကပြောလဲဟင် :)
အစ်မမိုးနတ်ကနောက်တယ်ဗျာ
အစ်မမိုးနတ်ကနောက်တယ်ဗျာ
ဟုတ်တာပေါ့ သူ့အလွမ်းတွေမပြီးမချင်း မိုးနတ်တို့ အစ်မတို့လို့ သူ့ပရိတ်သတ်တွေက မမဝေ ကဗျာတွေ ဖတ်နေရတာပေါ့လေး) ဟုတ်တယ်ဟုတ် မိုးနတ်ရေ
Post a Comment