ပဒေသရာဇ်ခေတ်ကို လွမ်းလို့တော့ မဟုတ်ဘူး
အတွေးလူးလွန့်တိုင်း
ရွှေကျိုင်းတလူလူနဲ့သဲဖြူ ၊ရာဇမတ်တွေကို တ,သမိ
မန္တလေးကို ခုထိ တမ်းမက်နေတုန်း ။
မသိမသာ၀င်လုံးတဲ့လက််သီးပုန်းတွေအောက်
မန္တလေးဟာ ဒူးထောက်ခဲ့လေပြီလား
သွေးရဲသလား ပြသဖို့ထက်
အူမတောင့်ဖို့အရေးပေါ်အခြေအနေဖြစ်သွားခဲ့
သွေးအားလျော့နေတဲ့ မျိုးချစ်စိတ်ကို
ဘယ်လို ပြန်ကုစားကြမလဲ ။
နှလုံးသားတွေကို
အနာဂတ်ပြတင်းပေါက်တွေထိလှမ်းမြင်ခိုင်းထားပါ ။
မြန်မာလို ရိုးရိုးလေး မေးချင်တယ်
မြန်မာလို သွေးရဲရဲနဲ့ဖြေပေးနိုင်မလား
မန္တလေး ဘယ်ရောက်သွားလဲ..မေးလိုက်ပြီ ။
ဈေးချိုနားမှာလား..ဟင့်အင်း
မန္တလေးတောင်မှာလား ..မဟုတ်သေးဘူး
ကျုံးဘေးပတ်လည်လား..မတွေ့မိပါဘူး
ကန်တော်ကြီးမှာရော..မရှိတော့ဘူး
မြို့တွင်းမှာရောတွေ့သေးလား..တစ်ခါတစ်ရံပါပဲ
ဒါဆို မန္တလေးပျောက်ကြော်ငြာထည့်သင့်ပြီ ။
သူခိုးဆိုတိုင်းမျက်နှာဖုံးပါမယ်ချည်းမထင်နဲ့
အသွင်အပြင်ကိုပဲကြည့်မိလို့
နှစ်ခါမက နာခဲ့ပေါင်းများလှပေါ့ ။
ဖော့ဖော့တွေးရင် ရေးရေးပဲမြင်တာ သဘာ၀
ကျုပ်ကတော့
မန္တလေးကို မန္တလေးလိုပဲ ပြန်တွေ့ချင်တယ် ။
ခင်ဗျားတို့မြင်လိုက်လား
မန္တလေးကို တွေ့ရင်အကြောင်းကြားပေးပါ ။
အောင်ပင်လယ်မှာ လိုလို
ရန်ကင်းတောင်ဖက်မှာ လိုလို
မြရည်နန္ဒာမှာ လိုလို
မြို့ဟောင်း ဘူတာနားမွာ လိုလို
မန္တလေးကို တွေ့ရင် ပြောပေးပါ ။
နေညိုချိန်တိုင်း စက်ဘီးကိုယ်စီနင်းလို့
ထမင်းချိုင့် ပိန့်ပိန့်လေးတွေသယ်ဆောင်ရင်း
ရွှေခြေကျင်းမဲ့ခြေထောက်လေးတွေ
အိမ်ပြန်သွားကြမှာလား
အိမ်ပျံသွားကြတာလား ။
အဖြေစကားသဲ့သဲ့ကြားလိုက်မိ
မချိတင်ကဲ ဖြစ်ကျန်ခဲ့ရတာရင်နာလို့မဆုံးဘူး ။
နောက်ဆုံးရသတင်းလွှာကို
ကဗျာခေါင်းစဉ်မှာ တင်ထားလိုက်ရတယ် ။ ။
. . . . ..ရတုသစ်
.(4-2-2013 ..10:10Pm)
5 comments:
မန္တလေး....ခရီးထွက်သွားတယ်ဆိုတော့...ဘာမှမပြောခဲ့တော့ပါဘူး...ပြန်ပြီနော်...
ရတုရေ
မန်းလေးကဘယ်ကိုခရီးထွက်သွားတာလဲ
ဥရောပကိုထင်ရတာပဲ
နဂါးဗိုက်ထဲမှာ လို့ ပြောသံကြားမိတယ်........
နဂါးဗိုက်ထဲမှာ လို့ ပြောသံကြားမိတယ်........
အင်းးးးးးးးး
ကိုရတုရေ....ဟုတ်ပါ့နော်...
မိုးနတ်လဲ မန်းလေးကို အရင်အတိုင်းပဲပြန်တွေ့ချင်တယ်
အခုတော့လေ....:(
မိုးနတ်ရင်ထဲက ပြောချင်နေတဲ့စကားတွေကို
ကိုရတုက ကဗျာအဖြစ် ထုဆစ်ပေးထားတာ..
စကားလုံးတိုင်းဟာ ဟာကွက်မရှိကောင်းလိုက်တာ..
ပြောချင်တဲ့ အချက်တိုင်းလဲပါတယ်...
ကျေးဇူးပါဘော်ဘော်ရေ...
မန်းလေးအတွက်တော့ စိတ်မကောင်းဘူးးးးးးးး :(
ခင်တဲ့...မိုးနတ်
Post a Comment