လှုပ်လီလှုပ်လဲ့
ကိုင်းနွဲ့နွဲ့ဝယ်
ဝင်ခဲ့ နားခို
သံစဉ် အိုဖြင့်
လှိုက်ဖို ညည်းတွား
လွမ်းစိတ်များအောင်
ပင်ဖျား ထက်ဆင့်
ဝေဟင်မြင့်မှ
လွမ်းရင့်လွန်မော
ငှက်ဥသြသည်
ရင်သောက ဆူ
လွမ်းကြွေးပူသို့
ငူငူငေးငိုင်
တွေးမှိုင်မှိုင်ဖြင့်
ခွေယိုင် လွမ်းချင်း
သူဆက်သွင်းသော်
လက်ငင်း နုံးချိ
နွမ်းရိပ် ထိလျှက်
လွမ်းပိ ရင်ဝယ်
ဆွေးအားကြွယ်သည်
ငှက်ငယ် တေးသီ..နွေပလီ..။
....................ရတုသစ်
(၁၃၇၄-ခု ၊ တပို့တွဲလဆန်း-၁-ရက် -နံနက် ၁နာရီ-၅၀ မိနစ်)
3 comments:
လှိုက်ဖို ညည်းတွား
ဝေဟင်မြင့်မှ
ငှက်ဥသြသည်
ငူငူငေးငိုင်
ခွေယိုင် လွမ်းချင်း
သူဆက်သွင်းသော်
နွမ်းရိပ် ထိလျှက်
လွမ်းပိ ရင်ဝယ်
ဆွေးအားကြွယ်သည်
ငှက်ငယ် တေးသီ..နွေပလီ..။
ငှက်ငယ်တေးနှင့်ဆွေးသည့်နွေ
အတူ....ဆွေးခဲ့ပါ၏..ကြိုက်တယ်...ကဗျာ..
ရာသီဖွဲ့လေးက လှပစွာလိုက်ဖက်မှုရှိလှချေတကား
ကိုရွှေရတု...ကဗျာလေးက မြန်မာကဗျာလှလှလေး...
ဖတ်ရတာ နွေနေပူထဲ ရင်ထဲအေးသွားတာပဲရှင် ...
အအေးသောက်စရာမလိုတော့ဘူးးးးးးးးး
ခုပဲ ရင်ပူလို့ အအေးသောက်တော့မလို့...:P
Post a Comment