မင်း မမှားခဲ့ပါဘူး
ငါ မမှန်ခဲ့တာ
စေတန်ရဲ့မာယာမှာ လမ်းလွဲရင်း
မသိခြင်းကို သိချင်မိကြပေါ့ ။
အခုတော့..
အလွမ်းဟာ အလွမ်းအတိုင်း
တံတိုင်းတစ်ဖက်ဆီမှာ ။
စည်းတစ်ဖက်ခြားသွားမှ
ငိုပြမနေတော့ဘူး။
လူးလွန့်မိတဲ့ စိတ်ကို ခေါက်သိမ်းလို့
ယိမ်းကချင်တဲ့ ရင်ဘတ်အတွက်
ပန်းသီးနဲ့သစ်တော်သီးခွဲဖို့ခက်တဲ့ခေတ်ထဲ
ငါ့ အသည်းမှာ...
ရေဒါ တပ်ထားပါရစေ ။ ။
. . .ရတုသစ်
2 comments:
မင်း မမှားခဲ့ပါ ဘူး
ငါ မမှန်ခဲ့တာ .
ကဗျာလေးကောင်းတယ်..
အလဲ့ ဘယ်ဆိုးလို့လဲ ..
ကောင်းသားပဲ အဲ့အကြံ >>>
နာလဲ နာ့အသည်းမှာ ရေဒါတပ်ထားအုံးမှပဲ :P
နို့ .... ခေတ်ကြီးကိုက ပန်းသီးနဲ့ သစ်တော်သီး
ခွဲခြားမရတဲ့ ခေတ်ကြီးကိုးးးးးးးးးးးးးးးးးးးး :)))
Post a Comment