နှုတ်ဆက်သံဆုံးသွားတာလား
ပြန်ဖို့ အချက်ပြတာလား
ယောင်ဝါးကျန်ခဲ့တဲ့လက်တစ်ဖက်မှာ
ခုထိ..
အိပ်မက်ဟောင်းလေး ဆုပ်ကိုင်ထားတုန်း ။
မထစ်ချုန်းဘဲ ရွာလိုက်တဲ့မိုးပါ
ရာသီလွဲသွားတဲ့ နွေဒိုင်ယာရီထဲ
မိုးဖွဲတွေ မစို့မပို့ဖြန့်ခင်းလို့
သူညှို့ချက်တွေထဲမှာ
ကျန်ရစ်တဲ့လက်တစ်ဖက်က
အရင်လို..အသံမထွက်တော့ဘူး..
ဝေး လက် စ ဝေး . ။
ရတုသစ်
၂၆၀၄၂၀၁၃
ညေန ၅ း ၂၅ နာရီ
1 comment:
ခေါင်းစဉ်ကို ဖတ်တော့ “ဂွတ်ထ်ဘိုင်”တဲ့ ... ဝေးလက်စဝေး ကိုဖတ်ရင်း ဆွေးသထက်ဆွေးသွားတယ် ... :)
Post a Comment