Wednesday, April 3, 2013

အလွမ်းတေး ရေးမိတဲ့ည

အတွေးတွေထဲ
ရီဝေမူးနောက်
မင်းဘယ်ရောက်နေ
လွမ်းမပြေသေး
ညဆွေးလေး...။

တိတ်ဆိတ်လေးလံ
အတွေးပြန်လွှင့်
ကျွမ်းရင်နင့်မိ
နွမ်းရိရိ ငေး
လကွယ် တေး ။

အဆွေး တေးသီ
နွေပလီထဲ
ရင်နာမြဲသာ
လွမ်းဒဏ်ရာသွေး
ရူးရင့် ဆွေး ။

မှေးစက်ပျော်ဘူး
ညှိုးလျော် ခွေယိုင်
အသည်းစိုင် တွင်း
သွေ့ခြောက်ရင်း တွေး
ညရင့် ဝေး။

ဖြေဆေးပေးပါ
မေ့နေမှာလား
မစဉ်းစားရဲ
ရှင်ကွဲကွဲ တေး
ငိုရင်း ရေး ။

ရတုသစ်
၀၄၀၄၂၀၁၃
မနက်၁၂း၅၀နာရီ



No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks