Tuesday, April 2, 2013

တစ္ဆေည

အချစ်တွင်းနက်ရတဲ့အထဲ
ဆွဲခပ်သမျှ အလွမ်းတွေချည်းပါလာတယ်
ငွေလသာသာမှာ တေးမသီချင်တော့ဘူး ။

နတ် စုန်း ပူးနေသလို တုန်ဆတ်လို့
ညှို့ခတ်သံကြားရုံနဲ့ အာရုံမှောက်ခဲ့ပေါ့
မတရားတာမရှိဘူး ဆိုတဲ့ အရာတစ်ခုကိုမှ
ငါ က အရေးပြမိသူ..။

သံယောဇဉ်ဖွဲ့ပြရမယ့်မျက်ရည်တွေ
ငါ့ ညေတြထဲ စိမ့်စိမ့်စိုစို ရွာသွန်းရဲ့
ညွှန်းကိန်းမဲ့တဲ့ ရလဒ်မှာ
ကွက်လပ်တွေ သံစုံမြည်တယ် ။

ရာသီစာလွဲနေတဲ့ နှလုံးသားမှတ်တိုင်ဘေး
မလင်းတော့တဲ့မီးပွိုင့်လေး ငေးမောမိ
ခုချိန်ထိ..
ဒီကားက ရင်မပြည့်သေးဘူး ။

ဟိုး..အဝေးကြီးထိအလွမ်းလွှင့်ရတော့
နင့်နေအောင် ရိုက်ချက်ပြင်းတယ်
ကင်းလွတ်ခွင့်မရသေးတဲ့ ၀ိညာဉ်ထောင်မှာ
လရောင်တလွင့်လွင့်ကိုမျှော်ရင်း
မိုးမလင်းသေးဘူး..ရင်ထဲမှာ....။

သံယောဇဉ်လက်ကျန်လေးနဲ့
မနက်ဖြန် ဆိုတာကြီးကိုပဲမော့သောက်လိုက်မိ
နတ္ထိအခန်းက နွမ်းနေအောင်ချောက်လှန့်ဆဲ ။..... ။

  ရတုသစ်
04032013
12:45AM
 


No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks