Sunday, April 7, 2013

ခွင့်တောင်းခြင်း အမှတ်စဉ်( ၅ )

အဖြူရောင်စာမျက်နှာတွေထဲ
မှင်နီရဲရဲ အလွမ်းတွေ ပိုးစိုးပက်စက်ပြည့်နှက်လို့
ရက်စက်ခြင်းနတ်ဆိုးများရဲ့ကျိန်စာ
တို့နှစ်ယောက်မှာမှ ကျလာရသလားကွယ် ။

နှစ်ကိုယ်ကြားသာရုံ လွမ်းတေးနဲ့
ခပ်ဆွေးဆွေးလေးနေရတော့မလား
ခါးသက်တဲ့ ဘ၀ကို ဘယ်လိုပြန်ချိုရမလဲ
အသည်းကလာတဲ့အသံနဲ့ဖြေပေးပါ ။

ညနက်တေးကို ဆက်ဆိုရမလား
တစက်စက်ကျလာတဲ့သေမိန့်လိုလိုမနက်ဖြန်များ
ဓာသွားတွေတ၀င့်၀င့်နဲ့ချီတက်လာတော့မယ် ။

မငြိတွယ်ခဲ့ကြရင် အကောင်းသား
အခုတော့
ရာသီမှားနေတဲ့ပန်းတွေနဲ့ပွင့်ေ၀လို့
တို့ခြေရာတွေအောက်မှာနက္ခတ်လွဲမှားတဲ့မြေသားတွေရှိရဲ့ ။

မသိသလိုနေပေးပါ..
လက်ရှိအတိုင်းဆိုဘယ်လိုမှ မဖြစ်နိုင်ဘူး
ကူးမရတဲ့မြစ်တစ်စင်းထဲ
နောက်ထပ်အသည်းကွဲမခံကြဖို့တောင်းဆိုတယ်
မင်းမျက်နှာကိုအရင်လိုပြန်ချိုပေးပါ ။ ။


ရတုသစ်
၀၈၀၄၂၀၁၃
နေ့ ၁ း ၁၅ နာရီ



No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks