Sunday, April 7, 2013

ခွင့်တောင်းခြင်းအမှတ်စဉ်(၄ )

ဖိတ်စင်လွင့်ကျလာတဲ့လရောင်မှာ
သူ ပုံရိပ်ယောင်လေးများပါလာမလား
ညဟာ..အမှောင်ကိုဝါးစားနေတုန်း ။

စုရုံးကျရောက်လာမယ့်အလွမ်းတွေ
သင်ပုန်းချေရုံနဲ့ ပျောက်မှာမဟုတ်
ရုတ်တရက်ကြီး ခွဲခံလိုက်ရတဲ့ ဒဏ်ရာက
ခုထိ..
ပြည်တည်နာဖြစ်နေဆဲပေါ့ ။

မလှပတဲ့အနာဂတ်အတွက်
ပြက္ခဒိန်ကို ပြောင်းပစ်ရုံနဲ့ရမလား
ဒုက္ခနဲ့မွေးဖွားခဲ့ရသူမို့
လှပမှုတွေ ပြတ်စဲကျန်ရစ်ခဲ့
မြစ်ဆိုတာ စီးဆင်းနေမှ ဖြစ်မယ်ဆို
အလွမ်းမြစ်ကိုတော့ နွေထဲ ပို့ပေးပါ ။


ရတုသစ်
06042013
ည 9း59 နာရီ



No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks