နွေလရိပ်ပြာ ၊ မြူမှုန်လွှာ၀ယ်
ရင်မှာတစ်ဆို့ ၊ အလွမ်းညှို့သော်
ရို့ရို့ကြွေဆင်း ၊ သစ်ရွက်ကြွင်းသည်
ရင်တွင်း..နွေရာသီပါလား။
နွေပူလမ်းခွဲ ၊ ရိုးတံကျဲစဉ်
အမြဲတမ်းတ ၊ သတိရမိ
စိတ်ကစဉ်သာ၊ တမ်းတပါလည်း
မေ့မှာ..ဦးသူရှိသားလေ ။
နွေရင်ခွင်တွင်း ၊ အလွမ်းကြွင်းရစ်
ချစ်ကင်းအပူ ၊ ဘယ်သူ ကူပါ့
ဝေဆူသောက ၊ ကျွမ်းမြည့်လှသည်
သူမ..နေနိုင်လွန်းပါလား ။
နွေနံနက်၀ယ် ၊ ဥသြငယ်က
လွမ်းဖွယ်သံနှော ၊ တေးသီသောခါ
ရင်မောနေသူ ၊ လွမ်းစိတ်ထူ သည်
နွမ်းသူ..ခွေယိုင်လုပဲ..မေ ။
နွေပိတောက်တို့ ၊ ရွှေရည်စို့ချိန်
ကျွမ်းလို့ကွဲကြေ ၊ လွမ်းငွေ့ေ၀လည်း
သူလေ မငဲ့ ၊ ချန်ထားခဲ့သည်
လွမ်းရဲ့..ဒိုင်ယာရီ သက်သေ
လွမ်းဖွဲ့..ဒိုင်ယာရီ မျက်ရည် ၊။ ။
ရတုသစ်
09042013
ည 10:10 နာရီ
2 comments:
ရင်ထဲ ရောက်အောင် ကောင်းပါတယ်..
သိပ်တော်တာပဲ...
ကိုရတု...ကဗျာလေးတွေအ၇မ်းကောင်းတာပဲ
ရင်ထဲနင့်နင့်ဝင်သွား တစိမ့်စိမ့်နဲ့ခံစား
မိတယ်..လေ....
ကဗျာဆရာကောင်းတယောက်ကဗျာကောင်းတွေဖတ်ရတာကျေးဇူးတင်တယ်နော်....
Post a Comment