ငိုပါနဲ့မေ
လေပြေဂီတ
ပြေလျော့ကျချိန်
ချစ်ညတေးချင်း
တိုးမျှင်းမျှင်းနဲ့
မု(ဒ်)သွင်း သီဆိုကြရအောင် ။
ပြုံးစမ်းပါမေ
နာနေ ရင်တွင်း
ဒဏ်ရာညှဉ်းလည်း
ရင်ချင်းအပ်ထား
မောင့်ချစ်အားနဲ့
ပန်းများ ပွင့်စေကြရအောင် ။
အိပ်စက်တော့မေ
ညလေညင်းသွဲ့
လရောင်နွဲ့ပေါ့
ဖြစ်ခဲ့အတိတ်
မျက်စိမှိတ်လို့
သော့ပိတ်ဖြေသိမ့်ကြရအောင် ။
ရတုသစ်
၁၃၇၅ ။ ဝါဆိုလဆန်း ၂ရက်
ညေန ၅နာရီ ၅၀မိနစ်
1 comment:
cခုလိုချော့တတ်တဲံချစ်သူ၇ှိ၇င်ဘယ်လောက်ကောင်းမလဲနော်.
ခုချစ်သူကပြန်ပြန်ပြောတယ်လေဟာ
Post a Comment