ဆေးရုံ
________
တချို့ ပြုံးပြုံးရွှင်ရွှင် ပြန်သွားကြ
တချို့လည်း ညှိုးညှိုးမှိုင်မှိုင် ပြန်သွားကြ
တချို့ကတော့ အော်ဟစ်ငိုယို ပြန်သွားကြ ။
တစ်ခုကတော့ တူလိမ့်မယ်
ဒီနေရာကို
စိုးရိမ်တကြီးနဲ့ ရောက်လာခဲ့ကြတာ ဖြစ်တယ် ။
ရတုသစ်
28072015
6:37PM
ဆေးရုံ
________
တချို့ ပြုံးပြုံးရွှင်ရွှင် ပြန်သွားကြ
တချို့လည်း ညှိုးညှိုးမှိုင်မှိုင် ပြန်သွားကြ
တချို့ကတော့ အော်ဟစ်ငိုယို ပြန်သွားကြ ။
တစ်ခုကတော့ တူလိမ့်မယ်
ဒီနေရာကို
စိုးရိမ်တကြီးနဲ့ ရောက်လာခဲ့ကြတာ ဖြစ်တယ် ။
ရတုသစ်
28072015
6:37PM
အင်္ဂါနေ့မှာ ကဗျာလေးဖတ်ဖို့ ရေးတဲ့ကဗျာ
______________________________
🟥
အရာရာထက် ကဗျာဆန်ခဲ့တယ်
အားလုံးထက် နူးညံ့တဲ့အရာလည်းဖြစ်တယ် ။
ကိုယ်ကဗျာရေးဖို့မတတ်နိုင်တဲ့ ကဗျာလေးတစ်ပုဒ်ဟာ
ဒီနေ့တစ်နေ့လုံး
လှပသာယာတဲ့အပြုံးလေးတွေနဲ့ ဝေဆာနေလိမ့်မယ် ။
ကမ္ဘာကြီးအကြောင်း မပြောသေးဘူး
ဘဝအမောတွေအကြောင်း မပြောချင်ဘူး
လောကတစ်ခုဆီကနေ ဟောဒီလောကထဲ
ကိုယ့်ကဗျာလေး ရောက်ရှိခဲ့တဲ့နေ့ဟာ လှတယ်။
မျက်နှာသစ်ပါ ၊သွားတိုက်ပါ
ရေမိုးချိုးသန့်စင်ပြီးတဲ့အခါ မိဘတွေကို ကန်တော့ပါ
ဘုရားရှိခိုးပါ ၊မေတ္တာပို့ပါ ၊ဆုတောင်း အမျှဝေပါ
ဖြစ်တည်နေရခြင်းကို ကျေးဇူးစကားဆိုပါ ။
လိပ်ပြာလေးတွေ ပျံဝဲနေမှ မဟုတ်ဘူး
ပန်းရနံ့လေးတွေ သင်းပျံ့နေမှ မဟုတ်ဘူး
လေညင်းလေးတွေ တိုက်ခတ်နေမှ မဟုတ်ဘူး
ကိုယ့်ကဗျာလေး ပြုံးလိုက်တဲ့အခါ
စကြဝဠာကြီးဟာ ကဗျာဖြစ်သွားတယ် ။
ဒီနေ့ဟာ သာယာသောနေ့တစ်နေ့ ဖြစ်ပါစေ
ဒီနေ့ဟာ ငြိမ်းချမ်းသောနေ့တစ်နေ့ ဖြစ်ပါစေ
ဒီနေ့ဟာ ချိုလွင်သော ကဗျာတစ်ပုဒ်ရဲ့ပြဋ္ဌာန်းရာနေ့ ဖြစ်ပါစေ
ကိုယ့်ကဗျာလေးဟာ
ဒီနေ့ရဲ့ အသစ်ဖြစ်ပေါ်လာတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တယ်
အဲဒီယဉ်ကျေးမှုလေးဟာလည်း ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။
ရတုသစ်
18082015
3:00AM