* ပန်းတစ်ပွင့်ရဲ့ ခူးယူမှုမှာ
ငါ့ နှလုံးသား ဟာ ..
တလူးလူးလွင့်
မရင့်ကျက်သေးတဲ့..အချစ်နယ်မှာ..
နွမ်းနယ်မှုနဲ့ ပန်းလျ လှိုက်မော မိ
ကောင်မလေး..ရေ..
မင်း မျက်ဝန်း တစ်ချက်ဝင့် အကြည့်မှာ
ပင့်သက်ရှိုက်ဖြာရတဲ့ဝေဒနာ က
မျိုချရခက်လွန်းတယ်..။
* မျက်ဝန်းချင်း လျှပ်စီးလက်ချိန်
မင်းမျက်နှာပေါ်မှာ..
နှင်းဆီတစ်ခင်းဖြတ်သန်းသွား..
အဲဒီ..အလှတရားကပဲ..
ငါ့..နှလုံးသားကို..ခွဲခဲ့ပေါ့..။
* ရက်စက်ခြင်းတွေပြိုမကျခင်...
ခင်မင်မှုမီးတွေမှိတ်.
နှလုံးသားတံခါးကို ပိတ်ထားရမလား..
ရင်အက်အက်နဲ့..ငါ..
မရေမရာ နဲ့စဉ်းစားမှ
အသဲလေး..ဖျားသွားခဲ့ရ..။
* တကယ်..မလွယ်ဘူး..
ရစ်တွယ်မိတဲ့ မမြင်နိုင်ကြိုးတစ်ချောင်းမှာ..
သေကောင်းပေါင်းလဲပေါ့..
ငါ့..အသဲကို..ပြန်ဆန်းစစ်ရင်း
ငါ့..အချစ်ကို..မကြေငြာတော့ဘူးကွယ်..။
Yatu Thit...

1 comment:
ချစ်စရာကဗျာလေး
Post a Comment