*ပျောက်- ကွယ်သွားတာလား..
ဖျောက်ကွယ်ထားတာလား..
အလွမ်းများပေးသွားသူကတော့..
ခေါင်းမော့ ..ပြုံးချင်ပြုံးနေလိမ့်မယ်..။
*သော- ကခြေရာ အထပ်ထပ်နဲ့
အလွမ်းဇာတ်ကြီးကို ကနေရတာ..
ဘ၀မှာ ဘယ်လိုမှမပျော်နိုင်ပါဘူး..
မထူးချင်သူတစ်ယောက်ကိုခေါ်ရတာလောက်
စိတ်ပျက်ဖို့ကောင်းတာ..မရှိဘူးထင်ပါရဲ့..
အလွမ်းနာကို မခံစားနိုင်တော့ဘူးကွယ်..။
* သူ- ကတော့ဘယ်လိုနေမယ်မသိ..
မချိပြုံးနဲ့ပြုံးတဲ့ အပြုံးလောက်..အကျည်းတန်တာ
ကမ္ဘာမှာရှာလို့တွေ့နိုင်ပါသလား...
သူများပျော်လို့မပျော်နိုင်သူတစ်ယောက်အတွက်
ထိုးနှက်ချက်တွေကပြင်းထန်လွန်းလှပေါ့.။
* ရှာ- လွန်းမက လိုက်ရှာမိပေမယ့်..
ပိရိသေသပ်တဲ့ ပုန်းရှောင်သူတစ်ယောက်ကို
ဘယ်လိုအနေအထားမျိုးနဲ့တွေ့ရမလဲ..
မှင်ရည်ကျဲနေတဲ့ ကံ ကိုပဲ အပြစ်ဆိုရမလား..
ဟစ်ငိုလို့ရတဲ့ ကလေးတစ်ယောက်သာဆို
ဟစ်ငို ပစ်လိုက်စမ်းချင်တယ်..။
* မ - တွေ့သူကိုမှတွေ့ချင်နေမိတဲ့ စိတ်ကို
ဘယ်လိုဖြေသိမ့်ရမှန်း မသိ
အရှိုက်ထိတဲ့ အလွမ်းတွေကပြေးထွက်ချင်နေပြီ..
ဒါပေမယ့်.......................................။
*တွေ့-လိုသူတစ်ယောက်ရဲ့မျှော်လင့်ချက်ဟာ..
ကွယ်ဝှက်ရှောင်ပြေးနေသူ တစ်ယောက်က
ကိုယ်ထင်မပြသေးသရွေ့...
ငုပ်တုတ်မေ့နေဦးမှာ ပဲလေ..။
*****************************************
******ရတုသစ်***28/6/2012

1 comment:
ပျောက်သောသူရှာလျှင်မတွေ့..တဲ့လား
ခု တွေ့ပြီလားဗျး)
Post a Comment