Sunday, September 30, 2012

အမေထာ၀ရပြုံးနိုင်စေ..


*အမေပြုံးလျှင်...
  အာကာပြင်၀ယ် ၊ကြယ်စင်မလက်
  လမထွက်လည်း ၊ ညဥ့်နက်မှောင်မဲ
  ဖြတ်ကျော်ရဲသည်...

*အမေပြုံးလျှင်...
  ဘ၀ပင်လယ် ၊ ကမ်းမြင်ဖို့ရေး
  ဘယ်လောက်ဝေးစေ ၊မနှေးကူးခတ်
  ကမ်းသို့်ကပ်မည်...

*အမေပြုံးလျှင်...
  ကမ်ဘာပြင်ရှိ ၊ အမြင်ဆိုးဝါး
  နေရာများလည်း ၊တအားလှပ
  တင့်တယ်ကြသည်...

*အမေပြုံးလျှင်...
  ပတ်၀န်းကျင်က ၊မြင်မြင်သမျှ
  တိုက်ခိုက်ကြလည်း ၊တုပမနေ
  ကျောခိုင်းနေမည်...

*အမေပြုံးလျှင်...
  အောင်ပွဲဆင်မည့် ၊ ပန်း၀င်နေရာ
  လွန်ဝေးကွာလည်း ၊ လှမ်းကာ ခဏ
  ယူနိုင်ရမည်...

*အမေပြုံးလျှင်...
  ဒီမြေပြင်ထက် ၊ရွှေစင် စိန်ခင်း
  ပေးဆက်နှင်းလည်း၊ အလျင်း မလို
  ငြင်းဆန်ဆိုမည်...

  ငါလိုချင်မိ ၊ အချိန်ရှိတိုင်း
  နုအိညံ့သက်၊ မေ့ ပါးထက်မှ
  ဝါညက်လူးထား ၊သနပ်ခါးနှင့်
  စိတ်ထားမွန်မြတ် ၊ အပြုံးဓာတ်သာ
  လွှမ်းပတ် သိမ်းစု ၊ ရလိုမှုကို
  မြေထု ရေထု ၊သက်သေပြုလျက် 
  မြတ်ဆုမွန်ခြွေ၊ တောင်းဆုဝေမည်...
  အေမ..ထာ၀ရပြုံးနိုင်စေသော၀် ..။

                      ရတုသစ်



1 comment:

Yoemyaykya said...

အမေကဗျာလေးက ကောင်းလိုက်တာရတုရေ။ ရတုရဲ့မေမေကတော့ ဒီကဗျာလေးကို အရမ်းနှစ်သက်မှာပဲ။

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks