*အညတရလူတစ်ယောက်က..
အထမမြောက်သေးတဲ့ကြံစည်မှုတွေနဲ့...
ဖန်တရာတေနေတဲ့...စိတ်ကူးယဉ်အိပ်မက်တွေ...တူးဆွရင်း...
ချဉ်ခြင်းတပ်နေတဲ့...အာသာဆန္ဒတွေကို...
နေညိုချိန်တိုင်း...ခြစ် ခြစ်ချနေရ..။
*ပြောင်းပြန်စီးဆင်းမှု... သီအိုရီတွေအတိုင်း
ငါ့ ..တံတိုင်းတွေ..တစ်ဖက်ခြားအထိ...
ကပ်ငြိ...ခိုတွယ်..ဆန်တက်လာခဲ့
ဝါသနာတစ်ခုရဲ့တွန်းအားက..
အခြား..အခြားသော..လူအချို့နဲ့
စည်းတစ်ဖက်ခြားနားသွားစေခဲ့ပေါ့...။
*ကော်ဖီခါးခါးတွေရယ်...
လွင့်ပါ့းနေတဲ့...အတွေးတွေရယ်..
ဖလှယ်...ပေါင်းကူးရင်း
လေပြေညင်း..လန်းလန်း ဆတ်ဆတ်ကို..
အစိမ်းလတ်လတ်မျှောချဖို့..အတွက်...
ငြိမ်သက်တဲ့..ရေညိုညိုရပ်၀န်းဆီ...
အလွမ်းတွေ...မွန်းတည့်..တည့်နေတယ်...။
*အိန္ဒြေကြီးတစ်ခွဲသားနဲ့
သမိုင်းပါး၀နေတဲ့...နန်းတော်ရှေ့ဆီ...
ငေးရီ...မျှော်မှန်းမိတိုင်း...
အရိုင်းဆန်ဆန်...နှလုံးသားက..တဆတ်ဆတ်..တုန်...
လုံခြုံမှုအားနည်းတဲ့...ရင်အစုံဆီ...
ပုံရက်လဲကျ...လေပြေအချို့နဲ့..အလွမ်းသင့်မြင်လွှာများ..
အပြေးအလွှား...ရောက်ရှိလာခဲ့..။
*လှမ်းခဲ့ချင်ပါတယ်...နန်းတော်ရှေ့ရေ...
လေပြေတစ်ချက် ဝှေ့တိုင်း...ရောက် ရောက်နေတဲ့..အလွမ်းများ..
တံခါးမရှိ ဓားမရှိ...နှင်နေမိပေါ့..။
*ရင်ခွင်ကို..ပြန် ပြန် တူးနေမိတဲ့...အချိန်တိုင်း..
ကဆုန်စိုင်းပြေးလာချင်မိတဲ့..စိတ်တေလေကို
ဘယ်လို.မန္တာန်တွေနဲ့..အိပ်မွေ့ချထားရမလဲ?..
သိမ်မွေ့မှုနဲ့..ဖြည့်စွက်ထားတဲ့..မြနန္ဒာ...
မာယာမပါတဲ့..မင်းအလှမှာ..ငါ နစ်မွန်း...
နေ၀န်းနီ..အကြိမ်ကြိမ် ယွန်းတိုင်း...
ခွန်းတုံ့သံ..တိုးတိတ် ဖလှယ်ဖို့...
ခြင်္သေ့လည်ပြန်အလွမ်းနဲ့..ငါ..ကွန်းခိုလှည့်ပါရစေတော့ကွယ်...။
ရတုသစ်
( 10/90/2012---2:15 AM)
1 comment:
(နန်းတော်ရှေ့ကို ကဗျာလေးနဲ့အတူ လိုက်ပါလွမ်းခဲ့ပါကြောင်း)
Post a Comment