နွေရိပ်မူသော ၊ ပင်အိုကြောမှ
ဥသြငယ်သည် ၊လွမ်းစိတ်တည်၍
ပလီနွဲ့နှောင်း ၊နွေးတေးဟောင်းဖြင့်
လွမ်းကြောင်းကျုးရင့် ၊ အလွမ်းလွှင့်သော်
ပျံ့လွင့်စိတ်တွေ ၊ မျက်ရည်ကြွေလျှက်
ဝေးနေသူ့ထံ ၊စိတ်လည်ပြန်ပြီ..
ဖွင့်အန်လွမ်းချင်း ဆိုမိသည် ။
လွမ်းစိတ်နှိုးသော ၊ ငှက်ဥသြငဲ့
ငါပြောစကား ၊ သူလေ ကြားရန်
သင့်အား တောင်းဆို ၊ ပြောစေလို၏
ရင်ပြိုကြေမွ ၊ ဤေသာက ကို
ဌာနကွာဝေး ၊ သူ့ဆီပြေး၍
မနှေးမြန်စွာ ၊ တေးထံတျာဖြင့်
သီကာကျူးရင့် ၊ နှုတ်ခွန်းဆင့်လော့
ရင်နင့်သူကို ၊ ကူညီလိုလျှင်
ပင်အိုမှဆင်း ၊လေကိုခွင်းလျက်
လွမ်းချင်းသူ့ထံ ဆက်ပါလေ ။ ။
ရတုသစ်
(10-3-2013 ) ၁နာရီ ၊ ၅၃မိနစ် ။)
4 comments:
နောက်ဆုံးပိုဒ်လေးကလွမ်းလဲလွမ်းဖို့ကောင်းသလိုချစ်စရာလဲကောင်းလှတယ်ရတုရေ
ကဗျာလေးဖတ်ပြီး ရင်ထဲ ဘာလိုလို ညာလိုလို
အင်းးးးးးးးးးးး
လွမ်းသ၀ဏ်...စေ
ဆိုတော့လဲ လွမ်းရပြန်အုံးမပေါ့ကွယ် :)
နွေနဲ့ လိုက်ဖက်တဲ့ ကဗျာလေးကို
ဖတ်ရင်း နွေကိုခံစားခဲ့ပေါ့ ...:)
ခင်တဲ့....မိုးနတ်
နွေတေးဖွဲ့ အလွမ်းကဗျာလေးကို ဖတ်ရှုခံစားသွားပါတယ် အစ်ကိုရေ ... :)
.........ကြိုက်တယ်.....ကိုရတု...ရေး....
Post a Comment