တွေးမထားပါနဲ့ ချစ်သူ
ဒီကမ္ဘာဟာ
ဒီကဗျာအဆုံးမှာ ပျက်ခဲ့ရင်တောင်
ငါဆိုတာ
မင်းလက်ထဲက ရွှေငါးလေးတစ်ကောင်။
အများယောင်လို့ ထအော်ရတဲ့
အလန့်တကြားတွေထဲမှာ
ငါ့နှလုံးသားက
ပွင့်သစ်စယုန်ငယ် လေးလည်း ဖြစ်ပြန်တယ်။
နေထွက်ရာ အရပ်ကို မျက်နှာမူပြီး
အနောက်ရပ်လို့ လူတွေယုံကြည်လာတဲ့အခါ
ငါ့မေတ္တာကို မျက်ကွယ်ပြုလိုက်ပါ
ဟိုမှာ
ဒလိမ့်ကောက်ကွေး ရွက်ကြွေတွေက
ငါ့အတွက်ဆိုပြီး
အလွမ်းတွေကို သယ်ဆောင်လာတော့
ငါ သေသေချာချာ ရူးခဲ့ပြီပေါ့။
ဒီနွေဦးလည်း အရင်နှစ်တွေလိုပါပဲ
နှလုံးသားကိုပဲ အပူဟပ်စေခဲ့တယ်
ဖျတ်ခနဲ လူးလိုက်တဲ့ ငါ့ရင်ခုန်သံမှာ
နင့် လိပ်ပြာလေး လှဖို့
ငါနေ့နေ့ညည သတိတရ ဆုတောင်းမိတယ်
ဒီကမ္ဘာဟာ ဒီကဗျာအဆုံးမှာ
ပျက်မသွားချိန်လေးအထိပေါ့။
ညီမင်းဝေ ၊ ရတုသစ်
3.3.2013
တော်ဝင်ကဗျာဝိုင်း
2 comments:
ဖ်တ္ကနဲ လူးလိုက္တဲ႔ ငါ႔ရင္ခုန္သံမွာ
နင့္ လိပ္ျပာေလး လွဖို႔
ငါေန႔ေန႔ညည သတိတရ ဆုေတာင္းမိတယ္....:)
မုိက္ထွာ :P
ဒလိမ္႔ေကာက္ေကြး ရြက္ေၾကြေတြက
ငါ႔အတြက္ဆိုၿပီး
အလြမ္းေတြကို သယ္ေဆာင္လာေတာ႔
ငါ ေသေသခ်ာခ်ာ ရူးခဲ႔ၿပီေပါ႔။
..ရႈး..သြားတဲ့ကဗ်ာပိုဖတ္လို႔ေကာင္းတယ္ေနာ္ကိုရတုေရ...
Post a Comment