Friday, May 31, 2013

"လွမ်းလိမ့်လူးလူး လှိုင်းလိုလွင့်လွင့်"


ညလယ်တိမ်ယံ ၊လပန်းပန်လျှက်
၀တ်ဆံနုထွေး၊ ပန်းတိုင်းမွှေးစဉ် 
ချိုတေးနုယဉ် ၊ တေးသီ ဆင်၍
ချစ်ကြင်နှမ ၊ မျက်နှာလှအား
ရွှန်းပသာကြည် ၊ ကြည့်ခွင့်ရည်သည်
ချစ်တည်သက်သေ..ချစ်မိုးစွေ..။

ချစ်မိုးစွေသော်၊ လေပြည်လေညင်း
တသင်းသင်းနှင့်၊ တင့်လင်းလဲ့ဖြာ
သူ့မျက်လွှာလည်း၊တာရာသောက်ရှ ူး
ပြိုင်တိုင်းရူးလိမ့်။

မူးမူးမေ့မေ့ ၊ ချစ်စိတ်တွေ့လည်း
ပြတ်ရွေ့မေတ္တာ ၊ မခိုင်မာ၍
ရင်လွှာကိုဖြတ် ၊ သူစိမ်းဆတ်သော်
လွမ်းဓာတ်ကိုယ်လုံး ၊ သိမ့်သိမ့်မှုန်းသည်
ထစ်ချုန်း မိုးနှယ်..မျက်ရည်လွယ်ခဲ့ ။

လကွယ်ညမှောင် ၊ ကြယ်ရောင်ဆိတ်သုဉ်း
ရင်နှလုံးလည်း၊ ပြတ်ရံှုးကွဲကြေ
ရင်မြေကမ်ဘာ၊ ဖွေရှာပါလည်း
ဘယ်မှာမတွေ့၊ တမင်မေ့ထင့်။

မေ့မေ့မောမော၊သောသောရုတ်ရုတ်
လှုပ်လှုပ်ခတ်ခတ် ၊ လွမ်းဇာတ်ရှည်ဆ
ဖြေလည်းမရ၊ကြေကွဲစတွေ၊
စိန်ရွှေလိုလက်၊မနက်နေ့ည
မေ့မရဘူး။

ရင်၀လှိုက်ဆူ ၊ ချစ်သည်းအူပြတ်
နွေပူဆယ်ဆင်း ၊ ပြိုင်ထွန်းလင်းသို့
ရင်တွင်း ခြောက်သွေ့ ၊ စမ်းမတွေ့သည်
ချစ်၍ရူးခဲ့ရပါပြီ။

ရူးရူးသွမ်းသွမ်း ၊ ကြိတ်နွမ်းရှိုက်မော
တွေ့သောကညာ၊ မေများလေလား
ထင်၀ိုးဝါးနှင့်၊ သွေးသားေ၀ရီ
မတည်စိတ်ဓာတ်၊ ပြိုကာပျက်ထင့်။

လွမ်းရက်လွင့်လူး ၊ စိတ်နွမ်းဖူးခဲ့
စိတ်ရူးလေရူး၊ညဦးလွန်စေ
ရာသီထွေပြား၊မိုးလင်းသွားလည ်း
ကြယ်ခြေရာကောက်၊တစ်ယောက်ထီးတည်း
လျှောက်ရဦးမည်၊နာရီလရက်၊
တစ်သက်မက၊ဖျက်မရဘူး၊
ရူးတယ်ဆိုလည်းဆိုပါတော့ ။

သူ့ကိုတမ်းတ ၊ နေ့နဲ့ညလည်း
ဒုက္ခထပ်ထပ် ၊ ကျောခြင်းကပ်ခဲ့
ပွင့်ဖတ်နုကြွေ ၊ ချစ်စိတ်ဖွေလည်း
စိမ်းနေသူက ၊ မီးနီပြသည်
ငိုရခြင်းသာ..မောင့်ကမ်ဘာ ။

မှောင်လွှာသုဉ်းဆိတ် ၊ ကမ်ဘာရိပ်၀ယ်
တိတ်တိတ်သာလွမ်း၊ ကိုယ့်မှာနွမ်းလည်း
မြတ်ပန်းတော်၀င်၊ ဖြူစင်ပ၀င်း
မွှေးသတင်းနှင့်၊ ဂုဏ်သင်းပါစေ
ဆန္ဒခြွေပြု၊ မျက်ရည်စုဖြင့်
သမုဒယ ၊ ဒီကြိုးစကို
ဒီမျှသာတွင် ၊ရပ်တန့်ချင်ပြီ
သခင်အမျက်တော် ပြေပါတော့။

မျက်ဖြေတောင်းဆု၊ပြုပြုသမျှ
ဘဝအပူ၊ခဏယူသိမ်း
ဘယ်သူငြိမ်းပါ့ ၊စိမ်းခဲ့နှလုံး
ဆုံးခဲ့မေတ္တာ ၊မာခဲ့အချစ်
ဒီတစ်ခေတ်ထဲ ၊နစ်ကျန်နွမ်းယဲ့
ကျန်နေခဲ့မည်...
လွမ်းတဲ့ကမ်ဘာတည်ပါစေ
ပန်းဖွဲ့ကဗျာသီကာခြွေ။

မောင်နိုင်လင်း(ကောလင်း)၊ လွမ်းနောင် ၊ ရတုသစ်
 (01/06/2013 )
( အွန်လိုင်းလင်းရောင်ခြည်ဂရုချက်ဘောက်မှာသုံးယောက်ပေါင်း
ပြီး ရင်ချင်းတိုက်ဆိုင်မိတဲ့ ရိုးရာကဗျာတစ်ပုဒ်ပါ..။ ခံစားနိုင်ကြပါစေ ။ )

Thursday, May 30, 2013

ရွှေခေတ်ဆိုတာ ညီမလေးရဲ့ လက်ထဲမှာ

ညီမလေးရေ..
အပျက်အပျက်နဲ့မျက်စိရှက်ဖွယ် ခေတ်ဆိုးထဲ
မျက်စိမှိတ်ပြီး ဇွတ်မတိုးနဲ့
အဘိုး အဘွားတွေ ထားခဲ့တဲ့ ယဉ်ကျေးမှု
ဂရုစိုက်မယ့်သူ ရှိနေသင့်တယ် ။

အမြင့်ကို လှမ်းနိုင်အောင်ကြိုးစားပါ
စိတ်ထားလှနေအောင် မွေးမြူပါ
မြှူဆွယ်တိုက်ခိုက်လာမယ့် ခေတ်ရိုက်ချက်တွေထဲ
မလဲပြိုအောင်ထိန်းမတ်ထားနိုင်ရင်အကောင်းဆုံးပဲ
သရုပ်ပျက် ၀ဲဂယက်ကြား
လွမ်းမမှားအောင်လျှောက်တတ်ဖို့
စိတ္ဓာတ္နံရံမွာ "မြန်မာ " ဆိုတာ ဆွဲချိတ်ထားပေါ့
သူများတွေ ေ၀ဝါးတိုင်း
လိုက်လိုက် ပြီး မထွေပြားစေနဲ့
ရိုးသားပါ
နိုးကြားပါ
ကြိုးစားပါ
ရွှေမြန်မာတို့ရဲ့ အမျိုး၊ဘာသာ၊သာသနာအတွက်
ဘယ်တော့မှ ဖျက်ရာမဖြစ်စေချင်ဘူး။

ညီမလေးရေ...
မင်းရဲ့ ဆင်ခြင်နိုင်စွမ်းဟာ
မင်းဘ၀ရဲ့ ဦးတည်ရာ လမ်းကြောင်းပဲ
မင်းရဲ့သမိုင်းကောင်းဖို့
မင်းကိုယ်တိုင် မောင်းနှင်မှ ရမယ်
"မြန်မာ့ယဉ်ကျေးမှုက
ဘယ်တော့မှ မဟောင်းဘူး"ဆိုတာတော့
နှလုံးသားထဲစွဲနေအောင်မှတ်ထားပါ ။

ရိုးရာပျောက်သွားခဲ့ရင်
"မျိုး မြန်မာ "လည်း မှောက်မယ်
မြန်မာ့သစ္စာဖောက်ဘယ်တော့မှမဖြစ်စေနဲ့
ရွှေခေတ်ဆိုတာ..
ညီမလေးရဲ့ လက်ထဲမှာပဲ ရှိတယ်..။


ရတုသစ်

(မွေးနေ့လက်ဆောင် ကဗျာ က သိပ်တော့မနူးညံ့ဘူး ..ညီမလေးရေ..
ဒီကဗျာကို ဖတ်ရုံတင်မဖတ်ပါနဲ့ သေချာတွေးပြီးဖတ်ပါကွာ... )

စဉ်းစားမိတဲ့ပုစ္ဆာတစ်ခု

ကိုနောက်တိုးစဉ်းစားခန်းဖွင့်နေတယ်။သူ့ဘ၀မှာဒီတစ်
ခါလောက်ဘယ်တုန်းကမှစဉ်းစားခန်းမဖွင့်ဖူးဘူး။
ဒီနေ့မှကြုံလာတဲ့အဖြစ်လေးကိုပြန်တွေးရငး်စဥး်စားခန်းဖွင့်နေမိရဲ့။"လောကရေးရာများတယ်လဲ ရှုပ်ထွေးလွန်းပါလား"လို့
လည်းအကြိမ်ကြိမ်ပင့်သက်ဖြာမိရတဲ့အထိ ။လူ့အခွင့်အရေးဆိုတာဘာလဲ ။ဘာကိုလူ့အခွင့်အရေးခေါ်တာလဲ ။လူ့အခွင့်
အရေးကိုလူတိုင်းရနိုင်ပါသလား ။ရနိုင်ရင်ရောဘာဖြစ်မလဲ။လူတိုင်းမှာလူ့အခွင့်အရေးရှီတယ်ဆိုမှတော့လှည်းနေလှေအောင်း
မြင်းဇောင်းပါမကျန်အူ၀ဲကနေသေခါနီးလူကြီးထိလူ့အခွင့်အရေးရနိုင်တယ် ရသင့်တယ်မဟုတ်လား။ဒါဆိုလူလို့သတ်မှတ်
ထားတဲ့လူတွေဟာလူမှုပတ်၀န်းကျင်ကသတ်မှတ်ထားတဲ့လူတွေလုပ်ဆောင်ရမယ့်တာ၀န်တွေကိုထမ်းဆောင်ရမှာပဲမ
ဟုတ်ပါလား။လူနဲ့ထိုက်တန်တဲ့ပေးဆပ်သင့်တာတွေကိုပေးဆပ်ရမှာပဲမဟုတ်ပါလား။အခုသူကြုံတွေ့နေခဲ့ရတာဒီလိုမ
ဟုတ်။ဒါ့ကြောင့်သူ့အတွေးတွေရှုပ်နေတာ။ မနက်ထဲကငူငိုင်ပြီးစဉ်းစားခန်းဖွင့်နေမိတာ။အဖြေကိုတော့သူမတွေ့သေး
။ဆေးပေါ့လိပ်မီးခိုးငွေ့ကြောင့်အိမ်ထဲမှာအောင်းနေတဲ့ခြင်တွေ၀ရုန်းသုန်းကားဖြစ်နေတာတော့အမှန်။တလူလူလွင့်နေတဲ့
မီးခိုးငွေ့တွေနဲ့အတူသူ့စိတ်အစဉ်လည်းတလူလူလွင့်နေတယ်...။
--------------------------------------------------------------------------------------------------------------------------------

                          ကိုနောက်တိုးဆိုတာ ကြုံရာကျပန်းအလုပ်သမား ။သူတို့နယ်မြို့လေးမှာတော့ကိုနောက်တိုးကိုမသိသူ
မရှိသလောက်ပဲ။ကိုနောက်တိုးကအစအနောက်သန်သလိုသဘောလည်းကောင်းတယ်။တစ်ခါတစ်ခါခပ်ထွေထွေဖြစ်လာ
ချိ်န်တွေဆိုပိုပြီးသဘောကောငး်တတ်တယ်။သီချင်းလေးတစ်ကြော်ကြော်နဲ့လမ်းလျှောက်ရင်းလမ်းမှာတွေ့တဲ့ကလေးတွေ
ကိုမုန့်ဖိုးလိုက်ပေးတတ်သေးတာသူ့အကျင့်။ဒါ့ကြောင့်သူ့ဆိုရပ်ကွက်ထဲကကလေးတွေကအသည်းစွဲ။ကိုနောက်တိုးက
လညး်ကလေးဆိုကျားကျား မမ အကုန်ချစ်ပြီးသား ။

                           တစ်ကိုယ်ရည်သမားမို့အပိုကုန်ကျစရာမရှိ။ပိုငွေလည်းမရှိ။ရှိသမျှကလညး်အဲလိုသောက်လိုက်စား
လိုက် ပေးလိုက် ကမ်းလိုက်နဲ့တက်တက်စင်ပြောင်နေတာပဲ။ပြီးတော့ကိုနောက်တိုးမှာကောင်းတဲ့ဗီဇလေးတစ်ခုရှိသေး
တယ်။အဲဒါကစာဖတ်တဲ့အကျင့်ဗီဇ ။သူဖတ်မှတ်ထားတဲ့ဗဟုသုတလေးတွေကိုရပ်ကွက်စကား၀ိုငး်မှာပြန်ဖောက်သည်ချ
တတ်တယ်။သူသိထားသမျှအတွေးအမြင်လေးတွေကိုလည်းဖွင့်ဟဖို့၀န်မလေး ။ သူ့အထာကိုသိပြီးသားဆိုတော့ရပ်
ကွက်စကား၀ိုင်းက၀ိုင်းတော်သားတွေကလည်းခေါင်းညိတ်ရလွန်းလို့လူူစင်စစ်ကပုတ်သင်ညိုဖြစ်ရတော့မလိုပါပဲ။
အဲဒီလောက်ထိကိုနောက်တိုးကရပ်ကွက်နဲ့ပလဲနံပ သိပ်သင့်တာ။ သူမို့စကားပြောပြီဆိုရင်" ကိုတိုးက.. ကိုတိုးက"
လို့အစချီပြောတတ်တာကိုပဲ ရပ်ကွက်ကလူတွေအတွက် ဟဒယဆေးတစ်ခွက်။
                             ကလေးတွေကတော့" ဦးတိုးကြီး "လို့ခေါ်ကြတယ်။ဖြစ်ချင်တော့သူကလညး်ခင်မောင်တိုးပရိသတ်။
သူ့ကို ဦးတိုးကြီးလို့များခေါ်လိုက်ရင်ရှိသမျှသွားအကုန်ပေါ်အောင်ပြုံးပြပြီးအဲဒီကလေးကိုပြေးပွေ့လိုက်တော့တာပဲ။
အဲဒိကလေးအတွက်အဲဒီနေ့မုန့်ဖိုးဖူလုံပြီ ။
                             ပြီးတော့ကိုနောက်တိုး ပျင်းလာတဲ့အခါ ဂစ်တာတီးလေ့ရှိတယ်။ အကျွမ်းကျင်ကြီးတော့မဟုတ်ဘူး။
အေမိုငး်နား ဘီမိုငး်နား သိရုံလောက်ပဲ။ဒါပေမယ့်သူ ဂစ်တာတီးရင်ကီးမိတာမမိတာမသိ။သီချင်းထဲမှာတော့မုဒ်အပြည့်
သွင်းလို့။မျက်လုံးမှတ်ပြီးတီးလိုက်ဆိုလိုက်လုပ်နေတာများမသိတဲ့သူဆိုတကယ့်ပညာရှင်အဆင့်လို့ထင်မှတ်မှားမိရ
လောက်အောင်ပဲ။
                             မကြာသေးမီက ခင်မောင်တိုးကွယ်လွန်တဲ့သတင်းလည်းကြားပြီးရော ကိုနောက်တိုးမျက်နှာမှာအ
မူအရာတွေပြောင်းလာတယ်။တစ်စုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်တဲ့ဟန်နဲ့သူ့မျက်နှာဟာမှိုင်ပျလို့ ။အဲဒီနောက်ပိုငး်
ရပ်ကွက်စကား၀ိုင်းကိုသူခြေဥိးမလှည့်ဖြစ်တော့တာများလာတယ်။အိမ်မှာလည်းဂစ်တာတစ်လက်နဲ့အလုပ်ရှုပ်နေ
တတ်တယ်။လမ်းဘေးဈေးသည်တွေချရောင်းတဲ့မှုန်မွဲမွဲသီချင်းစာအုပ်လေးတွေလိုက်၀ယ်စုနေတာတွေ့ရတယ် ။
အထူးသဖြင့်ခင်မောင်တိုး ရဲ့သီချင်းစာအုပ်တွေ...။
-----------------------------------------------------------------------------------------------------------------------

                                 ကိုနောက်တိုးမူပြောင်းသွားတာသတိထားမိသူတွေကသူ့ကိုလာမေးကြတော့ "ကိုတိုးကြီး
မရှိတော့ဘူးလေ..ကိုိတိုးကြီးရဲ့အစား ကိုတိုးလေးနေရာ၀င်ယူမလို့ ကြိုးစားနေတယ်" လို့ပြန်ပြောလွှတ်တယ်။ ။
လာမေးတဲ့သူတွေပဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြန်သွားကြလေရဲ့။ကိုနောက်တိုးကတော့ခပ်တည်
တည်ပါပဲ။။
                                ညပိုငး်တွေဆိုကိုနောက်တိုးအိမ်ဘက်ကဂစ်တာသံမညီမညာနဲ့သီချင်းသံမပီကလာကိုရပ်
ကွက်ကအခမဲ့နားဆင်ခွင့်ရသွားတယ်။ ဒါပေမယ့်သိပ်မကြာလိုက်ဘူး။လူတွေအိပ်ချိန်မှာဆူညံလို့ဆိုပြီးရပ်ကွက်
လူကြီးရဲ့အဆူအငေါက်ကိုခံလိုက်ရတယ်။
                             " ဟေ့ကောင် .မင်း လူ့အခွင့်အရေးနာမလည်ဘူးလား...ဒါ အိပ်ချိန်ကွ..မင်းကဆူညံနေတော့
ဘယ်ကောင်းကောင်းအိပ်ကြရတော့မလဲ..".စတဲ့ရပ်ကွက်လူကြီးရဲ့တရားကိုမျက်နှာမသာမယာနဲ့နားထောင်ပြီးးးး
အာမဘနေ္တ လုပ်ပြန်ခဲ့ရတယ်။
                               အ ဲဒီညက" ဖြောင်း..ခွမ်း "ဆိုတဲ့အသံထွက်လာပြီးနောက်ပိုင်းကိုနောက်တိုးအိမ်ကအသံတိတ်
ဆိတ်သွားတယ်။ "ငါ့ကိုပိတ်ပင်တာရော...လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ဘူးလား...လူတစ်ယောက်ရဲ့
တက်လမ်းကိုဖျက်ဆီးပစ်တာဟာ လူ့အခွင့်အရေး နားမလည်တာပဲ"..လို့ သူတွေးမိလာတယ်..။
                             နောက်ပို်င်းရက်တွေမှာလူ့အခွင့်အရေးနဲ့ပတ်သက်တဲ့စာအုပ်တွေသူလိုက်၀ယ်နေတာကို
ရပ်ကွက်ကသတိပြုမိလာကြတယ်။ ကိုတိုး ဘာလဲ..ဘယ်လဲ စတဲ့ ပဟေဠိတွေဟာသူတို့မျက်နှာမှာအထင်းသား
ပေါ်လို့....။
---------------------------------------------------------------------------------------------------------------------

                               ကြု့ံရာကျပန်းအလုပ်သမားဆိုတော့ကား စပါယ်ယာလဲလုပ်တယ်။တစ်ခါတစ်ရံပေါ့။အုံနာ
ကသူ့သူငယ်ချင်း။ ကျောင်းနေဖက်။တစ်ခြားစပါယ်ယာတွေအလုပ်ကခွင့်တောင်းတဲ့ရက်ဆိုကိုနောက်တိုးစပါယ်
ယာဖြစ်ပြီ။အဲဒါီစပါယ်ယာဖြစ်တဲ့တစ်ရက်တစ်လေမှာပဲကိုနောက်တိုးစိတ်အကြီးအကျယ်ပျက်ရတာတွေကြုံရ
တယ်။
                             "ဘယ်တတ်နိူင်မလဲ ..လူပေါင်းများစွာ..စီးနေတဲ့ကားကိုစပါယ်ယာသွားလုပ်မိတဲ့ ကိုယ့်အ
ဖြစ်ကိုပဲမကျေမနပ်ဖြစ်ရုံရှိတာပဲ".အဲဒီလိုတွေးမိတာနဲ့တပြိုင်နက် လူ့အခွင့်အရေးဆိုတာကြီးကကပ်ပါးကောင်
တစ်ကောင်လိုဦးနှောက်မှာတွယ်ကပ်လာတယ်။အတွေးတွေကိုစိုးမိုးလာတယ်။ဆေးပေါ့လိပ်တွေတစ်လိပ်ပြီးတစ်
လိပ်သောက်ဖြစ်အောင်တိုက်တွန်းလာတယ်။အဖြေမှန်ကတော့မရသေး။ လိုက်လေ ေ၀းလေ..။
---------------------------------------------------------------------------------------------------------------------

                          ဖြစ်ချင်တော့စပါယ်ယာတစ်ယောက်ခွင့်ရက်ယူတဲ့အကြောင်းသူငယ်ချငး်ကလာပြောတယ်။
လိုင်းကားအမှတ်တံဆိပ်ပါတဲ့အင်္ကျ ီလေး၀တ်ပြီးလို်က်သွားရုံပဲ။ သူလိုက်တဲ့ကားက ဒိုင်နာ ။အတွင်းပိုငး်မှာ
ဘယ်ခရီးကိုဘယ်လောက်ကျသင့်တယ်ဆိုတာရေးထားတဲ့သံပြားတပ်ထားတယ်။လိုင်းကားရှားပါးသေးတဲ့နယ်
မြို့လေးဆိုတော့ခရီးသည်တွေကအလုအယက်။ စိတ်ပျက်ဖို့ကောင်းတာကဈေးသည်တွေ။ငပိတောင်း မျှစ်
တောင်းတွေနဲ့သူတို့တက်လာရင်သွားပြီ ။ကားတစ်စိီးလုံးလေသန့်ငတ်ပြီ။
                         ဈေးသည်တွေကိုတော့တန််််ဆာခယူရတယ်။မယူလို့မရ။သူတို့တောင်းတွေခြင်းတွေကလူ
နှစ်ယောက်စာလောက်နေရာယူတယ်။အဲဒိီအခါဆိုကက်ကက်လန်ရန်တွေ့ခံရပြီသာမှတ်။
                        "အရင်စပါယ်ယာတုန်းကဘယ်လောက်ပါ..အခုမွကားခက တက်ရသလား.".ဘာ ညာနဲ့ပြော
သံတွေကိုဥပေက္ခာပြုထားရတယ်။မဟုတ်ရင်ခေါင်းတက်နင်းမယ့်ဟာတွေ။မလွယ်ဘူး ။တစ်ခါတစ်လေကျ
တော့လည်း ဒီခရီးက သွားနေကျ အခုမှဘာဖြစ်ရပြန်တာလဲ ပြောပြီး ကားခအပြည့်မပေးပဲပေကပ်လိုက်လာ
သူတွေလည်း ဒုနဲ့ဒေး ။ဒါတွေမကြုံချင်မကြားချင်လို့သူငယ်ချင်းကိုပြောကြည့်တယ် ။
                      " မင်းက တစ်ခါတစ်ရံပဲလိုက်ရတာ..ဒီလောက်ဖြစ်လို့ကွာ...နေ့တိုင်းလိုက်နေရတဲ့ကောင်
တွေဘယ်လိုလုပ်မလဲ...တွေ့နေကျမြင်နေကျတွေပဲ...မျက်နှာပြောင်တိုက်လိုက်ရတာပဲ...စိတ်ထဲထားမနေ
နဲ့ကွ..အဲ ဒါပေမယ့် အခုတစ်ခေါက်အပြည်မပေးဘူးဆိုမှတ်ထားလိုက်..နောက်တစ်ခါလိုက်လို့သူ့အတွက်
အမ်းရမယ်ဆိုမအမ်းတော့ဘူး...ညစ်တာတော့ မဟုတ္ဘူး..ဒိလိုပဲလုပ်ရတာပဲ...သူတို့လည်းသူတို့အလုပ်
သူတို့လုပ်တယ်..တို့လည်းတို့အလုပ်တို့လုပ်ရုံပဲ...စပါယ်ယာဆိုမှတော့ကားခတောင်းရမယ့်တာ၀န်ရှိတယ်
မတောင်းပဲအလကားလိုက်ခိုင်းလို့ဘယ်ဖြစ်မလဲ...ဒါစီးပွားရေးလုပ်နေတာ...တစ်ယောက်ဆိုတစ်ယောက်
သိသာတယ်ဟ...လူကြီး ၃၀၀ ဆို ကေလး ၁၀၀ ပဲ ။တောင်းသာတောငး်...အားမနာနဲ့..ကေလးလညး္လူ
ပဲကြ..ဟုတ္လား..သူလဲလူကြီးတွေလိုစားတယ်သောက်တယ်...ရင်ခွင်ပိုက်ကလေးဆိုထားလိုက်ပေါ့...
ငါးနှစ် ငါးနှစ်အထက်ဆိုတောင်းသာတောငး်...ဒါမှသူတို့လည်းလူရာ၀င်တယ်ဆိုတာသိမှာ...လူ့အခွင့်အ
ရေးမှာသူတို့ရသင့်သလိုလူတွေပေးရမယ့်အဖိုးအခကိုလညး်ပေးရမှာပဲ..ဘာဖြစ်လို့လဲဆိုတော့လူ့အသိုင်း
အ၀ိုင်းမှာလူလိုလာနေလို့..လူမို့လို့...မှတ်ထားဟေ့ကောင်...သယ်ရင်း...မင်းကကလေးဆိုအချစ်ပိုလွန်း
လို့ပြောနေတာ...".။
                       သူငယ်ချင်းပြောတော့လည်းဟုတ်သလိုလို။"ဟုတ်တယ်။ကလေးလည်းလူပဲ။ငါးနှစ် ငါးနှစ်အ
ထက်ဆိုတောင်းရမယ်"လို့ သူမှတ်ထားလိုက်တယ်..။
------------------------------------------------------------------------------------------------------------

                              ဖြစ်ချင်တော့တစ်နေ့ကားကစောထွက်တယ်။တခြားလိုင်းကကားတွေနဲ့အပြီုင်ခရီး
သည်လုရတာမလွယ်ဘူး။တစ်ခါတစ်လေကြိတ်ရန်ပွဲတွေနွှဲရတတ်သေးတယ်။ကားသမားနဲ့စပါယ်ယာအလုပ်
ကလွယ်ကိုမလွယ်တာ။
                              ခရီးရဲ့သုံးချုးိတစ်ချုးိလောက်ပဲရှိသေးတယ်။ကလေးတစ်ယောက်နဲ့သူ့အမေဖြစ်ဟန်
တူသူအမျိုးသမီးတစ်ယောက်တက်လာတယ်။သတ်မှတ်ထားတဲ့ကားခက ၃၀၀ ။ ၃၀၀ပဲပေးတယ်။ကလေး
အတွက်မပါ။ကလေးက ခုနစ်နှစ်လောက်ရှိနေပြီ။ "၄၀၀ ဗ်"လို့ပြောတော့မျက်စောင်းတစ်ချက်ဒက်ကနဲ
ရောက်လာတယ်။သူတွန့်သွားတယ်။ဒါပေမယ့်အားတင်းပြီးတောင်းလိုက်တယ်။
                            "အစ်မကြီး ၁၀၀ လိုသေးတယ်ခင်ဗျ"
                           " ဘာ " တစ်ခွန်းနဲ့တင်သူနောက်ပြန်လဲကျချင်စိတ်ပေါက်သွားမိရဲ့။ခက်နေပါပြီ။ဘယ်လို
လုပ်ရမလဲ။အတွေးထဲသူငယ်ချင်းရဲ့စကားသံကိုပြန်ကြားမိမှဖြစ်ချင်ရာဖြစ်ပြောပစ်လိုက်တယ်။
                           " ကလေးအတွက်၁၀၀ လိုသေးတယ်ဗျ"
                         " ဟင်..နင်တို့ကဘယ်လိုလဲ..တော်တော်ငွေလိုနေကြတယ်ပေါ့..ဟုတ္လား..ဒီမွာကေလး
ပဲရှိသေးတယ်ဟဲ့...မပေးနိုင်ဘူး..မပေးဘူးဆိုမပေးဘူးပဲ..ကြောင်နာထမင်းတောင်းသလိုလာတောင်းမနေနဲ့"
သွားပြီ..။လူကောင်းစင်စစ်ကသူတောင်းစားလောက်ဖြစ်သွားပြီ။ကားပေါ်ပါလာတဲ့တစ်ခြားခရီးသည်တွေက
ပြုံးစိစိ။သက်ပြင်းကိုတရစပ်မှုတ်ထုတ်ရင်းပါးစပ်ပိတ်လိုက်ခဲ့ရတယ်။တော်သေးတယ်။ကားဆရာကခရီးသည်
တွေဆင်းရမယ့်နေရာကိုအော်ပြောသွးလို့....။
--------------------------------------------------------------------------------------------------------------------

                            နောက်သုံးလလောက်အကြာမှာဟိုနားစုစု ဒိီနားစုစုနဲ့ပြောနေသံကြားလို့သူနားစွင့်မိတယ် ။
သူတို့မြို့နဲ့လေးမိုင်လောက်အကွာမှာမီးဘေးသင့်တဲ့အကြောငး်သိရတယ်။လေးမိုင်လောက်အကွာဆိုတော့သူ
ငယ်ချငး်ကားနဲ့လိုက်ပြီးသတင်းသွားမေးဖို့ဆုးံဖြတ်လိုက်တယ်။စပါယ်ယာအနေနဲ့တော့မဟုတ်။ခရီးသည်အနေ
နဲ့လိုက်ဖြစ်တယ်။မီးဘေးသင့်တဲ့နေရာရောက်လို့သတင်းစုံစမ်းလိုက်တော့ဆီပိုက်ယိုနေတဲ့ဆို်င််ကယ်အောက်မှာ
ဆေးလိပ်တိုပစ်လိုက်မိတာက စလောင်တာဆိုပဲ။တော်တော်လေးပါသွားတာတွေ့ရတယ်။မီးလောင်ပြင်ကမဲညစ်
သွေ့ခြောက်လို့။မျှော်လင့်ချက်မဲ့နေရှာတဲ့လူတွေကိုအားပေးစကားပြောရုံမှတစ်ပါး သူလည်းဘာမှမတတ်နို်င်။
လျှောက်ကြည်ရင်းတစ်နေရာမှာလူတွေကြိတ်ကြိတ်တိုးနေတာတွေ့ရတယ်။ကုန်ကားကြီးတွေရပ်ထားတာလဲ
မြင်မိရရဲ့။အနီးအနားသွားကြည့်မှလူမှုကူညီရေးအဖွဲ့အစည်းတစ်ခုကကူညီရေးလုပ်နေတာတွေ့ရတယ်။
သာဓု အကြိမ်ကြိမ်ခေါ်ရင်းမျက်စိကစားလိုက်တော့သူ စပါယ်ယာလုပ်ခဲ့တုန်းကကက်ကက်လန်ရန်တွေ့ခဲ့တဲ့
အမျိုးသမီးကိုသွားတွေ့တယ်။သူ့ကိုမြင်တော ့တစ်ဖက်ကိုမျက်နှာလှည့်သွားတယ်။သူ့ရှေ့မှာခုနစ်နှစ်သားလူ
ငယ်လေးကရပ်လို့။ကူညီရေးကလာပေးတဲ့ပန်းကန်ခွက်ယောက် အစားအသောက်တွေကိုတန်းစီစံနစ်နဲ့ယူနေ
တာမှန်းသိလိုက်ရတယ်။
                                ကေလး လူကြီးအတန်းခွဲထားတာလည်းတွေ့ရတယ်။ငါးနှစ်နဲ့ငါးနှစ်အောက်ကတစ်တန်း။
ငါးနှစ်အထက်ကနေခြောက်ဆယ်ထိ တစ်တန်း။ခြောက်ဆယ်ကျော်အရွယ်တွေကတစ်တန်း။သူ့အတန်းနဲ့သူရ
သင့်တဲ့အကူအညီအခွင့်အရေးတွေယူလို့။ ကိုနောက်တိုးစဉ်းစားခန်းဖွင့်မိရပြန်တယ်။
                                ကားခတောင်းတုန်းကတော့ကလေးဆိုပြီးမပေးပဲနေတယ်။အခုတော့....သူ့အခွင့်အရေး
ကိုရအောင်ယူနေလိုက်တာ။ရသင့်တဲ့အခွင့်အရေးကိုတော့ရအောင်ယူပြီးပေးသင့်တဲ့အဖိုးအခကိုမပေးတာကို
တော့ဘယ်လိုသတ်မှတ်မလဲ။လူ့အခွင့်အရေးချိုးဖောက်ရာမရောက်ဘူးလား။
                                လိုချင်ရင်တော့ပေးရမှာပဲ။တစ်စုံတစ်ခုကိုလိုချင်ရင်တစ်စုံတစ်ခုတော့ပေးရမယ်လေ..။
ဘာမှမပေးရင်ဘာမှမရနိုင်ဘူး..။
                                ဒီလိုအောက်ခြေသိမ်းတွေကအစလူ့အခွင့်အရေးချိုးဖောက်နေရင်........။ဒါကိုရောလူ့
အခွင့်အရေးချိုးဖောက်တာလို့သတ်မှတ်လို့ ရ/မရ ။ကိုနောက်တိုးအတွေးတွေပျံ့လွင့်နေမိတယ်။
------------------------------------------------------------------------------------------------------------------

                               အိမ်ပြန်ရောက်ချိန်ကစပြီးလူ့အခွင့်အရေးအကြောင်းကိုနောက်တိုးစဉ်းစားခန်းဖွင့်နေခဲ့
မိတယ်။သူ့ဘ၀မှာဒီတစ်ခါလောက်ဘယ်တုနး်ကမှစဉ်းစားခန်းမဖွင့်ဖူးဘူး။ဒီနေ့မှကြုံလာတဲ့အဖြစ်ကလေးကို
ပြန်တွေးရင်းစဥး်စားနေမိရဲ့။အဖြေကိုတော့သူမတွေ့သေး။ဆေးပေါ့လိပ်မီးခိုးငွေ့တွေကြောင့်အိမ်ထဲမှာအောင်း
နေတဲ့ခြင်တွေ၀ရုန်းသုန်းကားဖြစ်နေတာတော့အမှန်။ တလူလူလွင့်နေတဲ့မီးခိုးငွေ့တွေနဲ့အတူသူ့စိတ်အစဉ်လဲ
တလူလူလွင့်နေဆဲပါပဲ...။

                                                                 ရတုသစ်
                                                    ( 30/11/2012 )

ကျွန်တော့်ချဉ်ခြင်းများ ( ၁ )

မြို့ပြဆူးခင်းလမ်းမှာ
ဂဏန်းတွေလိုက်ညှပ်တာခံနေရ
အသက်ရှူမ၀ပါဘူးဆိုကာမှ
ပင်လယ်လေကလည်း အဝေးကြီးမှာ..။

မာယာတွေဈေးကောင်းနေမှတော့
အတ္တပေါ်က
အချိုဓာတ်တွေမပြယ်သေးဘူး ။
ဖြည်းဖြည်းချင်း
မှေးစင်းနေခဲ့ရတာကြာတော့
အားလျော့လာတဲ့မျက်လုံးတွေထဲ
အမြင်အာရုံတွေပဲသေးသိမ်ေ၀ဝါးလာခဲ့
နောက်တစ်ခါ မျက်မှန်လုပ်ပြီးရင်
လူစစ်စစ်တွေပဲ မြင်ချင်တယ် ...။

ရတုသစ်
300522013

"အလွမ်းတည်ရာအရပ်ကို မျက်နှာမူပါ.. "

စာအကြောင်းလား
ကဗျာအကြောင်းလား
တံတွေးတဖွားဖွားထွက်ကျတဲ့အထိ
အာပေါင်အာရင်းမိအောင်ပြောခဲ့တဲ့ပုံရိပ်များ
သင်္ဂဇာချောင်းနားကကျောင်းတော်မှာကျန်ခဲ့တယ် ။

ဖူးပွင့်ကဖေးက မေးတယ်
"ဘယ်မှာလဲ.. ခင်ဗျားနဲ့အတူ ကျဆိမ့်သောက်တဲ့သူ " တဲ့
ကျုပ်မဖြေခဲ့ဘူး
ပုံမှန်သောက်နေကျ "ကျဆိမ့်"ကိုမသောက်ဘဲ
စာပွဲထိုးလေးလာချတဲ့"ပုံမှန်" တစ်ခွက်သောက်ခဲ့မိ
သတိရစိတ်က အဲဒီလို ယောင်မှားတတ်တယ် ကိုချစ် ။

ကျုပ်တို့သွားနေကျ "မဇ္ဈိမ " ကလည်း
ရွှေမိလေးကို မတွေ့ရတော့တာက လွဲလို့
လတ်ဆတ်ဆဲ ပန်းချီအိမ်လေးပေါ့
ဆွေးနွေးကြ ၊ ငြင်းခုန်ကြ၊ ရွတ်ဆိုကြနဲ့
ကဗျာတွေ အချေအတင် မွေးဖွားခဲ့ရာ
အင်္ဂါထောင့်က ခုံတန်းလေးမှာ
တစ်နေရာစာ လစ်ဟာသွားခဲ့ပြီ
လွမ်းတတ်တဲ့ရင်ဘတ်ကြီးတွေကိုမှ
ဆွံ့အအောင် ကျောခိုင်းခဲ့လေခြင်းဗျာ...။

ပိယေဟိတွေနဲ့ ၀ိပ္ပယောဂေါ ရတာလဲ
တကယ့်ကို ဒုက္ခေါမှ ဒုက္ခေါအစစ်ပဲ ကိုချစ်ရေ...
အလွမ်းနဲ့ထုဆစ်ရတာမို့ စိုထိုင်းထိုင်းတော့ဖြစ်မယ် ။

"နှင်းဆီငါးပွင့်နဲ့ကျစ်တဲ့ကြိုး " တစ်ချောင်းထဲမှာ
ခင်ဗျားမပါရင် ကြိုးဘယ်ဖြစ်တော့မလဲ
ညလုံးပေါက် ရူးသွပ်နေကျ
(၄၁ )လမ်းက ဖိုက်ဘာကင်းနက်ကဖေးဆိုင်ထဲ
စာလုံးပေါင်းမလွဲတော့တဲ့ ကီးဘုတ်ခလုတ်တွေ
ခင်ဗျားကြောင့် ငုပ်တုတ်မေ့ကျန်ခဲ့
အခု...ရန်ကုန်မှာ..စာလုံးပေါင်းမှားတုန်းပဲလား
ထားရာနေ စေရာသွား ဘ၀တွေမို့
လွမ်းရှ စိတ်မရှိခဲ့ရင် အကောင်းဆုံးပေါ့
ပြည်ဖုံးကားချမထားတဲ့ကျောင်းတော်ကြီးက
အလွမ်းတွေ တူးဖော်နေဆဲဆိုတာ သတိရပါ ။

ရန်ကုန်မှာ "လမ်း " တွေများတယ်ဆို
"မီးစိမ်း " ကိုမြင်မှ " လမ်း" ကူးဗျာ
ဒီတစ်ခုတော့..တခုတ်တရ မှာမယ်

သင်္ဂဇာချောင်းရယ်
ကျောင်းတော်ကြီးရယ်
ဖူးပွင့်ကဖေးရယ်
မဇ္ဈိမ ပန်းချီအိမ်ရယ်
တနင်္ဂနွေ ကဗျာမြေသားရယ်
အားလုံး...အားလုံးပဲ
ခင်ဗျားကို သတိရ လွမ်းရှနေတဲ့အကြောင်း
ကျုပ် စာလုံးပေါင်း မပြတတ်တော့ဘူး။

တစ်ခါတလေဖြစ်ဖြစ်
အတိတ်ကို ပြန်စီစစ်မိတဲ့အခါ
မန္တလေးရှိရာ အရပ်တည့်တည့်
ခင်ဗျား မျက်နှာမူလှည့်ကြည့်ပါ
အားလုံးဟာ...အလွမ်းလူးနေတဲ့ တလွင့်လွင့် အဝါ ။ ။

ရတုသစ်
30052013
ညေန 3နာရီ 08 မိနစ်

**("နှင်းဆီငါးပွင့်နဲ့ကျစ်တဲ့ကြိုး )..မောင်ခန့်မြေ(ထီလာ)၏ ခေါင်းစဉ်..။

Tuesday, May 28, 2013

"စည်းလုံးညီညာအောင်ကြောင်းဖြာ"ဟာမူလတန်းဖတ်စာလောက်မဟုတ်တော့တာသေချာတယ်

"စည်းလုံးညီညာအောင်ကြောင်းဖြာ" ဟာမူလတန်းဖတ်စာလောက်မဟုတ်တော့တာသေချာတယ်


ကိုယ်တိုင် ဝေဝါးနေတဲ့သိမှုကို မှ.တစ်ပါး အခြားတို့ဆီ ဝေစားမျှစား ဝေဝေဝါးဝါး
သွားကောင်း/မကောင်းသိချင်ရင်ခြေဗလာလျှောက်ပါ၊ ဖြည်းဖြည်းညင်းညင်းဆင်မယာဉ်သာ
ဗလာတွေရေးချ (- ာ /- ါ )ပြုတ်နေသမျှသုညတွေပဲ၀လုံးဖြစ်လိုက် ဇီးရိုးဖြစ်လိုက်ပြကွက်
ဘ၀ဂ်နဲ့အ၀ီစိကြားကလူအချင်းချင်းမိတ်ပေါက်ခြင်းကင်းရှင်းကြပါစေ ၊ပေါင်ဒါမလို
သူသူကိုယ်ကိုယ်တူနှစ်ကိုယ်စီမံကိန်းကြားခွန်စံလော၀်နဲ့နန်းဦးပြင်တို့လိုဝါးရင်းတုတ် ချမခံနဲ့
လူစိတ်မဲ့တဲ့လူကိုသတ်ပုံပြင်ရန်သင့်/မသင့် ဇီ၀ဗေဒပုစ္ဆာနံပါတ်(၃)မှာ သုံးကြည့်ရန်
မူမမှန်စိတ်ကိုမိတ္တူဆွဲပြီးပရင့်ထုတ်မှတော့ပုံပီပီ ပြင်ပြင်ထွက်ဖို့ အဆင်မသင့်
အဆိပ်သင့်နေတဲ့စိတ်တွေဖြေဖို့မေးပြီးသားမေးခွန်းဟောင်းကိုသာမေးခိုင်ကာကွယ်ဆေးထိုးပါ
ရိုးသားမှုကအရိုးတစ်ခြားအသားတစ်ခြားနဲ့မရိုးမသားစည်သွပ်ဗူးမှာအဆာသွပ်ပိတ်လှောင်ခံခဲ့ရ
ဓမ္မအသံထွက်မမှန်တဲ့ပြဋ္ဌာန်းမှုဟာဒန်မ/ဒဏ္မ/ဒမ/ဓမ(ဓားမ)စသည်အဓိပ္ပါယ်အမျိုးမျိုးထွက်သွားပြီလား
တရားရှာချင်တယ်ဆို(၁၀၀)ကို၀စ္စနှစ်လုံးပေါက်တတ်ရုံနဲ့မရဘူး၊တရားဟာတရားအတိုင်း...
ဒုန်းစိုင်းပြေးတိုင်းရှေ့ရောက်မယ်မထင်နဲ့ရှေ့ကိုသေချာကြည့်ဒုန်ုး!! ခလုတ် ဆူးငြောင့် သတိ
သတ္တိရှိရှိသတိထားမှသတိဟာတိတိကျကျမိမိရရ သတိ-အပ္ပမာဒ-အမတ ဖြစ်မယ်
အမြစ်ရှိသမျှထဲ၀ဋ်မြစ်ပြတ်တာတစ်ခုပဲကောင်းတယ်၊ကျန်တဲ့အမြစ်တွေပြတ်ရင်သေရုံသာ
" တစ်ခါလာ မဲပြာပုဆိုး"ဖြစ်လေ၊ကျည်တောက်ကျွတ်သွားတဲ့ခွေးမြီးအတိုင်းကောက်လေ၊အကျင့်ပျက်
တလက်လက်အနာဂတ်ဖြစ်ဖို့ဆိုတစ်ယောက်တစ်လက်၀ိုင်းမညှိပဲမတောက်ပဘူး၊လက်ရှိလက်မဲ့
မတ်/ရပ်နေတဲ့ခြေထောက်တွေကျွံ/ကျွန်ကျမသွားအောင်ခြေလှမ်းပြင်ကြစို့၊ ဘယ်..ညာ
ခေတ်ကြီးဟာရေငုံနှုတ်ပိတ်နေမယ့်ခေတ်မဟုတ်တော့ခစ်ခစ်လို့အသံထွက်ရယ်မှာပဲ
နူနာကို၀ဲထပ်မစွဲဖို့ကြိုတင်ကာကွယ်ခြင်းသည်သာအကောင်းဆုံး သတ်မှတ်ချက်
ဖျတ်လတ်တက်ကြွစွာရုန်းကန်ချီတက်ကြပါစို့လား၊လဲရာသူခိုးမထောင်းခင် အသင့်ပြင်..။ ။


ရတုသစ်
28052013
3: 38 PM

လမ်းကြောင်းတစ်ခုပေါ်မှခရီးသွားဖော်တစ်ဦးအားမေးမိမေးရာ

(မေး)
အဘိုးနဲ့အဘွားမဖတ်တတ်တဲ့ကဗျာရယ်
အဖေနဲ့အမေနားမလည်တဲ့ ကဗျာရယ်
ဦးကြီးနဲ့ဒေါ်ကြီးမကြိုက်တတ်တဲ့ကဗျာရယ်
ဦးလေးနဲ့ဒေါ်လေး ခံတွင်းမတွေ့တဲ့ကဗျာရယ်
အစ်ကိုနဲ့အစ်မ မရွတ်တတ်တဲ့ကဗျာရယ်
ညီလေးနဲ့ညီမလေး ဉာဏ်မမှီတဲ့ ကဗျာရယ်
တူလေးနဲ့တူမလေး ခေါင်းခါတဲ့ကဗျာရယ်
သားနဲ့သမီး စိတ်ဖိစီးတဲ့ကဗျာရယ်
ဘာ့ကြောင့် ဘာ့အတွက်
ဘာမျှော်လင့်ချက်နဲ့ရေးနေပါသလဲ ။ 
 

(ဖြေ )
ကဗ်ာဟာ သေဆုံးသွားပြီဆိုလို့
ကဗျာနောက်မှာအပေါက်ကလေးနှစ်ပေါက်
ဒေါင်လိုက် (:) ဖောက်ကြည့်မိတာပါ ။
 
(မေး )
ဟူးး.....
 

(ဖြေ )
ဟုတ်ကဲ့..။ကျွန်တော်ကဗျာ( း )ဆရာပါခင်ဗျာ ။ ။
 

ရတုသစ်
၂၈၀၅၂၀၁၃
ညေန ၃နာရီ

Sunday, May 26, 2013

"ပျက်ယွင်းအိပ်မက် "

ကဗျာ့၀ိညာဉ် ၊ စိတ်လွင်ပြင်၀ယ်
ကြည်ရွှင်ချိုသာ ၊ ငြိတွယ်လာစဉ်
ညလွှာ၀တ်ရုံ ၊ အမှောင်ကုန်၍
သိမ့်တုန်နိုးထ ၊ မရွှင်ပြသည်
ရင်မှလှိုက်လှိုက် ခုန်သတည်း..။

ရတုသစ်
27-05-2013
12 : 58 AM

ဘ၀မူကြမ်း

ဘ၀အကြောင်းတွေးရတာ
ဘယ်လိုမှ အသက်ရှူမ၀ခဲ့ဘူး
သံသယတွေပဲ မှော်အောင်နေမှတော့
ပျော်စရာရှာလေ ငြီးငွေ့မိလေပဲ
တစ်ကိုယ်ရေ ညတွေသာအထပ်ထပ်မို့
ဖြတ်လက်စ ကြိုးတွေလည်း တင်းနေတုန်း
သက်ပြင်းတွေချည်း ခလုတ်ဖြုတ်နေရတာ မုန်းတယ် ။

ဆုံးရှုံးမှုမျိုးစုံထဲ
ကိုယ့်ကိုယ်ကို ဆုံးရှုံးရမှာ အကြောက်ဆုံးပေါ့ 
"တုံးတိုက်တိုက်..ကျားကိုက်ကိုက် " မာန်သွင်းလို့
မသေချာခြင်းများထဲ ရဲရဲတိုး၀င်မိ
သန္တိသုခ ဇယားကွက်ထဲမှာ
လက်မှတ်ထိုးဖို့နေရာမတွေ့သေးဘူး ။

ရူးရူးမိုက်မိုက် ကန်းနေရတာနဲ့ပဲ
သံသရာမှာအရေခွံအထပ်ထပ်လဲခဲ့ရ
ဘ၀က
ခုထိ..Proof (ပရုဖ်)ပြန်ဖတ်နေရဆဲ စာမျက်နှာ...။ ။


ရတုသစ်
၂၆၀၅၂၀၁၃
ည၈နာရီ ၅၅ မိနစ်

Saturday, May 25, 2013

အမေ့ရွာ

အမေ့ရွာသည်
သာယာငြိမ့်ငြောင်း ၊ကျေးငှက်ပေါင်း၏
ချိုလောင်းသံသာ ၊တေးထံတျာနှင့်
သဘာ၀ဖွဲ့ ၊ ပီပြင်ခဲ့၏ ။

အမေ့ရွာ၏
မျက်နှာမူရာ ၊ရှေ့ဆီမှာလည်း
ရပ်ရွာအတွက် ၊ကျိုးပြုလျက်သာ
တစ်ဖက်ဆည်ကန် ၊ တည်ရှိပြန်၏ ။

အမေ့ရွာကို
၀ဲယာ ၀န်းကျင် ၊ထနောင်းပင်နှင့်
စိမ်းရွှင်ထန်းတော ၊ယာတစ်ကြောက
မနောခွေ့ဖွယ် ၊ ၀န်းကာကွယ်၏ ။

အမေ့ရွာသို့
၀င်ရာ အထူး ၊ ရွာထိပ်ဦး၀ယ်
ကြယ်နူးဖွယ်ကောင်း ၊ ရွာဦးကျောင်းကို
နှစ်ထောင်းအားရ ၊ တွေ့မြင်ရ၏ ။

အမေ့ရွာ၏
နေရာ ဗဟို ၊ ကုန်းမိုမို၀ယ်
ကြည်ညိုတည်ထား ၊ မြတ်ဘုရားမှာ
ညွတ်တွားမ၀ ၊ သပ္ပါယ်လှ၏ ။

အမေ့ရွာ၀ယ်
ဘာသာကိုချစ် ၊မျိုးကျစ်လစ်လျက်
သွေးစစ်နောင်ညီ ၊ ဘာမထီသော
ဇာနည်သားပေါင်း ၊ အင်အားကောင်း၏ ။

အမေ့ရွာ၌
ပျူငှါယဉ်ကျေး ၊ စိတ်ထားဖွေး၍
အေးဆေးတည်ကြည် ၊ မြန်မာပီသော
မဒီကညာ ၊များလှပါ၏ ။

မေ့ရွာခြေနေ ၊ တည်တံ့စေဖို့
ရွာနေလူထု ၊ ဉာဏ်တင်ရှုလော့
ဂရုမထား ၊ မြင်ဝေဝါးလျှင်
နှစ်များမကြာ ၊ချိန်အခါ၌
သဘာ၀ပျောက် ၊ သောကရောက်လိမ့်
ဦးနှောက်ကိုသုံး ၊ ပေါင်းစည်းလုံး၍
စုရုံးညီညာ ၊ ၀ိုင်း၀န်းကာမှ
မေ့ရွာ အလှ ၊ မပျောက်ရှမည်
အပ္ပမာဒ တရား ရှိစေသော၀်
ရပ်ရွာအလှအား မချိစေသော၀် ။ ။


ရတုသစ်
25052013
ည ၈နာရီ ၅၀မိနစ်

Friday, May 24, 2013

မိုး

တိတ်တဆိတ်ဖြုတ်ချလိုက်တဲ့ကြိုးပေါ့
အငြိုးတကြီးဆွဲငင် ထားပုံများ
ကိုယ့်အသည်းတောင် အားနာတယ် ။ 

မာယာမပါတဲ့ စာတန်းထိုးနဲ့
ဒီ ဇာတ်လမ်းက
ခုထိ ---
မိုးမတိတ်တော့ဘူး ။

ရတုသစ်

Sunday, May 19, 2013

ကျွံကျနေတဲ့ခေတ်ပျက်ကြီးထဲ.......

ကျွံကျနေတဲ့ခေတ်ပျက်ကြီးထဲကျွန်တော်/ကျွန်မတို့လည်းတစ်ကျွံတည်းကျွန်

အဟောင်းကြီးတွေပါ၊လေဘယ်လ်တွေပြောင်းလဲတပ်ဆင်ထားတဲ့အပုပ်အဆွေးတွေ
ထုသားပေသားကျနေမှတော့ဒီဓာတ်ပြားကဘယ်လိုမှရုပ်လုံးကြွလာမှာမဟုတ်ဘူး
မူးပြီးရောဆိုလည်းသွေးတိုးစမ်းကြည့်ဦး၊အဆီအဆိမ့်ရှောင်၊အငန်မတည့်ပါ
ထိုင်စရာမရှိရင်လျောင်း/ရပ်/သွားသုံးပါးပဲပေါ့၊ အားနည်းနေတဲ့ကုလားထိုင်ကြီးကိုအကြာကြီးမဖိရ
က္ကရိယာပုထ်မမျှရင်ရောဂါရတတ်တာဓမ္မတာပဲ၊အသည်းမကောင်းရင်မသဲနဲ့၊မကဲနဲ့၊မချွဲနဲ့
အလဲအလှယ်တစ်ခုဖြစ်ဖို့အရေးပလပ်ပေါက်တွေငှားငှားတပ်ရတာ စိတ်ရှော့ခ်မရိုက်ဘူးလား
အလိုက်အထိုက်နေတတ်မှအခြေလှမယ့်ခေတ်ထဲအပြစ်ဖို့စရာကျင်းတွေရေလျှံနေပြီ
ကျောကပ်ထားသူချင်းပစ်ဖို့ချောင်းနေတ့ဲခဲတွေကနံရံတစ်ချပ်ခြားရင်ဗုံးဖြစ်သွားကြ
အတုံးလိုက်အတစ်လိုက်မျိုမယ့်ခံတွင်းတွေကအရိုးရောအသားရော ဆွဲတယ် ဆံ့တယ်
ကြံ့ကြံ့ခံမရရင်လျှော့ချလိုက်ရမလား၊နှုတ်တိုက်ရွတ်နေကျမန္တာန်တွေ ဒဏ်မကြေတော့ဘူး
စာရိတ္တတွေဘီကီနီ၀တ်မှတော့အ၀င်နံအထွက်နံနဲ့ဒညင်းသီးလိုလူတွေလည်းများလာမှာပဲ
ကိုယ့်တရားကိုယ်ခါးပူခံရင်းအရိုးတွေပွယောင်းချည့်နဲ့ရမယ့်အဖြစ်သာတည့်တည့်တိုးရ
ရုန်းကြွချင်စိတ်မဲ့အောင်လှောင်ထားတဲ့နွံတွေထဲလူစိတ်တွေနစ်ပြီးရင်းနစ်
အနှစ်အသားမပါခြင်းကိုမေ့ထားရတာဘယ်လောက်ကောင်းတယ်မှတ်လဲကိုယ့်ဆရာ
ကိုယ့်အထာနဲ့ကိုယ် အလိုလိုက်ရင်း ဒီမိုးက ဘယ်လိုမှပြတင်းဖွင့်မပေးသေးဘူး
အမိုက်ဆိုတာကြီးကြီးသေးသေး အလင်း၀င်ဖို့နှေးကွေးစေတာတော့အမှန်ပဲ
အကြံအဖန်ထုထားသူတွေရဲ့လက်ထဲ ကိုယ့်ကိုယ်ကိုဈေးဖြတ်လိုက်ရမယ်ဆို ဘယ်နှယ့်လဲ
မသဲကွဲဘူး၊မစွဲမြဲဘူး၊ လွတ်မြောက်ချင်စိတ်က ရေမနှူးမချင်း ခြောက်သွေ့နေဦးမလား
ခေတ်ကြီးရဲ့အပေါက်အကြားထဲကျွံကျသွားတဲ့လူအစစ်တွေဘယ်လောက်များပြီမသိရသေး
ငေးနေတာထက်တွေးနေတာကောင်းတယ်လိို့လာလာမပြောနဲ့ကိုယ့်ဆရာ
တွေးနေတာတွေက ငေးနေရတဲ့အကြောင်းတွေဖြစ်ဖြစ်နေတာ ခင်ဗျားမှမသိပဲ
ဒီစကားဒီမှာပဲမရပ်ရင်ရှေ့ဆက်ရမယ့်လမ်းမှာနွံတွေကလွဲလို့ဘာမှမရှိဘူးမှတ်ထား
အလကားရတိုင်းတွေးနေရတာအချိန်ကုန်တယ်၊စိတ်ပန်းတယ်၊လူနွမ်းတယ်
မှတ်တမ်းခွေပြန်ပြန်ရစ်ကြည့်တိုင်းပြုံးစရာမရှိတဲ့ခေတ်ကြောင်ကြီးထဲ
ပြောင်သွားတာ၊ဘယ်လိုမှပြန်၀ယ်လို့မရတဲ့အသက်နဲ့ဘ၀အစိတ်အပိုင်းတွေ...။


ရတုသစ်
20052013



Saturday, May 18, 2013

မရဏာနုဿတိ Message

ကိုယ့်ကိုယ်ကို ၀ပ်ရှော့ပို့နေတာတောင်
စိတ်ကဘယ်လိုမှ မထူထောင်သေးဘူး
အမှောင်မှာလျှောက်တိုင်းခြေရာ ထင်လွန်းလို့
ခြေဗွေရာတွေကို ဓားနဲ့မွှန်းပစ်ရမလား
ရယ်ရွှန်းပတ်ရွှန်း လုပ်ရမယ့်ဇာတ်မှာ
ကိုယ်တို့ဟာ..
မျက်ရည်အတောမသတ်အောင် ငိုခဲ့ရ ။

ကမောက်ကမတွေကိုပဲ ဘ၀ လို့ဆိုလေမလား
မရေမရာတွေကပဲ ဘ၀ဖြစ်နေမလား
တရစ်ချင်းညှစ်လာတဲ့ခေတ်လက်ချောင်းတွေကြား
အသက်ရှူလမ်းကြောင်းလည်းမကောင်းတော့ဘူး ။

တစ်ရက်ပြီးတစ်ရက်
ဘယ်နေ့ထွက်မှန်းမသိတဲ့၀ိညာဉ်အတွက်
ကြိုတင်လက်မှတ်တစ်စောင်မှာထားမှဖြစ်မယ် ။

""မကြာမီ..အသက်တွေ တိုလာတော့မည်ဖြစ်ပါသောကြောင့်
မိတ်ဆွေတို့၏ ခရီးစဉ်များ ကြန့်ကြာမှုမရှိစေရန်
သတိကြီးစွာထား၍ လက်မှတ်အစစ်များ၀ယ်ယူထားသင့်ပါကြောင်း""...။

ရတုသစ်
18052013

Friday, May 17, 2013

အိပ်မက်အိမ်

စိတ်စပရိန်ကိုနှိပ်ထားရတော့
ဘ၀က
နှိပ်ချမှုအောက်ကျိုးနွံသေ၀ပ်ခဲ့
အလွတ်တန်းလျှောက်နေတဲ့ကြိုးမို့
ခြေမကျိုးအောင်ဂရုစိုက်နေရ
အကျမနာအောင် နိမ့်နိမ့်လေးပဲ လျှောက်ရမလား ။

ကြိုးစားသမျှအရာထင်ကျန်ရစ်ဖို့
ရင်ဘတ်ကိုခပ်နက်နက်လှီးဖဲ့ထားရပေါ့
ဆန်းပြားတဲ့လောကဓံသတ်ကွင်းအလယ်
ငါ ၀ယ်မရခဲ့တာ ကိုယ်ချင်းစာတရားများ...။

အသွားမတော်သူလမ်းမှားပြဖို့
လောကကြီးက ဗီလိန်ဆန်လွန်းတယ်
ရေမွန်းသူ ခဲဆွဲချဖို့
လောကကြီးက အာဏာပါးကွက်သားဆန်လွန်းတယ် ။

တွန်းတွန်းထိုးထိုး တိုးတက်ရတဲ့အခါ
ခြစ်ရာ ပွန်းရာတော့ ရွိမွာပဲ
သဲလည်းစင် ခြောက်ပစ်ကင်းရှာမယ်ဆို
ငါကိုချန်ထား ရစ်ခဲ့ပါ
အပြစ်အနာအဆာကြား ကြီးပြင်းရတော့
အလင်းမှာချည်း ငါမရှိနိုင်ဘူး
တူးစိုက်ထားတဲ့ မှတ်တိုင်တိမ်တိမ်မှာ
အိပ်မက်ဟာ တိမ်ထဲမှာပဲ အိမ်တစ်လုံးဖြစ်သွား
ခမ်းနားခြင်းများက
ဟိုး..ရှေး ရာဇ၀င်တွေထဲမှာ...။

ရတုသစ်
(15032013 / နေ့ 9း 45နာရီ )

"ဆေးပေးမီးယူမရှိတဲ့ကမ်းခြေမှာကိုယ်တို့ဟာ....

  "ဆေးပေးမီးယူမရှိတဲ့ကမ်းခြေမှာကိုယ်တို့ဟာမငြိမ်းမချမ်းတရားနဲ့နှစ်ပါးသွားနေတယ်"
တစ်စစီလွင့်ထွက်သွားတဲ့အသွေးအသားကို ယဇ်ပူဇော်ပြီး
နာကြည်းစရာတွေကိုခေါင်းလောင်းထိုးလှူပစ်နိုင်ရင်
ဘယ်လောက်ကောင်းမလဲ
ရင်ပြင်တော်ပေါ်မှာ ဖြန့်ခင်းမိတဲ့ စိတ်ကလေးတောင် မငြိမ်းချမ်းခဲ့
သူစိမ်းဆန်လွန်းတဲ့ကံတရားဟာ
ခုထိ..အားရပါးရ ကစားကွက်ခင်းနေတုန်း.။
ဘယ်ချိန်လင်းပွင့်မှာလဲအတွေးနဲ့
ကောင်းကင်ကို ဆွဲဖွင့်ကြည့်တဲ့အခါ
မြေမှုန်တွေသာ တ၀ဲ၀ဲလွင့်ကျလာခဲ့ပေါ့
စိတ္တဇညတွေဟာ..ဇာတ်အိိမ်ခိုင်လွန်းတယ် ။
ကိုယ့်သငေ်္ကတနဲ့ကိုယ် အဓိပ္ပာယ်ရှိမပြနိုင်တဲ့အဆုံး
နှလုံးသားကို ထစ်ချုန်းခွင့်ပေးလိုက်တာကောင်းမယ်
တ၀ုန်း၀ုန်း ပြိုချင်တိုင်း ပြိုစေတော့..
ဇာတာခွင်ထဲညှိထားတဲ့ အစီခံတိုလေး
ထိုးချေမခံရရင်ပဲ
ဘ၀ဟာ နေသာပြီလေ
ဖြေစရာမရှိမှတော့ ရက်ရာဇာတွေထည့်မဖြေတော့ဘူး
ပြဿဒါးတွေပဲ ငါ့အတွက် ထုချေလွှာ ။
ကမ်ဘာဟာ ကမ်ဘာကို ကမ်ဘာကြီးထိုးကျေွးပြီး ယတြာချေတယ်
ဟောဒီအည့ံတွေပျောက်ဖို့
ေ၀ဒနာထက်ပိုစွမ်းမယ့်ယတြာရှိရင် ပြောပါ
နဂါးလှည့်မကောင်းတဲ့အရပ်မျက်နှာနဲ့
ဆတ်ဆတ်ခါ ကျန်ခဲ့မယ့်သန်းခေါင်ယံတွေထဲ
နောက်ခံရာဇ၀င်ကို သမိုင်းရေးကျန်ခဲ့ရုံ 
ခြုံထားတဲ့သိုးရေကိုလှန်ချလိုက်မှ
နောက်ကျောက ဓါးကိုမြင်ရမယ်ဆိုရင်လည်း
ဝံပုလွေအဖြစ်နဲ့ပဲ ရဲရဲကြီးနိဂုံးချုပ်ပြလိုက်မယ်
အပူတစ်၀က်နဲ့တော့ ဆက်မရိုးသားချင်တော့ဘူး
ဟန်ဆောင်မှုဆိုင်ရာတိုက်ကွက်ထဲ
ငါ့လိပ်ပြာတွေမ၀ဲတတ်တာ ဘာအေရးလဲ
အတွေးကိုဇက်သော့လာလာ မခတ်ပါနဲ့
ရပ်ထားတဲ့့အတိုင်း ငါ့ စိတ်တွေကျောက်ချထားချင်တယ်။
မကျက်တကျက်အနာစိမ်းတွေ အရင်းခံပြီး
မလင်းတစ်လှည့် မှုန်တစ်လှည့်ဖြစ်နေတဲ့ဘ၀
ဘယ်သူ့ကိုမှ..ဇာတ်သိမ်းအကြောင်းမပြောတော့ဘူး
ငါ့ အနာဟာ
ငါ့ အဘိဓမ္မာလို့ ရဲရဲတောက်ကြုံးဝါးမယ်
ဒီသောင် ဒီကမ်းမှာပဲစေးထန်းထန်းနေ့ရက်တွေ
လေညင်းခံထွက်ပါစေတော့ ။ ။

သစ္စာမင်းအိမ် ၊ ရတုသစ်
16052013 

စိတ်ရူးပျံလွှတ်တင်မိတဲ့နေ့စွဲများ

ဒုက္ခခြေချင်းလိမ်ဖြစ်တည်မှုများကြား
လျှောထိုးခံထားရတဲ့လမ်းသွယ်တွေများတယ်
ရှာဖွေတွေ့ရှိဖို့မလွယ်မှန်းသိလျက်နဲ့
ကိုယ်က .မီးခွက်ထွန်းပြီးအမှောင်ရှာမိသူ
မျက်လုံးမှာ၀င်စိုက်တဲ့ဗလာစာရွက်ထဲ
ကြက်ခြေခတ်တွေရေးဆွဲရင်းပျော်နေရ
ညီမျှခြင်းချလို့ရခဲ့ရင်
ဒုက္ခဆိုတာလည်း ချိုမြိန်လွန်းတဲ့ပန်းသီးတစ်လုံးဖြစ်တယ်။
ဘီးတပ်တွန်းတာတောင်မရွေ့မှတော့
အလေ့ကျပေါက်ပေါက်လာတဲ့ စိတ်ရူးကို
ထိပ်ဖူးတပ်ပြီးလွှတ်တင်လိုက်မယ်
လူလူချင်း..
မျက်နှာငယ်ပြနေရတဲ့ရပ်၀န်းများရဲ့ တစ်ဖက်ကမ်းဆီ..။

ရတုသစ်

Wednesday, May 15, 2013

အလင်း၀င်ဖို့ကြောက်နေတဲ့ ည

ချိုကျတစ်ခွက်ထဲ
ညဟာကန့်လန့်ကြီးပျော်ကျနေခဲ့တယ်
အခုထိ အထမမြောက်သေးတဲ့မနက်ဖြန်တွေနဲ့
သက်ပြင်းတွေသာ အားကောင်းမောင်းသန် ရောင်းပစ်နေရ
ကိုင်ထားတဲ့ဇွန်းနဲ့ခွက်ကို ကောက်မွှေလိုက်တော့
ဘာမှန်းမသိတဲ့အဓိပ္ပါယ်တွေက ၀ဲကတော့လို
ကျောသပ်ရင်သပ်ချော့မြှူလိုက်
ကျောသားရင်သားခွဲခြားလိုက်နဲ့
အရှိအတိုင်းဆိုတာထက်နက်နေတဲ့ ညေလ ။

အက်ဆစ်ထက်ပြင်းထန်မယ့်တိုက်စားမှုတစ်မျုးိက
အရိုးထဲစိမ့်နေအောင် ၀င်မွှေခဲ့ပေါ့
တရစ်၀ဲ၀ဲအာသာကို လျှာဖျားလေးနဲ့သဲ့ယူကြည့်ဖို့
ဘယ်နှုတ်ခမ်းပါးပေါ်တက် က္ကနြေ္ဒပျက်ရမလဲ
လက်ဆယ်ချောင်းနဲ့ပက်ထုတ်ပစ်တာတောင်
ဒီကာလာတွေ အရောင်မပြယ်သေးဘူး။

ကြယ်ကောက်သူရဲ့လမ်းမှာ
လမင်းဟာ ဆူးဖြစ်နေသလိုမျိုး
ခိုးရှိုက်တဲ့ရနံ့တောင်ထောင်ဖမ်းခံလိုက်ရတော့
မျက်စိလည်သွားတဲ့အနမ်းတစ်ချက်မှာ
ညဟာ
မနက်ဖြန်ထဲ ၀င်စားဖို့ဆုံးဖြတ်ချက်တွန့်ကြေခဲ့
ဆယ်ခါပြန်သေလို့ရမယ့်ဖော်မြူလာတွေသာ
စီးကရက်ရှိုက်ဖွာတိုင်းအထွေးလိုက်ပြုတ်ကျလာတယ် ။

သစ္စာမင်းအိမ် ၊ ရတုသစ်
 
မှတ်ချက်။ ။လောကကြီးဆီမှဝါကျနှစ်ကြောင်း ငှားရမ်းသုံးစွဲထားသည် ။

Tuesday, May 14, 2013

ညလူရဲ့အဝေးလွမ်း အိပ်မက်

စွယ်တော်ဘုရားရင်ပြင်ရှေ့
ငုပ်တုတ်မေ့နေတဲ့အရူးတစ်ယောက်
စွယ်တော်ပွင့်ကြွေလေးတွေကောက်ချင်နေမိပေါ့။

ခပ်ဖျော့ဖျော့အလင်းရဲ့တစ်ဖက်ခြမ်းမှာ
ဖျန်းလက်စမိုးစက်လေးတွေတောင်
အတောင်ပံချိုးခံထားရတဲ့ငှက်တွေလို
မြစ်ငယ်ရဲ့မြေသားထက် ပျပ်၀ပ်ကြွေဆင်းရ ။

သောက်နေကျ ကျဆိမ့်တစ်ခွက်ရဲ့ ရသ
ခါးသက်သက်ရွ တတနဲ့
ဒီညအတွက်..အိပ်မက်ပေးပြီ ။

အေးဆေးတိတ်ဆိတ်ခြင်းအမှောင်ထဲ
ကြယ်ကြွေတွေ
ယောင်ယောင်မှားမှားကောက်ချင်နေမိသူ
မဟူရာကွင်းပြင်ကြီးကိုမော့ကြည့်ရင်း
" အလွမ်းများ" သီချင်းလေး တိုးတိုးညည်းဆို
စိန်ပန်းပွင့်တွေတောင် ငိုလို့
အလိုလိုပြိုကျချင်တဲ့ကောင်တစ်ယောက်
နှလုံးသားမှောက်ခုံလန်နေတယ်မမေ၀။

ရတုသစ်

(စွယ်တော်ဘုရားရင်ပြင်.. )

Monday, May 13, 2013

ဂြိုဟ်ပဲ့တစ်ခု၏အလင်းပြန်ချိန်

  ဒေါင်..ဒေါင်..ဒေါင်

                       ကျောင်းတက်ခေါင်းလောင်းထိုးသွားပေပြီ။သူုတို့တစ်ယောက်ကိုတစ်ယောက်ကြည့်
လိုက်မိကြ၏။အပြုံးကိုယ်စီဖြင့်လက်ဝါးချင်းရိုက်လိုက်ကြသည်။စိုးမောင်ကသူ၀ှက်ယူလာခဲ့သောဖဲထုပ်ကို
ကုလားဖန်ထိုးနေသည်။သူတို့အဖွဲ့ရောက်နေသောဂိုဒေါင်ဟောင်းကြီးကအတန်အသင့်လုံခြုံမှုရှိသည်
။ကျောင်းသားတွေကျောင်းပုန်းကြသောနေရာတစ်ခုဆိုလည်းမမှား။သူလည်းအစကကျောင်းမပုန်းတတ်။
စိုးမောင်ကခဏခဏခေါ်နေသောကြောင့်အားနာ၍လိုက်ခဲ့မိရင်းကျောင်းပုန်းဖြစ်သွားခဲ့ခြင်းပင်။ခုဆိုသူ
ကျောင်းပုန်းတာသုံးရက်ပင်ရှိသွားပြီဖြစ်၏။ကျောင်းပုန်းရုံသက်သက်မဟုတ်။ဖဲပါရိုက်တတ်လာခဲ့သည်။
ညနေကျောင်းဆင်းလျှင်တော့မျက်နှာပိုးသတ်၍အိမ်ပြန်ခဲ့စမြဲပင်။အရင်နှစ်ရက်ကဘာမျှမဖြစ်။အခြေအနေ
ကအေးဆေးငြိမ်သက်နေ၏။


                        ဒီနေ့အိမ်ပြန်ရောက်သောအခါနောက်ကျောမလုံသလိုခံစားရသည်။ကျောရိုးတစ်လျှောက်
စိမ့်စိမ့်သွားသည်ဟုပင််ထင်နေမိ၏။နေမကောင်းဖြစ်နေပြီလားဟုနဖူးကိုစမ်းကြည့်မိသည်။ဘာမျှမဖြစ်။နဖူး
ကချေွးလေးတစို့စို့ပင်ဖြစ်နေသေးသည်။ခပ်တည်တည်ဖြင့်အားတင်းရင်းအိမ်တွင်းသို့လှမ်း၀င်လိုက်သည်။
လွယ်အိတ်ကိုချိတ်မှာသွားချိတ်သောအခါအဖေ၏စူးစိုက်ကြည့်နေသောအကြည့်ဒဏ်ကိုခံလိုက်ရသည်။
သူသွေးပျက်မတတ်ထိတ်လန့်သွားသည်။ခါတိုင်းနူးနူးညံ့ညံ့ရှိသောအဖေ့မျက်၀န်းများကဒီနေ့ကြောက်
စရာကောင်းနေသည်။သေချာကြည့်လျှင်မီး၀င်း၀င်းတောက်နေသည့်အလား။သူကြောက်ရွ့ံလာသောကြောင့်
အဖေ့အကြည့်ဆီမှမျက်နှာလွှဲလိုက်ရင်းလွယ်အိတ်ကိုသွားချိတ်လိုက်၏။လွယ်အိတ်ကိုချိုတ်ပြီး၍နောက်ပြန်
လှည့်ရန်ပြင်လိုက်သောအခါဘယ်အချိန်ကအနားရောက်လာသည်မသိသောအဖေ၏လက်သီးချက်များက
မျက်နှာပေါ်တည့်တည့်။သူမရှောင်တိမ်းလိုက်နိုင်ခဲ့။ပူူကနဲဖြစ်သွားသောမျက်နှာကိုလက်ဖြင့်အုပ်၍ထွက်ပြေး
ရန်ပြင်လိုက်သောအခါအသင့်ယူဆောင်ထားဟန်တူသောကြိမ်လုံးဖြင့်အဖေကလှမ်းရိုက်သည်။သူမပြေးနိုင်
တော့။ထိုနေရာမှာပင်ခွေလဲကျသွားသည်။

                          ရိုက်နှက်သံကြားသွားဟန်တူသောအမေကမီးဖိုချောင်ဘက်မှအပြေးအလွှားရောက်လာခဲ့
သည်။သွေးစို့နေသောသူ့မျက်နှာကိုကြည့်ကာအမေငိုသည်။အဖေ့ကိုတိတ်တခိုးလှမ်းကြည့်သောအခါတစ်
ဖက်လွှဲ၍မျက်ရည်သုတ်လိုက်သည်ကိုဖျတ်ကနဲတွေ့လိုက်ရ၏။

                       အမေလး..ကိုညွန့်ရယ်..ရှင်ဘယ်လိုလုပ်လိုက်တာလဲ..ကြည့်ပါဦး သွေးတွေသံတွေတောင်
ထွက်ကုန်ပြီ..အရပ်ကကြားလို့မှကောင်းကြသေးရဲလား..ဟီးဟီး ပြောရင်းဆိုရင်းအမေငိုတော့သူပါရော၍ရှိုက်
မိ၏ ။
                     မငိုနဲ့..အေးမိ..ဒီကောင့်လိုလူမိုက်တစ်ယောက်အတွက်နင်မငိုနဲ့ကွ..သိလား..ဒီကောင်လူ
မိုက်..အလကားကောင်..ပညာတတ်အောင်ကျောင်းထားပေးထားတာကျောင်းပုန်းပြီးဖဲရိုက်နေတယ်..အဲဒီအချိန်
ထဲက၀င်ရိုက်ပစ်ခဲ့မလို့..ရုန်းရင်းဆန်ခတ်ဖြစ်သွားမှာစိုးလို့..အိမ်ကပြန်စောင့်နေတာ..ဒီကောင်ဒီလိုလုပ်နေတာ
ဘယ်နှစ်ရက်ရှိမှန်းမသိဘူး..ငါလည်းဒီနေ့မှဂိုဒေါင်ဟောင်းကြီးကကျန်နေတဲ့သစ်သားတိုတွေသယ်ခိုင်းလို့သွား
သယ်ရင်းသူတို့အဖွဲ့ကိုတွေ့တာ
                  သူဘုရားတမိသွားသည်။အဖေ့ကိုလည်းရဲရဲမကြည့်ဝံ့တော့။သူ့အပြစ်နှင့်သူမို့ဘာမျှမပြောသာ
တော့။ခေါင်းကိုတွင်တွင်ငုံ့ရင်းမျက်ရည်ကျနေရုံပဲတတ်နိုင်တော့သည်။စိတ်ထဲမှာလည်းဆုံးဖြတ်ချက်တစ်ခုက
ခိုင်မာစွာ၀င်ရောက်လာသည်။သူကျောင်းနေချင်စိတ်မရှိတော့။အိမ်မှာလည်းဆက်မနေချင်တော့။
                        *************************

                      အဖေ၊အမေနှင့်ညီမလေးတို့အိပ်မောကျနေချိန်မှာအသင့်ပြင်ဆင်ထားသောလွယ်အိတ်ကိုအ
သာလွယ်ပြီးထွက်လာခဲ့သည်။လောလောဆယ်မန္တလေးကအဖေ့သူငယ်ချင်းဦးလတ်ဆီသွားမည်ဟုဆုံးဖြတ်
ထားလိုက်၏။ကျန်တာနောက်မှစီစဉ်မည်။အမေ့ခေါင်းအုံးအောက်မှမသိအောင်ယူထားသောငွေ(၅၇၀၀)ဖြင့်သူ
ခရီးဆက်ရတော့မည်။ဆင်ခြေဖုံးရပ်ကွက်လေးထဲမှမိသားစုအိမ်လေးကိုနောက်ဆုံးအနေဖြင့်ကြည့်ပြီးသူထွက်
လာခဲ့လိုက်သည်။ဘူတာရုံသို့ရောက်သောအခါရထားကဘီးလိမ့်စပင်ပြုနေပြီ။အပြေးအလွှားတွယ်တက်ရင်းနေ့
ပိုင်းကဖြတ်လာခဲ့သောလက်မှတ်ကလေးကိုစမ်းကြည့်မိသေး၏။လက်မှတ်ကလေးကိုစမ်းမိမှစိတ်ချလက်ချရှိ
သွားရသည်။ရိုးရိုးတန်းကဖြတ်ထားသည်မို့ထိုင်ခုံမရတော့။ကိစ္စမရှိ။တံခါးပေါက်နားမှာမတ်တပ်ရပ်ရင်းလိုက်ခဲ့
သည်။ညလေပြည်ညင်းသုတ်သုတ်ဖြူးနေသောကြောင့်သူ့ဆံစလေးများပင်လွင့်ခါနေသေး၏။ကောင်းကင်
ကိုမော့ကြည့်မိသောအခါလရောင်ကမှုန်ပျပျသာ။ကြယ်လေးများ၏၀င်းလက်ပြိုးပြက်မှုကြောင့်ကောင်းကင်ကြီး
ကအလှသိပ်မပျက်သေး။ဘ၀ရှေ့ရေးကိုကြိုတွေးရင်းရင်လေးနေမိသည်ကတော့အမှန်ပင်။ဘ၀မှာပထမဆုံး
အတွေ့အကြုံမို့ဒီခရီးကိုထွက်လာမိတာမှားသွားပြီလားဟုအကြိမ်ကြိမ်တွေးနေမိသေးသည်။

                    မချစ်လို့ကျွဲရိုက်၊နွားရိုက်အရိုက်ခံထားရပြီးသည့်နောက်အိမ်မှာနေလို့လည်းသူအတွက်အ
ဆင်ပြေမည်မဟုတ်တော့ဟုသူတွေးမိသည်။ထိုနေ့ကအဖြစ်အပျက်ကိုပြန်တွေးမိတိုင်းအဖေ့ကိုနာကြည်းကြောက်
ရွ့ံနေတုန်းပင်။အဖေသာဒီလိုမဆက်ဆံခဲ့လျှင်သူအိမ်မှာဆက်နေ၍ကျောင်းတက်နေဦးမည်ဖြစ်၏။အခုမိသားစုကို
စွန့်ခဲ့ပြီ။သိုက်ေ၀းငှက်တစ်ကောင်လိုဘယ်ဆီဘယ်၀ယ်ပျံသန်းရမည်မသိသေး။လေးနေသောရင်ဖြင့်ရထားတစ်
စင်း၏သယ် ဆောင်ရာနောက်သို့သူလိုက်ပါခဲ့ပြီဖြစ်၏။သူ့ဘ၀ရထားကတော့ဘယ်ဆီဘယ်၀ယ်ဆိုက်ကပ်ရပ်
နားရမည်မသိသေး။သူဆက်မတွေးချင်တော့။မှေးစင်းလာသောမျက်လုံးများကိုအသင့်ယူလာခဲ့သောရေသန့်
ဗူးလေးဖွင့်၍မျက်နှာသစ်ပစ်လိုက်ရသည်။

                    စစ်ကိုင်း ရောက်ပြီဟုပြောဆိုနေကြသောခရီးသည်အချို့၏စကားသံကြောင့်သာစစ်ကိုင်း
သို့ရောက်နေပြီမှန်းသိလိုက်ရ၏။မကြာမီမန္တလေးသို့ရောက်တော့မည်ထင်သည်။မန္တလေးနှင့်စစ်ကိုင်းနီးသည်
ဟုသူများတွေပြောထားသောစကားကိုသူပြန်ကြားယောင်နေမိသေးသည်။ဘယ်သူမျှမသိနိုင်သောသက်ပြင်းကို
အသာအယာခိုးရှိုက်လိုက်ရသည်။ဘ၀ခြေလှမ်းသစ်တစ်ခုစဖို့အားအတော်စိုက်ရမည်ဟုသူသဘောပေါက်သလို
လိုဖြစ်လာခဲ့သည်။စမိပြီဖြစ်သောခြေလှမ်းမို့သူဆက်လျှောက်ရပေဦးမည်။
                        *******************************************

                  မန္တလေးဘူတာကြီးသို့ရောက်လာခဲ့ပြီ။အလုအယက်ခရီးသည်ရှာနေကြသောဆိုင်ကယ်တက္ကစီ
သမားများ၊ဆိုက္ကားသမားများကိုမြင်သောအခါသူအဖေ့ကိုသတိရမိလိုက်သေးသည်။အဖေကဆိုက္ကားနင်းသည်။
သူ့ချေွးနည်းစာဖြင့်မိသားစုကိုအလုပ်အကျေွးပြုနေသူဖြစ်၏။အမေကတစ်ဖက်တစ်လမ်းမှဈေးရောင်းသည်။
ထို၀င်ငွေလေးများဖြင့်မိသားစုလည်ပတ်နေခဲ့ရခြင်းပင်ဖြစ်၏။ထိုမိသားစုအ၀န်းအ၀ိုင်းလေးကိုသူစွန့်ခဲ့သည်။
မိသားစုတစ်ခုကကြယ်စုံသောကောင်းကင်ဖြစ်မည်ဆိုလျှင်သူကပဲ့ထွက်လာသောဂြိုဟ်ပဲ့လေးတစ်ခုသာဖြစ်
မည်ထင်သည်။

              အခုသူမန္တလေးမြေကိုခြေချမိပြီ။အဖေ၊အမေနှင့်ညီမလေးတို့ကခင်ဦးမြို့၏ဆင်ခြေဖုံးရပ်ကွက်လေး
မှာကျန်နေရစ်ခဲ့ပေပြီ။လောလောဆယ်အဖေ့သူငယ်ချင်းဦးလတ်ကိုတွေ့အောင်ရှာရမည်။လွယ်အိတ်တစ်လုံးဖြင့်
ယောင်လည်လည်ဖြစ်နေသောသူ့ကိုဆိုင်ကယ်တက္ကစီသမားတစ်ဦးကလာမေးသည်။

              ညီလေး..မင်းဘယ်သွားမလို့လဲ..အစ်ကိုလိုက်ပို့ပေးမယ်လေ..ဈေးကတော့ညှိပေးလို့ရပါတယ်
သူ ၀မ်းသာသွားသည်။အိတ်ကပ်ထဲမှလိပ်စာတစ်ခုကိုထုတ်ပြလိုက်၏။
                သြော်..ဒီနေရာလား..ရတယ်ညီလေး နှစ်ထောင်ပဲပေး..အစ်ကိုလိုက်ပို့မယ်..မနက်စောစောဈေးဦးပေါက်
ဆိုတော့အစ်ကိုလျှော့ယူလိုက်တာပါ
                သူဘာမျှမပြောတတ်၊ဆိုင်ကယ်နောက်မှလိုက်ခဲ့လိုက်သည်။ဆယ့်ငါးမိနစ်ခန့်ပဲမောင်းလိုက်ရသည်။
ဦးလတ်တို့အိမ်ရှေ့ရောက်သွား၏။တက္ကစီသမားကိုနှစ်ထောင်ပေးလိုက်သည်။ကျေးဇူးတင်ကြောင်းပြောပြီးတက္ကစီ
သမားပြန်ထွက်သွားသည်။တံခါး၀မှနေ၍ဦးလတ်ကိုအော်ခေါ်လိုက်ရ၏။အိပ်မှုန်စုန်မွှားဖြင့်ထွက်လာသောဦးလတ်က သူ့ကိုမြင်တော့အံ့သြသွားသည်။

                  ဟေ့ကောင်..မျိုးဇော်..မင်းမန္တလေးကိုဘာလာလုပ်တာလဲ..မင်းအဖေတို့ရော မပါဘူးလား
ဟုတစ်ဆက်တည်းမေးလာ၏။ကျောင်းပုန်းသည်မှစ၍အိမ်မှထွက်လာမိသည်အထိဇာတ်ကြောင်းအကျဉ်းကို
သူပြန်ပြောပြလိုက်ရသည်။
                   မင်းအတော်မိုက်တဲ့ကောင်ပဲကွာ..ဘ၀ကိုဘာမှနားမလည်ပဲထွက်လာတော့မိဘဘယ်လောက်
စိတ်ပူရမယ်ဆိုတာမင်းမသိဘူးလားကွ..မင်းအဖေမင်းကိုရိုက်တယ်ဆိုတာကလည်းချစ်လို့ရိုက်တာကွ..ချစ်လွန်
လွန်းလို့..မင်းမသေမချင်းမှတ်ထား..ဘယ်မိဘမှကိုယ့်သားသမီးကိုမုန်းတီးစိတ်နဲ့မရိုက်ဘူး..မင်းကိုမင်းအဖေ
ကအများကြီးမျှော်လင့်ထားတာ..ငါနဲ့တွေ့တိုင်းလည်းမင်းအကြောင်းမကြာခဏပြောဖြစ်တယ်သူကမင်းကို
အမြင့်ကြီးမှန်းထားတာကွ..ခုတော့မင်းကမင်းအဖေလက်နဲ့ရေးတာကိုခြေနဲ့ဖျက်ပစ်လိုက်သလိုဖြစ်နေပြီ..ဟူး..
ငါတော့ကြားထဲကခေါင်းမီးတောက်ရမယ့်ကိန်းပဲဟေ့ဟုညည်းတွားပြောဆိုလျှက်သူ့ကိုအိမ်ထဲ၀င်ခိုင်းသည်။

                      မန္တလေးမှာကိုယ်ပိုင်အိမ်၀င်းလေးရှိသောကြောင့်ဦးလတ်တို့မိသားစုက မချမ်းသာပေမယ့်ချောင်လည်သလိုတော့ရှိဟန်တူသည်ဟုသူတွေးနေမိ၏။အိမ်ထဲရောက်တော့မနက်စာထမင်း
၀ိုင်းမှာသူ့ကိုတစ်ခါတည်းထမင်းစားခိုင်းသည်။ထမင်းစားပြီးမှမိသားစုနှင့်မိတ်ဆက်ပေး၏။ဦးလတ်၏သမီးနှစ်
ယောက်ကသူ့ကိုလူထူးဆန်းသဖွယ်ကြည့်နေကြသည်။ဦးလတ်ဇနီးကတော့သူ့ကိုကရုဏာသက်သည်လား။
သူ့မိသားစုကိုသနားနေသည်လားမသိ။မျက်ရည်ရိပ်ရိပ်စို့နေမှန်းသူသတိပြုမိ၏။သူများအိ်မ်ပေါ်မှာသူ့အပူတွေ
သွားကူးစက်စေပြီလား တွေးမိသောအခါဖျတ်ကနဲစိတ်ကမိသားစုအိမ်လေးကိုသတိရသွားသည်။

                   ကဲ..အခုမင်းကမန္တလေးရောက်လာပြီဆိုတော့ ရှေ့ဆက်ဘာလုပ်ဖို့စိတ်ကူးထားလဲ..ဒီခေတ်
ကြီးထဲမှာပညာအဆင့်အတန်းမရှိလို့ကတော့အလုပ်ရဖို့သိပ်မလွယ်ဘူးကွ..ဘွဲ့ရပြီးသူတွေတောင်အလုပ်
ရှားနေတာ..မင်းကွာ..ကျောင်းတော့ပြီးအောင်တက်သင့်တာပေါ့..ခုတော့ကျောင်းစာတစ်၀က်တစ်ပျက်နဲ့
အိမ်ပြေးဖြစ်ပြီ..မိဘဘယ်လောက်စိတ်ပူနေမယ်ဆိုတာမင်းမတွေးမိဘူးလား..အေးပေါ့လေ..မင်းကိုယ်တိုင်
မိဘနေရာရောက်မှသိလိမ့်မယ်..ခုတော့ဒီလောက်ပဲငါပြောချင်တယ်မျိုးဇော်..မင်းပန်းလာရင်အနားယူဦး.
.မင်းအတွက်ငါ စဉ်းစာ းရဦးမယ်..ဟူး..
                     သက်ပြင်းရှည်ကြီးမှုတ်ထုတ်၍ဦးလတ်အပြင်ထွက်သွားသည်။သူ့အတွက်နေရာပေး
ထားသောအိမ်အနောက်ဖီလေးထဲ၀င်လှဲရင်းစဉ်းစားခန်းဖွင့်နေမိ၏။ရောက်လာမိမှတော့သူနောက်ပြန်မလှည့်
ချင်တော့။မန္တလေးမှာပဲရရာအလုပ်လုပ်တော့မည်ဟုဆုံးဖြတ်ချက်ချထားလိုက်၏။ မှေးကနဲအိပ်ပျော်သွားသော
အခါအဖေ့ကိုအိပ်မက်မက်သေးသည်။
                       ***********************************

                    ဦးလတ်အလုုုုုုုပ်ရှာပေးသဖြင့်ဘူတာကြီး၌ကုန်တင်ကုန်ချအလုပ်ကိုသူရလိုက်သည်။မတတ်
နိုင်တော့။ရရာအလုပ်ကိုလုပ်ဖို့ဆုံးဖြတ်ချက်ချထားပြီးပြီမို့လုပ်ရပေတော့မည်။ကုန်တင်ကုန်ချပါးသောအချိန်
များ၌ဘူတာကြီး၀န်းကျင်မှဆိုင်ကယ်တက္ကစီသမားများထံကပ်၍ဆိုင်ကယ်စီးသင်ရသည်။ဆေးလိပ်၊ကွမ်းယာ
ကလေးပေး၍ပေါင်းသင်းတတ်သောသူ့ကိုဆိုင်ကယ်တက္ကစီသမားများကခင်မင်ကြ၏။တက္ကစီသမားများထဲမှ
ကိုဦးကသူ့ကိုညီငယ်တစ်ယောက်လိုသဘောထား၍ဆိုင်ကယ်စီးသင်ပေးသည်။လမ်းတွေလည်းပြောပြပေး၏
။နှစ်လကျော်ကြာသွားသောအခါဆိုင်ကယ်ဖြင့်ခရီးများကိုလိုရာခရီးအရောက်လိုက်ပို့နိုင်ခဲ့၏။ရသမျှလုပ်အား
ခလေးကိုဦးလတ်ဆီမှာအပ်ထားသောကြောင့်ဦးလတ်ကသဘောကျနေသည်။အပို၀င်ငွေရနေသောဆိုင်ကယ်
တက္ကစီခများကိုတော့သူမအပ်ခဲ့။ထိုအပိုရသောငွေများဖြင့်သူသောက်စားတတ်လာသည်။အလုပ်ကိုအကြောင်းပြ
လျှက်ညနက်မှအိမ်ပြန်တတ်သည်။လုပ်အားခလည်းအပ်ထားသောကြောင့်သူအကျင့်ပျက်နေမှုကိုဦးလတ်တို့
သတိမပြုခဲ့မိကြ။

                             တဖြည်းဖြည်းအချိန်တန်လျှင်သောက်ရမှကျေနပ်သောအဆင့်သို့ပင်ရောက်လာခဲ့၏။
ဆိုင်ကယ်တက္ကစီသမားလောက၏ပါးနပ်မှုကိုသူကတတ်ကျွမ်းထားသည်မို့သူ့အတွက်နေ့စဉ်၀င်ငွေအနည်း
ငယ်တော့ရနေသည်။သူမန္တလေးရောက်စကအဖြစ်ကိုပြန်တွေးရင်းရယ်ချင်သလိုလိုတောင်ဖြစ်နေမိ၏။အကွာ
အေ၀းသိပ်မရှိသောခရီးတိုလေးကိုလှည့်ပတ်မောင်း၍ ငွေနှစ်ထောင်တောင်းသွားသောတက္ကစီသမားအားသူ
စိတ်မဆိုးဖြစ်တော့။ထိုနည်းကိုသူကိုယ်တိုင်သုံးနေရပြီဖြစ်သောကြောင့်ပင်။လည်သူစားဝါဒအောက်မှာသူ့
ပင်ကိုယ်စိတ်ကပျောက်ခြင်းမလှပျောက်သွားသည်။ဘူတာကြီးတစ်၀ိုက်တွင်သူ့နာမည်ကျော်လာ၏။ဖဲပြန်
ရိုက်တတ်လာသည်။

                   အကြောင်းအမျိုးမျိုးပြ၍ဖျံကြတတ်သောကြောင့်သူ့နာမည်ကိုဖျံကြီးဟုခေါ်သူတွေပင်များပြား
လာသည်။သူဂရုမစိုက်ပဲနေခဲ့သည်။တစ်ခါတစ်ရံဦးလတ်ဆီမှလည်းအကြောင်းပြချက်အမျိုးမျိုးဖြင့်လက်ဖြန့်
တောင်းတတ်လာ၏။အပ််ထားသောငွေထက်တောင်းသောငွေကများလာသောအခါဦးလတ်သည်းမခံနိုင်တော့။
သူ့အကြောင်းကိုတစ်ဖက်လှည့်ဖြင့်စုံစမ်းလာတော့၏။သိပ်မကြာမီဦးလတ်သိသွားတော့သည်။သူ့လုပ်ရပ်များ
ကိုမနှစ်သက်သောကြောင့်ဦးလတ်ကသူ့အိမ်မှာလက်မခံတော့။သူလမ်းဘေးရောက်သွား၏။ဆိုင်ကယ်တက္ကစီ
အဖွဲ့မှအပေါင်းအသင်းများကလည်းသူ့ကိုအရေးမလုပ်ကြတော့။ကြံရာမရဖြစ်လာသောအခါဘူတာအနီးတစ်
၀ိုက်လစ်လျှင်လစ်သလိုခိုး၀ှက်တတ်လာခဲ့၏။ရပ်ကွက်မှ၀ိုင်းဖမ်းသောကြောင့်အချုပ်ခန်းသို့ရောက်သွားရသည်။
                               ***********************

                   ချုပ်ရက်စေ့၍ပြန်လွတ်လာသောအခါဦးလတ်ဆီသွားတွေ့ဖို့သူဆုံးဖြတ်လိုက်သည်။ပြီးမှအဖေ
၊အမေနှင့်ညီမလေးတို့ရှိရာမိသားစုလေးသို့ပြန်တော့မည်။အချုပ်ခံနေရစဉ်ရက်များအတွင်းသူ့အကြောင်းကို
သူကိုယ်တိုင်ပြန်စဉ်းစားမိသည်။အဖေဖြစ်စေချင်ခဲ့သောသားတစ်ယောက်အဖြစ်သူမရပ်တည်နိုင်ခဲ့သော
ကြောင့်၀မ်းနည်းမိလာ၏။ပညာမစုံသေးခင်ဘ၀ကစားပွဲကို၀င်ကစားမိသောကြောင့်အမှားကြီးမှားခဲ့ရခြင်းကို
လည်းပြန်မြင်လာမိသည်။သူအလွန်မိုက်ခဲ့သည်။အဖေ့ကိုတောင်းပန်၍မိသားစုသိုက်သိုက်၀န်း၀န်းပြန်နေချင်
လာသည်။မိဘဆိုသည်မှာတောင်းဆိုးပလုံးဆိုးသာစွန့်ပစ်ရိုးထုံးစံရှိသည်။သားဆိုးသမီးဆိုးစွန့်ပစ်ရိုးထုံးစံ
မရှိဟုသူမှတ်သားဖူးခဲ့၏။ထိုအဆိုအတိုင်းမှန်လျှင်သူ့ကိုအဖေနှင့်အမေက ပြန်လက်ခံကြပေလိမ့်မည်။ဆိုး
မိုက်ခဲ့သောဘ၀တစ်ပိုင်းကိုသင်ပုန်းချေပြီးလက်ကျန်ဘ၀မှာအကောင်းဆုံးဖြစ်အောင်နေထိုင်တော့မည်ဟု
ဆုံးဖြတ်ချက်ခိုင်ခို်င်မာမာချလိုက်၏။

                  ဦးလတ်နှင့်တွေ့သောအခါစိမ်းစိမ်းစူးစူးစိုက်ကြည့်နေသောအကြည့်ကြောင့်သူစိတ်မလုံသ
လိုဖြစ်သွားသည်။ဦးလတ်၏မျက်လုံးများကရဲရဲနီနေ၏။သူဦးလတ်အနားအသာတိုးသွားလိုက်သည်။
               ဦးလတ်..ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ..ကျွန်တော်မှား..သြား
                စကားပင်ဆုံးအောင်မပြောလိုက်ရ။ဦးလတ်၏လက်သီးချက်များကသူ့မျက်နှာပေါ်အတားအဆီး
မရှိကျရောက်လာသည်။သူအံ့သြမှင်သက်နေမိ၏။ပြီးမှအံတင်းတင်းကြိတ်ထားရဟန်ဖြင့်ဦးလတ်တက်တစ်
ချက်ခေါက်သည်။နဖူးကြောကြီးများထောင်ထနေသည့်ကြားမှသူ့ဆီစာရွက်ခေါက်လေးပစ်ပေး၏။

               ဖတ်ကြည့်..ဟေ့ကောင်..လူမိုက်..မင်းထက်မိုက်တဲ့သူရှိဦးမလားကွာ..မင်းအမေရေးပေးလိုက်တဲ့
စာကိုသေချာဖတ်ပြီးမှမင်းဘာဆက်လုပ်မယ်ဆိုတာဆုံးဖြတ်တော့.မင်းကွာ..တောက်..
                 ဈေးဖိုးမှတ်နေကျစာရွက်ဟောင်းလေးဖြင့်အမေရေးပေးလိုက်သောစာများကသူ့ကမ်ဘာကိုပြိုလဲ
ပျက်စီးသွားစေပြီဖြစ်သည်။သူမျှော်လင့်ထားသောမိသားစုကောင်းကင်ကြီးမှာလမင်းကြီးကွယ်ပျောက်ခဲ့ရပြီ။
မည်သည့်အလင်းဖြင့်သူအလင်းပြန်ရမည်နည်း။မိုက်မှားမိသောအပြစ်တစ်ခုကသူ့ကိုတစ်သက်စာအမှတ်တ
ရတွေပေးသွားခဲ့ပြီဖြစ်၏။ယူကြုံးမရဖြစ်ရုံအပြင်ဘာမျှမတတ်နိုင်တော့။အပြစ်ကိုသိ၍တောင်းပန်ရန်လာခဲ့သော
သားမိုက်၏အမြင်မှန်စကားတစ်ခွန်းလောက်တောင်နားထောင်ခွင့်မရရှာတော့သောအဖေ့ကိုသူ့စိတ်ထဲမှာအ
ကြိမ်ကြိမ်တောင်းပန်နေမိသည်။ဦးလတ်ကိုကန်တော့၍ဇာတိမြို့ကိုပြန်ခဲ့သည်။လစ်ဟာနေသာရင်ထဲမှာ
ဘာမျှမရှိတော့သလိုပင် ။

                     သူအချုပ်ကျနေချိန်အတွင်းဦးလတ်၏သတင်းပေးပို့မှုဖြင့်အဖေသိသွားခဲ့သည်။သူ့ကို
အချုပ်ခန်းမှပြန်ထုတ်နိုင်ရန်အဖေအလုပ်ကြိုးစားခဲ့၏။နေ့ရောညပါအလုပ်လုပ်ရသောကြောင့်အားအင်ကုန်
ခန်းလာခဲ့သည်။ဆိုက္ကားကိုပင်ငြိမ်အောင်မထိန်းနိုင်တော့။လမ်းကွေ့တစ်ခုမှာအုတ်သယ်လာသောကားဖြင့်
၀င်တိုက်မိခဲ့သည်။ဦးလတ်ဆီအမေပေးထားသောစာရွက်ထဲမှစာကြောင်းများ၏အဖြစ်အပျက်ပြညွှန်ချက်ကို
သူဆက်မတွေးရဲတော့။အဖေ့ကိုမည်သို့တောင်းပန်စကားဆိုရတော့မည်နည်း။

                   အိမ်သို့ပြန်ရောက်သောအခါဆို့နင့်ကြေကွဲနေသောအသံဖြင့်အမေကဆီးကြိုသည်။သူ့ရင်
ဘတ်ကိုလည်းတ၀ုန်း၀ုန်းထုရိုက်နေတော့၏။
                 ကိုညွန့်ရေ..မြင်လှည့်ပါဦး..ဒီမှာရှင့်သားလူလိမ္မာကြီးပြန်ရောက်နေပြီလေ..ရှင်ဖြစ်စေချင်ခဲ့
တဲ့ရှင့်သား ပညာတတ်ကြီးပြန်ရောက်နေပြီလေ..ဆုံးမစကားလေးလာပြောပါဦးလား ကိုညွန့်ရယ်
                 အမေ့မျက်ရည်တွေမြင်ရတော့သူလည်းမျက်ရည်ကျရသည်။ညီမလေး၏ငိုရှိုက်သံကိုလည်း
ကြားနေရ၏။သူမဆင်မခြင်မိုက်မှားမိခဲ့သောအမှားတစ်ခုကမိသားစုအတွင်းမှာမျက်ရည်ပူတွေလိမ့်ဆင်းစေ
ခဲ့သည်။ဖြေမပြေနိုင်သောအလွမ်းတွေပြိုကျစေခဲ့သည်။သူအမှားကြီးမှားသွားခဲ့ပြီ။အစားထိုးမရနိုင်သော
ဆုလာဘ်ကြီးတစ်ခုကိုလက်လွတ်ဆုံးရှုံးခဲ့ရသည်။ကံကြမ္မာကသာပြင်ဆင်ခွင့်ပေးမည်ဆိုလျှင်သူအမှားတွေ
ကိုချက်ချင်းပင်ပြန်ပြင်လိုက်ချင်သည်။သို့သော်..ကံကြမ္မာသည်သူနှင့်သူ့မိသားစုအားရက်စက်စွာမျက်
လှည့်ပြသွားခဲ့သည်ဟုသူထင်နေမိသည်။
                    ************************************

                  အဖေ့အိပ်ရာဘေးမှာထောင်ထားသောအဖေ့ဓာတ်ပုံအဟောင်းလေးကိုသူရဲရဲမကြည့်ဝံ့ခဲ့။
အမှားပြုမိထားသောစိတ်ကအဖေ့ရှေ့မှာအလိုလိုသိမ်ငယ်နေသည််ထင်၏။အဖေ့မှတ်စုဖြစ်မည်ထင်ရသော
ဒိုင်ယာရီစာအုပ်အဟောင်းလေးကသူ့စိတ်ကိုညှိုငင်နေသည်။သူဖတ်ချင်စိတ်ကိုထိန်းမရတော့။ဖွင့်ဖတ်
လိုက်မိသည်။ရုတ်တရက်ကမ်ဘာကြီးတစ်ခုလုံးအမှောင်ကျသွားသလိုပင်။
                  ငါးတန်းအောင်ရုံမျှဖြင့်ကျောင်းထွက်ခဲ့ရသည်ဆိုသောအဖေ့လက်ရေးစွေစောင်းစောင်းလေး
များကြားမှမေတ္တာတရားတွေအဖြောင့်သားပေါ်လွင်နေသည်။မိသားစုနှင့်ပတ်သက်သောအခြေအနေလေး
များကိုတစ်ပိုင်းတစ်စရေးခြစ်ထားသည်များလည်းတွေ့ရ၏။နေ့တိုင်းရေးသောဒိုင်ယာရီမဟုတ်သော်လည်း
သူကိုထိုးမိရိုက်မိသောနေ့မှခံစားချက်ကိုအဖေ့ကကြေကြေကွဲကွဲဖွင့်ဆိုထားသည်။
               အဲဒီနေ့က..ငါလက်လွန်သွားတယ်..သားကိုပညာတတ်ကြီးဖြစ်စေချင်လွန်းတဲ့စိတ်ကလွန်
ကဲနေတာမှားသွားပြီလား..ငါ့စေတနာကိုငါ့သားကအသိအမှတ်မပြုခဲ့ဘူး..ငါတို့လိုပညာမဲ့လို့လူတကာ
ခိုင်းစေခံနေရတဲ့ဘ၀မျိုးငါ့သားသမီးတွေကိုမရောက်စေချင်ခဲ့ဘူး..ကရုဏာဒေါသောနဲ့ရိုက်လိုက်မိတဲ့
ငါ့ကိုငါ့သားကအအပြစ်မြင်သွားပြီထင်တယ်အဲဒီနေ့ညက ငါတစ်ယောက်ထဲ ငိုနေမိတာ..
               နောက်စာမျက်နှာများကိုဆက်ဖတ်ဖို့သူလိပ်ပြာမလုံတော့။အဖေ့မျှော်လင့်ချက်ကြီးုကို
သူရိုက်ချိုးပစ်ခဲ့မိပြီ။အဖေ့ကိုသနားမိသွားသလိုအဖေဖြစ်စေချင်သောပညာတတ်တစ်ယောက်ပြန်ဖြစ်ဖို့
သူဘ၀သစ်ပြန်စရင်းကြိုးစားရမည်။ထိုသို့မဟုတ်လျှင်တမလွန်မှနေ၍အဖေစိတ်ချမ်းသာလိမ့်မည်မဟုတ်။
သက်ရှိထင်ရှားရှိစဉ်ကလုပ်မပေးနိုင်ခဲ့သောအဖေ့မျှော်လင့်ချက်ကိုသူမဖြစ်မနေအကောင်အထည်ဖော်
ရပေမည်။သူပညာတတ်တစ်ယောက်ဖြစ်လျှင်အဖေ၀မ်းသာပါလိမ့်မည်။
                 နောက်ဆုံးရေးသွားခြင်းဖြစ်မည်ဟုထင်ရသာစာမျက်နှာမှာအဖေ့ကသူ့မျှော်လင့်ချက်ကို
အတိအလင်းပြောပြထားသည်။အဖေသည်ဦးလတ်မှတစ်ဆင့်သူအချုပ်ကျနေသည့်အကြောင်းကိုလည်း
သိသွားဟန်တူသည်။သူ့ကိုအချုပ်မှပြန်ထုတ်ပေးဖို့အဖေအလုပ်တွေကြိုးစားခဲ့ပေလိမ့်မည်။သူ့ကိုယ်
သူခွင့်မလွှတ်ချင်တော့လောက်အောင်ခံစားလိုက်ရသည်။အတောင်မဆုံပဲအပျံကျင့်ခဲ့သောသူ့ဘ၀ငယ်
ငယ်ရွယ်ရွယ်နှင့်အတောင်ကျိုးခဲ့ရသည်။လိမ္မာဖို့ပြန်လာခဲ့သောသူ့ကိုအဖေမြင်မသွားခဲ့ရတော့။သူက
လည်းအဖေ့ကိုသက်ရှိထင်ရှားမတောင်းပန်လိုက်ရ။အဖေဖြစ်စေချင်သောပညာတတ်တစ်ယောက်ဖြစ်
အောင်လုပ်ပေးဖို့သူကြိုးစားရပေမည်။
                  အဖေမရှိတော့ပေမယ့်အဖေ့ဒိုင်ယာရီစာအုပ်အဟောင်းလေးကသူ့ကိုဆုံးမနေသည်ဟု
ခံယူထားလိုက်သည်။ငါ့သားကြီးကိုပညာတတ်တစ်ယောက်အဖြစ်မြင်ချင်လိုက်တာဟူသောနောက်ဆုံး
စာကြောင်းလေးကသူ့အတွက်အမြဲအဖေအနားမှာရှိနေသေးသယောင်တွန်းအားပေးနေခဲ့သည်။
                   ကျောင်းပြန်ဖွင့်လျှင်မပြီးသေးသောပညာရေးအတွက်သူပြီးဆုံးအောင်ပြန်လုပ်ရပေ
မည်။အမေ့ကိုတစ်ဖက်တစ်လမ်းမှကူညီရင်းအဖေ့မျှော်လင့်ချက်တွေပြည့်စေချင်နေမိသည်။
တကယ်တောင်းဆိုခွင့်ရှိ၍ဆုတစ်ခုကိုတောင်းရမည်ဆိုပါလျှင်သူပညာတတ်တစ်ယောက်ဖြစ်နေ
မည့်အချိန်ထိအဖေ့ကိုပြန်ရှင်သန်စေချင်မိသည်။ 


                                             ရတုသစ်

Sunday, May 12, 2013

သက္ကရာဇ်တွေခုတ်မောင်းလာတဲ့စွပ်ကြောင်းရာကြီးထဲ...

သက္ကရာဇ်တွေခုတ်မောင်းလာတဲ့စွပ်ကြောင်းရာကြီးထဲ
သမိုင်းကငြင်းချက်ထုတ်ရန်သမ္မန်စာပို့လိုက်တယ်

အပ်နဲ့အပ်ချင်းထိပြီးဗိုင်းရပ်စ်တွေသီးပွင့်လာနေတဲ့ဒြပ်ပေါင်းဖို/မ ချိန်ခွင်လျှာပေါ်
လူဟာ ဗြဟ္မာကတစ်ဆင့် ဆင်းသက်လာတာလား
လူဟာ အာဒံနဲ့ဧ၀က တစ်ဆင့် ဆင်းသက်လာတာလား
လူဟာ မျောက်ကတစ်ဆင့် ဆင်းသက်လာတာလား
မဖြေဘူး ။အဲဒီမေးခွန်းတွေဖြေဖို့အချိန်မရှိဘူး၊အချိန်ကို သေချာချင့်ချိန်
စိုက်၀င်နေတဲ့ကျည်ဆံကိုအရင်ထွင် ၊ပစ်လိုက်တဲ့သေနတ်ကိုလိုက်လုနေလို့သွေးမတိတ်ဘူး
လူသားဘုရားတွေဟာလည်းမွေးစကအ၀တ်ဗလာ/ကိုယ်တစ်ခု/ဦးနှောက်နှစ်ကန့်စီသာ
စက္ကန့်ခြောက်ဆယ်ပြည့်မှတစ်မိနစ်ရေတွက်ရုံနဲ့အချိန်က ကိုယ့်ကို ပြန်ချိန်ပြီ သတိ
နာရီတွေဆီက ပစ်ခတ်လိုက်တဲ့ကျည်တောင့်တွေထဲမှာ ငရဲ/နိဗ္ဗာန် ဘာကိုတွေ့
ကျုပ်တို့မေ့နေလေ နာရီတွေကခုန်လေပဲ၊ တဂျက်ဂျက် ၊တဒက်ဒက် ၊တချက်ချက်ပစ်ခတ်
ခေါင်းထဲထည့်ပေးထားတဲ့မီးခွက်ကနေ့နေ့ညညထွန်းညှိုဖို့အလင်းဓာတ်အားပဲ ကိုယ့်လူ
နက်တူးနေမယ့်ညညစ်ညစ်ကြီးထဲနွံတွေ ရေနှစ်သတ်ဖို့ ခတ်ထားတဲ့သော့တွေဖြုတ်လိုက်
မွိတ္ထားပါ၊ ပိတ္ထားပါ၊ မီးတွေအိပ်မောကျချိန်ဟာအငြိမ်သက်ဆုံးဖြာထွက်မှုအရောင်
ငရဲဟာ နိဗ္ဗာန်ထက်စွဲမက်ဖွယ်ကောင်းတဲ့သွေးသား ရှိုက်ဖို ကြီးငယ် အသွယ်သွယ်
ခေတ်စံနစ်ရဲ့ပန်ကာထဲ လူတွေကိုယ်တိုင်က ကွိုင်ထုပ်ကြီးတွေလို တ၀ီ၀ီ တဟီဟီ
အမျှင်တွေထဲမှာသံယောဇဉ်ကိုရှာတွေ့လိုက်တဲ့မျက်လုံးထဲ သပွတ်အူ၀င်ခွေနေတယ်
သေခဲ့တယ်၊သေနေတယ် ၊သေဦးမယ် ၊သံေ၀ဂရွတ်နေရင်းတောင်အသေဟာရှင်တယ်ထင်ရင်းသေခဲ့ရ
ဘယ်လိုဖြေလို့မှမအောင်သေးတဲ့စာမေးပွဲပုစၦာမှာနိဗ္ဗာန်ဆိုတာကြီးက ဟားတိုက်ရယ်မော
ကသောကမျောကိုင်ထားဆဲမောဟစပွန်ဆာကြီးပဲဒရောသောပါးလှပ်လှပ်ကြည့်နေမိ
သတိတွေနားလည်မှုလွ ဲသြားမွဘ၀က ခါးတဲ့အကြောင်းမောင်းခတ်ကြေငြာမိကြ
သက္ကရာဇ်တွေအပူတပြင်းခုတ်မောင်းလာတဲ့စွပ်ကြောင်းရာအဟောင်းအနွမ်းကြီးထဲ
သမိုင်းစက်၀န်းကြီးကလိင်သုံးပါးတို့ဆီ ငြင်းချက်ထုတ်ရန် သမ္မန်စာပို့လိုက်တယ်..။ ။


ရတုသစ်

Saturday, May 11, 2013

ကဗျာတွေ ရပ်တန့်ငေးမောရတဲ့ အမေ

ကောင်းကင်ထက်မော့ကြည့်လိုက်တော့
ကြယ်လေးတွေ အသိုက်အမြုံအတိုင်း စီးဆင်းလို့
ဇရာမျက်ကွင်းတွေညိုနေတာတောင်
အမေက သားတို့အမှောင်ခြမ်းမှာလင်းနေတုန်း ။

မထစ်ချုန်းဘဲ ရွာနေကျမိုးဟာ
အမေပေါ့
သားချော့တေးသံတွေထဲမှာ
အမေ့မေတ္တာတရားကို တွေ့တယ် ။

လဲကျလုလု ဘ၀ခရီးလမ်းမှာ
အမေ့စမ်းချောင်းလေးဟာ ထာ၀ရ စိမ့်စမ်းရေ
သားတို့ တွေဝေနေတဲ့ ငရဲခန်းထဲထိ
အမေ့အကြည့်တွေဟာ ပြိုးပြက်လင်းတောက်ဆဲ။

အမေ ရေးဆွဲခဲ့တဲ့ ခဲခြစ်ကောက်ကြောင်းဟာ
သားတို့အနာဂတ်ရဲ့မြေပုံတစ်ချပ်
ဘယ်သူဖတ်ဖတ်...မဖတ်ဖတ်
အမေဆိုတဲ့အသံထွက်တာနဲ့
ကဗျာတွေအကုန် ရပ်တန့်သွားတယ်..အမေ။

အမေဟာ ကဗျာရဲ့ အထက်မှာရှိတယ်
အမေ့ဆီမှာ ကဗျာရှိတယ်
အမေကိုယ်တိုင် ကဗျာဖြစ်နေမှတော့
အမေ့အတွက် သီးသန့်ခြယ်သစရာ ကဗျာ..
ခုထိ..
သား ရှာမတွေ့သေးဘူး..အမေ..။

ရတုသစ် 

Sunday, May 5, 2013

တည့်တည့်ပြောချင်နေတာလေးတွေ ( ခ )

တည့်တည့်ပြောကြည့်ခြင်း ( ၄ )
********************
နာမည်လား
နံမည်လား
စာလုံးအကြီးကြီးရေးထားလိုက်ရုံနဲ့ကြီးမယ်ဆိုရင်တောင်
အဲဒီစာလုံးကြီးရေးဖို့
နေရာတစ်ခုတော့လိုမယ် ။
နာမည်ကြီးပြီဆိုလေ့လာလိုက်
နာမည်အလိုက်အနာခံခဲ့ရတာတွေရှိတယ် ။
တစ်ပွဲတိုးဆေးထိုးခံလိုက်ရုံနဲ့
ကြီးလာတဲ့အမည်မျိုးက
သိပ်မဟန်ဘူး.သိပ်မခံဘူး
ပုပ်ပွတယ်..နံစော်တယ်
အဲဒါ..
နာမည်မဟုတ်ဘူး..နံမည်... ။ ။



 တည့်တည့်ပြောကြည့်ခြင်း ( ၅ )
********************
တ၀ုတ်၀ုတ်နဲ့ ထိုးထိုးပြီးဟောင်နေတာ
ခွေးပဲဟောင်တာမဟုတ်ဘူး
ဟောင်တယ်..ဟောင်တယ်
လူတွေလည်းဟောင်တယ်
စိတ်တွေလည်းဟောင်တယ်
စာရိတ္တတွေလည်းဟောင်တယ်
အသံမမြည်ဘူး
ဒါပေမယ့် အနံ့တော့ရတယ်
ထိုးထိုးပြီးဟောင်နေတဲ့ အနံ့တွေ ။



 တည့်တည့်ပြောကြည့်ခြင်း ( ၆ )
********************
တေသြးထဲ သွေးခံထားရတဲ့သွေးတွေ
ဓားတွေလို ထက်ရှ မလာတော့ဘူးလား
ကျောက်သွေးသမားလက်ထဲကကျောက်တုံးတောင်
သွေးတတ်ရင်...
ပြောင်ပြောင်လက်လက်အရောင်ထွက်သေးတယ် ။

အို ၊ေအ ၊ဘီ ၊ေအဘီ ၊အေပလပ်စ်၊အေမိုင်းနပ်စ်ဆိုတာသေ ြးလား
သွေးဆိုတာ အင်္ဂလိပ်လိုအသံထွက်တွေလား
အားနည်းလာတဲ့နှလုံးသားတွေထဲ
ရေတွေပဲ ဒလေဟာ စိမ့်၀င်ကြ
လေတွေပဲ တရစပ် တိုက်ခတ်ကြ ။

အတ္တကတော့
အပ်အပ် မအပ်အပ် အရိုးကြည့်မရှောင်ဘူး
သံမဏိသြား တွေလို ။

စားစရာမြင်တိုင်းကျဲသွားတဲ့သွေးထဲမှာ
အနီရောင်တွေမှိန်ဖျော့သွားကြပေါ့
သွေး..နေရစ်ခဲ့ ရာဇ၀င်ထဲမှာ
သွေး..နေရစ်ခဲ့ ဒဏ္႑ာရီထဲမှာ
သွေး..နေရစ်ခဲ့ လူ့ပတ်၀န်းကျင်အချို့မှာ
ဒီသွေးက ဘယ်လိုသွေးလို့မှ
ထက်ရှလာမှာမဟုတ်တော့ဘူး ။ ။

ရတုသစ်

တည့်တည့်ပြောချင်နေတာလေးတွေ ( က )

တည့်တည့်ပြောကြည့့်ခြင်း ( ၁ )
********************
ဂရုစိုက်တယ်ဆိုတာ
သစ်ပင်စိုက်သလို
ရေလောင်းပေါင်းသင်ဖို့မလိုဘူးမဟုတ်လား ။
ဂရု က စိုက်စိုက် မစိုက်စိုက်
ပတ်၀န်းကျင်ဆိုတာကတော့
အချိန်တန်ရင် အညှောက်ပေါက်တာပဲ ။

 

တည့်တည့်ပြောကြည့်ခြင်း ( ၂ )
*********************
ခေါင်းပေါ်မှာဆံပင်ရှိတာမရှိတာထက်
ခေါင်းထဲမှာဦးနှောက်ရှိဖို့တော့လိုမယ်
ခေါင်းအခွံကြီးထဲဖွဲတွေချည်းထည့်ထားရင် ပူမှာပဲ
အဲဒီဖွဲက မီးလောင်ရင်အတော်နဲ့ငြိမ်းတာမဟုတ်ဘူး
တငွေ့ငွေ့ တအူအူ ဖြစ်လာဦးမှာ
ခေါင်းတွေအလေးချိန်စီးဖို့ဦးနှောက်ကိုအားဖြည့်ဖို့လိုပြီ ။

 

တည့်တည့်ပြောကြည့်ခြင်း ( ၃ )
********************
စိတ်ဆိုးတယ်ဆိုတာ ချောင်းဆိုးသလိုအသံမထွက်ဘူး
စိတ်ဆိုး/မဆိုးသိဖို့အသံနားထောင်ရုံနဲ့လုံလောက်ပါ့မလား
အပွေးမြင်အပင်သိလို့ဆိုကြပေမဲ့
အတွေးမစင်တော့လည်း အမြင်ချိတော့တာပဲ
သင်ရိုးမကုန်သေးတဲ့ စိတ်နဲ့
စိတ်ကိုဆိုး ဆိုးကြည့်ရတော့
အရောင်တွေပဲ အစွန်းထွက်ကျန်ရစ်တယ်...။




 
ရတုသစ်

Saturday, May 4, 2013

ရင်အံ၀ှက်ကိုဖွင့်လိုက်တဲ့သော့ချက်တွေ ( B )

အလွမ်းအပိုင်းအစများ ( ဋ )
******************
စိတ္တဇအိမ်မက်များ
ရုတ်တရက်
သူ..ခါချထားခဲ့တဲ့မြို့ပျက်ကြီးထဲ
နိုးတစ်၀က်ညတိုင်းမြင်မက်လို့ ။

ညနက်ကြီး..ရေ..
အမှောင်တွေထစ်ချုန်းပေးစမ်းကွယ်
ရုန်းကြွလာတဲ့ ခါးသက်မှုအာရုံများ
လွင့်ပါး ပျောက်ကွယ်သည်အထိပေါ့ ။

တရိရိ ဝါးမျိုခံနေရတဲ့ စိမ်းတောက်ခြင်းတွေ
ဘယ်တော့များမှ ကျေအေးနိုင်မလဲ
ရင်ထဲရှိတဲ့အတိုင်းသာ
သူ.နားလည်လာရင် ကောင်းမယ်..။

လမ်းဟောင်းလေးဆီ
မျှော်ရည်တမ်းတစိတ် ဖြစ်တဲ့အခါ
လိပ်ပြာတမ်းချင်းဟောင်းတစ်ပိုဒ်
သူ..နှုတ်တိုက်ရွတ်ဆိုဖြစ်ပါစေ..
"အေးမြပါစေ..အချိန်တိုင်းပါပဲ " ။

ဖွင့်ထားဆဲ ရင်ခွင်မှာ
သူတစ်ယောက်သာ ခိုနားခဲ့ဖူးမှန်း
ငါ့ အခန်းဆက် ဒိုင်ယာရီက
သက်သေပြဖို့ အဆင်သင့်ဖြစ်နေပြီ..။

အလွမ်းအပိုင်းအစများ ( ဌ )
******************
လက်တံမှားနေတဲ့ နာရီဟောင်းတစ်လုံးလို
အချိန်ကို သုံးမရေတာ့ဘူး
အတိတ်ကပန်းစည်းလေးထဲမှာ
မျှော်လင့်ခြင်းများစွာ နေရစ်ခဲ့ ။

စေးပျစ်နေတဲ့ အလွမ်းတွေ
မျက်ရည်နဲ့ရောပြီးမွှေနေရပေါ့
သောကတွေ တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း
ရင်မြစ်ကျဉ်းလေးဟာ
ေ၀ဒနာတွေ ပြည့်လျှံဖိတ်ကျလို့ ။

မဖိတ်ခေါ်ပဲ ရောက်ခဲ့တာလား
အနုသယ ၀တ်ရုံကြားမှာ
သူ့ အပြုံးလေးများသာ ချိတ်တွယ််ထားရဲ့ ။

စကားနဲ့မလုံလောက်တော့တဲ့အခါ..
ဒီမွာ...
သေချာမြင်အောင်ကြည့်
ထိကရုံးအိပ်မက်မှာ
မျက်တွင်းဟောက်တစ်စုံနဲ့လူသား
နှလုံးသားကိုထုတ်ပေးဖို့ရင်ဘတ်ဖွင့်ထားတယ် ။


အလွမ်းအပိုင်းအစများ ( ဍ )
*******************
သူ့ အကြည့်ေ၀ေ၀လေးမှာ
မှော်ဆန်နေတဲ့ စာသားတွေပါတယ်
ကျိုးကြေပြီးသား ရင်ဘတ်တစ်ခုလုံး
သူ့ အပြုံးဟောင်းတွေနဲ့ရက်လုပ်ထားရ ။

အဆမတန်သိုသိပ်ထားတဲ့တမ်းမက်ခြင်းထဲ
လွမ်းဆွတ်မှုတွေ တ၀ဲ၀ဲလွင့်ခဲ့

အဆင်သင့်ပြင်ဆင်မထားမိသူ
ရင်ေ၀း ချူတံဖျားမှာ
မျက်ရည်ပွင့်များ အခိုင်လိုက်ပါသွားတယ် ။

သူက ချန်ပစ်ထားခဲ့ပေမယ့်
လူပဲကျန်ရစ်ခဲ့
ပွင့်သစ်စ သည်းဦးပန်းရယ်
လန်းဆန်းစ ချစ်မိခြင်းတွေရယ်
ရှာဖွေတွေ့ရှိကာစ ကမ်ဘာဦး ဂီတ ရယ်
အစားထိုး မရတဲ့ နှလုံးသားရယ်
ပစ္ခြါသြားတဲ့ သူ့အရိပ်တွေနောက်
တကောက်ကောက်ပျံထွက်သွားကြပေါ့ ။

ညှို့ချက်မိထားတဲ့ သတ္တဝါတစ်ကောင်လို
ဘယ်သောအခါမှ..
ရင်ပွင့်ကြွေတောတန်းကခွါနိုင်မှာမဟုတ်တော့ဘူး ။ ။

အလွမ်းအပိုင်းအစများ ( ဎ )
******************
ညနက်လာရင်
ကောင်းကင်ကိုမော့မကြည့်ရဲဘူး
လွင့်၀ဲကြွေကြလာမယ့် ကြယ်ပွင့်လေးတွေ
အစိ်မ်းခြွေခံရတာ မမြင်ရက်လို့ ။

တဖက်သတ်
ကိုယ်တိုင် မွန်းကြပ်အောင်လုပ်နေမိခဲ့
ထွက်ပေါက်မရှိတဲ့ ကမ်ဘာသစ်ကိုမှ
အကုန်ပုံပြီး ပစ်၀င်ခဲ့တဲ့ သူပေါ့ ။

နစ်ချင်နစ်
ကျွံချင်ကျွံ
ဒီ နွံပြာလဲ့လဲ့ထဲမှာ
ရင်ကွဲတေးဆက်ဆိုနေမယ်
သူ..မဆယ်ယူ မချင်း ။ ။

အလွမ်းအပိုင်းအစများ ( ဏ )
*******************
ခ်စ္မိသူက အရှုံးဆိုလည်း
ပြုံးပြီးကျေနပ်နေခဲ့မိ
သူ့ရဲ့ ဥပေက္ခာ မျက်၀န်းကတော့
ခုထိ..အစိမ်းရောင်တွေမွန်းနေတုန်း ။

"ချစ်ထုံးတွေ ဖြည်ပါတော့"
မရေရာခြင်း /မတည်မြဲခြင်းများအကြောင်း
သူ..မသိလို့လား ..မေးချင်ရဲ့ ။

အေ၀းကမြင်ရုံပျော်ခဲ့ရသူမို့
မခေါ်ချင်လို့ထားခဲ့လည်းအပြစ်မမြင်ဘူး ။

သူ..
ကြင်နာသူ အစစ်တွေ့ပါစေ
မေတ္တာစစ်စစ်နဲ့ ဆုခြွေနေမိတယ်
ကံကြမ္မာကြီးရေ...
သူ့ဆီက ဆိုးကျိုးရှိသမျှ
ငါ့ အပေါ် ပစ်ချပေးခဲ့ပါ ။ ။

အလွမ်းအပို်င်းအစများ ( တ )
******************
တစ်ကိုယ်ရေ ကြေကွဲခြင်းများ
စာသားတွေနဲ့မလုံလောက်တော့ဘူး
အတိတ်က ဆူးတစ်ချောင်းအတွက်
အိပ်မက်တွေ သွေးစက်စက်ကျဆဲ ။

မကျင်လည်ပဲ ကစားပွဲ၀င်နွှဲမိသလို
ဒိုင်လူကြီးကိုလည်း ကြောက်ရွ့ံရ
ပရိသတ်ကိုလည်းမဝံ့မရဲဖြစ်ရပေါ့
မရှုမလှရှုံးနိမ့်သွားတာတောင်
သူ့ကစားကွက်တွေကို
တမ်းမက် ဦးညွတ်နေမိဆဲ
အသည်းမှာ မှတ်ဉာဏ်မရှိတော့ဘူး
သူ..ခူးဖို့ ပန်းတစ်ပွင့်ပွင့်ထားရုံမျှသာ.... ။ ။

အလွမ်းအပိုင်းအစများ (ထ )
******************
ကိုယ့်ကိုယ်ကို မလိမ်ညာပါနဲ့
ငါ့ ကို ညာချင်ညာပါ
နှလုံးသားကို သချၤာတွက်တွက်နေရလို့
အဖြေမှန်မ ထြက္တတ္ဘူး ။

ရလဒ်ရှိပြီးသားအမှန်တရားမို့
ကံတရားရဲ့ စီရင်ချက်ကို
လက်ခံချိုမြိန်ထားခဲ့ရ
ညီမျှခြင်းနောက်ကွယ်က အဖြေအတွက်
ဆင်ခြေပေးဖို့ အားမွ မရှိတော့တာ ။

ခဏေလးပါပဲ
ယာယီအဖြစ် သူ စခန်းချခဲ့ရာ
ငါ့ ရင်ဘတ်တစ်ကြောလုံးတလွင့်လွင့် ဝါတယ် ။

ဘာကိုမှနားမလည်ချင်တော့ဘူး
ဆည်းဆာဖျော့ဖျော့မှာ
လေပြည်ဆော့တိုင်း လွမ်းတယ်
လရောင်တွေ ရွာချတိုင်း
သူ့ဆံနွယ်မှာ အုပ်ဆိုင်းတတ်တဲ့
ပွင့်ဖတ် ဖြူဖြူလေးတွေလည်း လွမ်းတယ် ။

နေ့နေ့ ညည အလွမ်းက
ရင်ဘတ်နဲ့တောင်မမျှတော့တဲ့အခါ...
ကံကြမ္မာကို တောင်းပန်လိုက်မိရဲ့
"ခပ်မြန်မြန် အမိန့်ချမှတ်ပေးပါတော့... " ။ ။

အလွမ်းအပိုင်းအစများ ( ဒ )
*****************
အလွမ်းနဲ့ထိုးဖွင့်လိုက်တဲ့အခန်းမှာ
ခန်းဆီစလေး တောင် တဖျတ်ဖျတ်ခါခဲ့
ငုံအာနေဆဲ နွေရိုးတံဆီ
ကံဆိုးခြင်းတွေ အဆုပ်လိုက်ပွင့်တယ် ။

မျောလွင့်ရာတိမ်တိုက်များကြား
အားငယ်မှုတွေ ကွယ်၀ှက်ထားရ
ရွာချလာလေမလား စိုးစိတ်နဲ့
တိုးတိတ် ကြောက်ရွ့ံဆဲပေါ့
ရင်ဘတ်အကွဲကြီးမှာ
ဆုတောင်းအလွဲတွေသည်းသည်းမဲမဲ ပျို့အန်လို့ ။

မငြင်းဆန်နိုင်ခဲ့ကြဘူး
တို့ ခူးမိတဲ့ သစ္သီးထဲ
ချိုမြမှုနည်းလွန်းခဲ့တဲ့အကြောင်းတရားကို
သူ့ နှုတ်ခမ်းပါးက
အလိုလို ပြုတ်ကျခဲ့ဖူးတဲ့စကားတွေထဲ
ဓားသွားထက်ထက်တွေမပါဘူး
ဒီလောက််ထိ
ရူးရူးသွပ်သွပ်ယုံကြည်မိသူလေ ။

နင်းချေထားခဲ့ပါ
ခူးခြွေပစ်ခဲ့ပါ
ကျန်ရစ်သူရဲ့ ဆန္ဒအမှန်အတိုင်းဆို
သူ..နစ်နာစေလိုစိတ်မရှိခဲ့
လိပ်စာမှားပြီးရောက်လာတဲ့ ဖူးစာအလိုက်
ဘ၀က..
လွမ်းနာကျနေတဲ့အချစ်ငတ်မှင်စာတစ်ကောင်လိုဖြစ်တုန်းပဲ ။ ။

အလွမ်းအပိုင်းအစများ ( ဓ )
*******************
လေးဖက်လေးတန်နံရံထဲ
သူ့ပုံရိပ်တွေပဲရစ်၀ဲနေတယ်
အစိမ်းလိုက်ခွဲခံထားရခြင်းမှာ
အသည်းက
နာမည်တစ်ခုကိုမှတ်သားနေမိဆဲပေါ့ ။

လွဲမှားမှုအပြစ်ဒဏ်ချက်တိုင်း
ပင်လေသေရင်ဘတ်ကြီးကလှိုင်းထန်တတ်ခဲ့
ငြင်းဆန်နေကျဝါကျတမြုံနဲ့
မလုံတဲ့ရင်ဘတ်ကဖွင့်မကြည့်လည်း မြင်နို်င်တယ် ။

အလဲအလှယ်မလိုတဲ့နားလည်မှုမှာတောင်
သမုဒယတွေမှောင်ခိုဈေးဖြစ်ခဲ့ရ
သူပေးသွားတဲ့ ပွင့်တူ ရွက်တူေ၀ဒနာများ
ငါ့ ရင်ဘတ်မှာ
အကန့်လိုက်ပေါက်ဖွားကျန်ရစ်သေးရဲ့ ။
တဖြည်းဖြည်း
သူက အေးခဲသွားတဲ့ ရေခဲတစ်တုံး ဖြစ်တယ် ။

ဝေးကွာနှုန်းဘယ်လောက်များများ
အမုန်းတရားဆိုတဲ့ေဝါ ဟာရ
ငါ့ အဘိဓာန်မှာလာ လာမရှာနဲ့
မေတ္တာဘောင်ကွပ်ထားတဲ့ စာမျက်နှာ စ- ဆုံး
သူ့ နာမည်လေး တစ်လုံးပဲ
ငါ့..အဘိဓာန်...။ ။

ရတုသစ်

Thursday, May 2, 2013

မှန်ကွဲစများ


မှန် ( ၁ )

ဇာစ်ဇာစ်မြစ်မြစ်တွေဟာ
ဇစ္ပိတ္ထားတဲ့
နှစ်ချို့ပိုက်ဆံအိတ်ကြီးများရဲ့
အောက်ခြေမှာ လျှို့၀ှက်ထားဆဲ
ဇာတ်လမ်း/ ဇာတ်ပျက် ။ ။

မှန် ( ၂ )

အချို့အစီအစဉ်တွေဟာ
အဆီတွေရဲ့ အဆင်မှာကျပြီးသား
ပစ်ဖဲချပ်များ ။ ။

မှန် ( ၃ )

ဆင်းရဲခြင်းကိုသာညည်းညူပြီး
ဒုက္ခကိုတော့ ပေါင်းပြန် ပြန်တင်ထားဆဲ
ဒီ၀ဲဟာ...
အလိုလို မော်တာ တပ်ထားပြီးသား
ဆုံလည်... ။ ။

မှန် ( ၄ )

ညှော်နံ့ပြင်းပြင်းတွေကြား
ရင်းသွားတဲ့ အနာတွေဟာ တုတ်ကိုရှောင်နေရ
အနာပေါ်ကျမယ့် တုတ်တွေ ကိုယ်တိုင်
အပြိုင်အဆိုင် မြုံနေတဲ့ အမြုံများသာ.. ။ ။

မှန် ( ၅ )

လူပါးတွေပေါ်
သနပ်ခါး/မိတ်ကပ်/ပေါင်ဒါတွေဖွေးဖွေးလှုပ်
ရုတ်ရုတ်သဲသဲ အလှတရားများကြား
ကိုးကားစရာ စွယ်စုံကျမ်းတွေ
သင်တန်းဆင်းလက်မှတ်ကိုင်ထားတဲ့ အ၀ိဇ္ဇာတွေ
ဖိတ်စာတလူလူက
ဖိတ်တတ်သူတွေဆီ ဆာဆာလောင်လောင်ရောက်လာတဲ့အခါ
မေတ္တာက မိုင်းနပ်စ် ပြထားတယ်
လူပါးကိုထိမယ့် ပုလင်းကွဲများ
တဝါးဝါး တဟားဟား အော်ဟစ်ရယ်မောကြ
သောကဟာ...
ရင်ဘတ်ထဲမှာပဲဗြူးတီးစလွန်း ပြန်၀င်/ထွက်လို့
ညနက်နက်ကြီးမှာလည်း
နေထွက်ရင်နေ့ဖြစ်တယ်ဆိုပဲ
အလွဲအတိုင်း လွှဲပြီးရောက်လာမယ့်အလွဲတွေ
ထဲထဲ ၀င်၀င် ကူးခပ်ကြ
လက်ပန်းသာ ကျချင်ကျမယ်
စိတ်ပန်းကတော့ မည်းနက်နေအောင် ပွင့်ဝေတုန်း
ပျော်တပြုံးပြုံး မော်မဆုံးကြသေးခင်...။ ။


ရတုသစ်
02052013
နေ့ 9း 30 နာရီ

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks