__________________
လိုအပ်တာထက် ပိုတိတ်ဆိတ်မယ်
ခန္ဓာကိုယ်အတွက် လေ့ကျင့်ရမယ်
စာတွေများများဖတ်ဖြစ်အောင် ကြိုးစားမယ်
ချစ်ပေမဲ့ ချစ်တယ် မပြောတော့ဘူး
လွမ်းပေမဲ့ လွမ်းတယ် မပြောတော့ဘူး
ဒါတွေဟာ
ဘယ်သူပိုင်တဲ့ ကိုယ့်ကမ္ဘာဖြစ်မလဲ
အိပ်မက်တွေက
မသေချာဘူးလို့ အိပ်မက်မက်တယ်
နေမကောင်းပေမဲ့ သက်သာပါတယ်။
ရတုသစ်
21112017
10:03PM
No comments:
Post a Comment