Sunday, November 19, 2017
သမားရိုးကျအချစ်
အချစ်
Friday, April 22, 2016
ကြယ်တွေက မညာဘူး ၊ ငါက အလိမ်ခံခဲ့ရတယ်
Sunday, December 13, 2015
မန္တလေးတောင်
မန္တလေးတောင်
_____________________
လေးဘက်လေးတန်
မြင်မြင်သမျှသွေ့ခြောက်လို့
နွေရာသီတစ်ခုလုံး
သူတစ်ယောက်တည်းမျိုချထားရသလို
ဟန်မူရာပိုပိုနဲ့
အလိုလိုစိတ်ဝင်စားစရာကောင်းနေခဲ့
ကျောက်လွှာအထပ်ထပ်ပေါ်မှာ
ရေဓာတ်ခပ်ပါးပါးနဲ့
ခပ်တည်တည်ကြိုးစားပြီး ရပ်နေသေးတယ်
သူ့ကိုယ်ပေါ်မှာ
ထမ်းတင်ထားသမျှအရာအားလုံး
ချိုမြမြနဲ့ပြုံးကြည့်နေတတ်သေးရဲ့
အဝေးက လှမ်းကြည့်ရင် လှပပြီး
အနီးကပ်ကြည့်ရင် ပူပြင်းစရာ
ဒါပေမဲ့ သူဟာ
ကမ္ဘာကျော်နေဆဲအသက်ရှည်ဆေးတစ်ခွက် ။ ။
ရတုသစ်
Sunday, October 25, 2015
မင်း ဖတ်ဖြစ်ဖို့လိုတဲ့ ကဗျာ
Monday, October 12, 2015
ဆက်လက်မသီဆိုချင်တော့တဲ့ သီချင်း
Friday, August 28, 2015
ဆေးရုံ
ဆေးရုံ
________
တချို့ ပြုံးပြုံးရွှင်ရွှင် ပြန်သွားကြ
တချို့လည်း ညှိုးညှိုးမှိုင်မှိုင် ပြန်သွားကြ
တချို့ကတော့ အော်ဟစ်ငိုယို ပြန်သွားကြ ။
တစ်ခုကတော့ တူလိမ့်မယ်
ဒီနေရာကို
စိုးရိမ်တကြီးနဲ့ ရောက်လာခဲ့ကြတာ ဖြစ်တယ် ။
ရတုသစ်
28072015
6:37PM
Thursday, August 27, 2015
ဧရာဝတီကိုပြန်ကြည့်မိတဲ့ ည
အင်္ဂါနေ့မှာ ကဗျာလေးဖတ်ဖို့ ရေးတဲ့ကဗျာ
အင်္ဂါနေ့မှာ ကဗျာလေးဖတ်ဖို့ ရေးတဲ့ကဗျာ
______________________________
🟥
အရာရာထက် ကဗျာဆန်ခဲ့တယ်
အားလုံးထက် နူးညံ့တဲ့အရာလည်းဖြစ်တယ် ။
ကိုယ်ကဗျာရေးဖို့မတတ်နိုင်တဲ့ ကဗျာလေးတစ်ပုဒ်ဟာ
ဒီနေ့တစ်နေ့လုံး
လှပသာယာတဲ့အပြုံးလေးတွေနဲ့ ဝေဆာနေလိမ့်မယ် ။
ကမ္ဘာကြီးအကြောင်း မပြောသေးဘူး
ဘဝအမောတွေအကြောင်း မပြောချင်ဘူး
လောကတစ်ခုဆီကနေ ဟောဒီလောကထဲ
ကိုယ့်ကဗျာလေး ရောက်ရှိခဲ့တဲ့နေ့ဟာ လှတယ်။
မျက်နှာသစ်ပါ ၊သွားတိုက်ပါ
ရေမိုးချိုးသန့်စင်ပြီးတဲ့အခါ မိဘတွေကို ကန်တော့ပါ
ဘုရားရှိခိုးပါ ၊မေတ္တာပို့ပါ ၊ဆုတောင်း အမျှဝေပါ
ဖြစ်တည်နေရခြင်းကို ကျေးဇူးစကားဆိုပါ ။
လိပ်ပြာလေးတွေ ပျံဝဲနေမှ မဟုတ်ဘူး
ပန်းရနံ့လေးတွေ သင်းပျံ့နေမှ မဟုတ်ဘူး
လေညင်းလေးတွေ တိုက်ခတ်နေမှ မဟုတ်ဘူး
ကိုယ့်ကဗျာလေး ပြုံးလိုက်တဲ့အခါ
စကြဝဠာကြီးဟာ ကဗျာဖြစ်သွားတယ် ။
ဒီနေ့ဟာ သာယာသောနေ့တစ်နေ့ ဖြစ်ပါစေ
ဒီနေ့ဟာ ငြိမ်းချမ်းသောနေ့တစ်နေ့ ဖြစ်ပါစေ
ဒီနေ့ဟာ ချိုလွင်သော ကဗျာတစ်ပုဒ်ရဲ့ပြဋ္ဌာန်းရာနေ့ ဖြစ်ပါစေ
ကိုယ့်ကဗျာလေးဟာ
ဒီနေ့ရဲ့ အသစ်ဖြစ်ပေါ်လာတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တယ်
အဲဒီယဉ်ကျေးမှုလေးဟာလည်း ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။
ရတုသစ်
18082015
3:00AM
Wednesday, August 26, 2015
ဖြေဆိုနေရတဲ့ ဘဝအဘိဓမ္မာ
Saturday, February 21, 2015
ခရီးသည်
ခရီးသည်
🔳
တစ်နေဝင်လိုက်၊ တစ်မနက်လင်းလိုက်နဲ့
ဇီဝကမ္မဖြစ်စဉ်မှာ တိုးတိုက် ရွေ့လျားလို့
စိတ်ညှို့တဲ့ဆီ တစ်လမ်းချင်း ကျော်ဖြတ်ခဲ့ရ
ဘဝဆိုတာ ဘယ်လို
ဘဝဆိုတာ ဘယ်အကြောင်းကြောင့်
စသည်...
သံသရာကို လီဗာနင်းပြီး မောင်းခဲ့တယ်
18082014
08:37PM
Thursday, February 19, 2015
လတ်တလော ရန်ကုန်
ဇာတ်ဆုံး
ဇာတ်ဆုံး
_______
ည , ပန်းချီကားထဲ
ရဲရဲတိုးဝင်တဲ့ အမှောင်
ကြယ်ရောင် ဟားတိုက်ခဲ့ ။ ။
ရတုသစ်
20022015
1:27AM
Thursday, August 28, 2014
ဇွန်
ဇွန်
🔳
မိုးထဲလေထဲ
စိတ်ကို လာထွန်ယက်ခဲ့သူ
လောကအမွန်ဆီ ငါ့ကို အလည်ခေါ်ပါ
အိပ်မပျော်သူရဲ့ ကောင်းကင်ကြီးဟာ
ငါ့ဆီ တအိအိပြိုကျလာခဲ့
ညနဲ့အမှောင်ကို
အိပ်ချင်ယောင်ဆောင်ပြီး စောင့်ဖမ်းမိသူလို
ငါ့ကိုယ်ငါ အိပ်မက်ပေးခဲ့ပြီ
ဇွန်...
နှလုံးသားမှာ လျှပ်စီးလက်ပါ
ရင်ခုန်သံကို ကြိုးညှိပေးပါ
ငါ အေးအေးဆေးဆေး မိုးမိချင်လို့ ။ ။
ရတုသစ်
28082014
4:41PM
Posted via Blogaway
Monday, July 28, 2014
ပူမှုကုဋေကုဋာ အခန်းဆက်ဇာတ်လမ်း
ပူမှု ကုဋေကုဋာ အခန်းဆက် ဇာတ်လမ်း
🔳
ဆံနွယ်စလို စိတ်တွေကို စိမ်ပြေနပြေ ဖြီးသင်ချနေရာ
ဒုက္ခနဲ့ ကျောချင်းကပ်ထားတဲ့ရပ်တည်မှု အခြေအနေ
ရင်ဘတ်ထဲမှာ ကျကွဲနေတဲ့ အိမ်လွမ်းစိတ် တငွေ့ငွေ့
ချက်ချင်းလက်ငင်း တရားတွေ့တော့မလိုလိုမျက်ရည်
သန္တိသုခနဲ့ အသင်္ချေများစွာ အကွာအဝေး ဖြစ်တည်ခြင်း
ပျက်စီး/ပြိုကျလုလု ရိုးသားစိတ်ထောက်တိုင်လေးဆီ
လောကဓံက ဧည့်၀တ်ပျူငှါ ၀င်/ထွက် ခလုတ်တိုက်လို့
ရင်ချင်းဆိုင်ထိခိုက်မိသော တအုံ့နွေးနွေး ညနေမှောင်ရီ
အလင်းယဲ့ယဲ့ထံမှ အငမ်းမရသဲ့ယူမိသောလက်ငင်းများ
အော်ပရာပြီးဆုံးရန် လက်တစ်ကမ်းအလိုမှ နှိုးစက်သံ
နောက်ချန်ဇာတ်လမ်းအဆက်ကို ဆက်လက်ပြသပေးပါ
သေမင်းတမန်မျက်နှာဖုံးရဲ့ အခြားတစ်ဖက်မှာ အသက်
ပျက်စီးရခြင်းက ဖြစ်တည်မှုထက် လွယ်ကူနိုင်ပါ့မလား
အကြောင်းကြောင်းကြောင့် အကျိုးအဆက်ဆက် ဘ၀
သံသရာRecycleကို ပဋိစ္စသမုပ္ပါဒ်မှာဆွဲမထည့်ဖြစ်ခဲ့သူ
ငါ/သူတစ်ပါး/ယောကျ်ား/မိန်းမ/နပုန်းတွေထဲ တရစ်၀ဲဝဲ
အတောမသတ်နိုင်အောင် တရားကိုင်လက်ကို ရှာမတွေ့
အေးမြခြင်းကို အဘိဓာန်မှာ မင်နီတား ထားခဲ့လိုက်ပြီ။ ။
ရတုသစ်
23072014
8:50PM
Posted via Blogaway
Friday, July 11, 2014
၀ဋ်
၀ဋ်
🔳
နာကျင်မှုများများ
သိပ်သည်းဆများများ
ဒဏ်ရာဒဏ်ချက်ဖွားရရားနဲ့
စိတ်ရဲ့ကြွပ်ဆတ်မှုတိုင်းမှာ
ကဗျာကို ဗီတာမင်လို မှီဝဲနေရတယ်
အသည်းနာလိုက်တာ ။ ။
ရတုသစ်
၁၁၊၇၊၂၀၁၄
ညနေ ၅:၅၅ နာရီ
Posted via Blogaway
Friday, June 20, 2014
မြတ်ဘုရားထံတော်၀ယ်
မြတ်ဘုရားထံတော်ဝယ်
🔳
မက်ဆေ့ချ်ဟောင်း
ပြန်ပြောင်းလို့ဖတ်မိလျှင်
ဘယ်ရင်အုံကျွမ်းရှရှ
လွမ်းတ,တုန်ရင် ။
ဘုံတစ်ခွင်
ကြုံချင်တော့ဘူး လွမ်းဒဏ်များ
လောင်ကျွမ်းရန်အားမရှိပြီကွယ့်
ထားကတိကိုမျက်ကွယ်မပြုနိုင်လို့
တစ်သက်ဝယ်ပျက်ပြယ်မသွားပါကြောင်း့
လက်ဆယ်ဖြာဦးတင်သ,ပါပေါ့
ဖူးမြင်ကာ ရှေ့တော်မှောက်ကို
ရောက်ခဲ့ပြီဘုရား ။ ။
ရတုသစ်
26012014
11:35AM
မိုးဒုက္ခ
*မိုး ဒုက္ခ*
မိုးရွာ ဗွက်ပေါက်
အာရုံနောက်
တောက်ခေါက် အံကြိတ်
မိုး မတိတ် ။
မိုး ရွာတိုင်း လွမ်း
စိတ် ပင် ပန်း
ရင် နွမ်း လူး လှိမ့်
တ သိမ့် သိမ့် ။
မိုး ရွာ ဖြဲ ဖြဲ
စွတ် စို ဆဲ
ရင် ထဲ ဖိန့် ဖိန့်
လွမ်း စိမ့် စိမ့် ။
* ရတုသစ်
16092013
7:05 pm
Monday, June 16, 2014
ကမ္ဘာပျက်ခြင်းနေ့စွဲ
"ကမ္ဘာပျက်ခြင်းနေ့စွဲ"
အကျင့်ပျက်ခြစား ရေစီးကမ်းပြို မိုးတိမ်အဝါ
လေယူရာတလွင့်လွင့် ရယ်သံပေး လိပ်ပြာတောင်ပံ
မနက်ဖြန်ပေါင်းများစွာအခြေအနေရေမျောနွံနစ်
လိပ်ဖြစ်ပြီးမှအမြန်လမ်းမကြီးကိုအိပ်မက်မက်ခြင်း
အိမ်ပြေးများစိတ်လိုလက်ရတစေၦခေါ်သံသချုၤ ိင်းမြေ
ကမ်ဘာ့ကြမ်းပေါက်ကြီးထဲ ငရဲရှစ်ထပ်ဟပ်ချိုးမြည်သံ
ချောင်းဟန့်သံတဝုန်းဝုန်းမှာ အပြုံးအမဲ့များရဲ့သိက္ခာ
ကြက်ဥအစရှာမရသလို တဝေ့ဝေ့ လုံးချာလည်ပြီး...
နောက်...
ဆက်လက်ထွက်ခွါရန်...
အကြောင်းအရာ ရှာမတွေ့သူ။ ။
ရတုသစ်
၁၃၀၆၂၀၁၄
မွန်းလွဲ ၁၂း ၀၃ နာရီ
