( ၁) ကွန်ပျူတာတစ်လုံးနှင့်ကိုမျိုးအလုပ်ရှုပ်နေ၏ ။သူ့အကြံနှင့်
သူတော့ပျော်နေမိသည်။ခက်တာကအခုတလော အကောင့် လုပ်ရတာမလွယ်..။လိုင်းနည်းနည်းကြပ်နေသယောင်ယောင် ။ကိစ္စမရှိ ။
လုပ်စရာရှိတာလုပ်ဖို့ကကိုယ့်ကိစ္စ ။ကြပ်တာကသူ့ကိစ္စ ။ထင်သည့်အတိုင်းပင်၊အကောင့်လျှောက်ရတာအရင်လိုမဟုတ် ၊
ဖုန်းနံပါတ်တောင်းနေသည် ၊ကုဒ် ထည့်ခိုင်းနေ၏ ။ကိုယ်ပိုင်ဖုန်းကမရှိသေး ။တန်ဖိုးနည်းဖုန်းကိုမျှော်ရင်းလည်တိုင်ပင်ယိုင်လုလု။သူ့လိုအောက်တန်း
စာရေးလေးတစ်ယောက်အတွက်မှန်းမျှော်ဖို့ေ၀းသေးသည့့်ဖုန်းအိပ်မက်
ကဆောင်းတွင်းအိပ်မက်လိုကယောက်ကယက်ဖြစ်နေဆဲ ။ကြာတော့
မကြာလောက်ဟုသူတွေးမိသည် ။တစ်နေ့တော့ဖြစ်လာမှာမလွဲဟုယုံကြည်နေမိ၏။
တစ်နေ့နေ့တော့.....။
*******************
စက်ကဟန်းလိုက် ၊ကွန်နက်ရှင်ကျလိုက်ဆိုတော့
လည်းစိတ်ကသိပ်မရှည်ချင် ။အရေးထဲမီးကတစ်ခါတစ်ခါပျက်တတ်သေးသည် မဟုတ်လား။အရာရာတိုင်းသာစိတ်တိုင်းကျဖြစ်နေလျှင်လောကကြီး
ကပျော်စရာကောင်းတော့မည်မဟုတ်။စိတ်တိုင်းကျဖြစ်နေသောကြောင့်
လူ့အရည်အသွေးတွေကျဆင်းမလာဘူးလို့ပြောလို့မရ။
ဘ၀ဆိုတာ..ရုန်းကန်ခြင်းဟုမာသာထရီဆာပြောဘူးသောစကားက
အတွေးထဲမှာတရစ်၀ဲ၀ဲ ။လောလောဆယ်အကောင့်တစ်ခုရဖို့
အတွက်ဖုန်းနံပါတ်တစ်ခုအလိုရှိနေမိ၏ ။မကြာသေးခင်က
ဖုန်း၀ယ်ထားသောသူငယ်ချင်းဇော်အောင်ကို အမှတ်ရမိလိုက်သည် ။
ဟုတ်သည် ။ဇော်အောင့် ထံမှာဖုန်းတစ်လုံးရှိနေ၏ ။
မနက်ဖြန်မှအကူအညီတောင်းတော့မည် ဟုစိတ်ကူးရင်းအိ်ပ်
ယာ၀င်ခဲ့သည် ။အတွေးထဲမှာတော့ သူ့ကိုလာနောက်နေသော ကိုမင်းသိန်း
ဆိုသူက မမြင်ဘူးပဲ လာလာထင်နေသလို ။
အကောင့်အသစ်တစ်ခုရလျှင်တော့ကိုမင်းသိန်း ကိုအစ်အောက်
ပြီး အပြတ်ကျူပစ်မည်ဟုတေးမှတ်ထားလိုက်၏ ။
။စောင့်ပါလေဦး...ကိုမင်းသိန်း ရေ..။
--------------------------------------------
ဇော်အောင့် အကူအညီဖြင့်အကောင့်သစ်တစ်ခုရလိုက်၏ ။ယောကျ်ားလေးနာမည်တော့မဟုတ်ပါ ။ဒါကကိုမျိုးကိုယ်တိုင်လုပ်ယူထားသော
စိတ္ကူး ။ဘယ်သူ့ကိုမှပြောမပြဖြစ်ခဲ့ ။ဇော်အောင့်ကိုပင် လိမ်ညာထားလိုက်၏ ။
ရုံးကကောင်မလေးတစ်ယောက်ကလုပ်ခိုင်းလို့ကူညီပေးတာ ဟုပြောခဲ့သည် ။နားမလည်နိုင်သောအမူအယာဖြင့်ဇော်အောင်ပြန်သွား၏ ။အဲဒီနေ့ကအပျော်
မျိုးတစ်ခါမှမခံစားဖူးသေး ။ကံကြမ္မာဆိုတာ တစ်ခါတစ်ခါလူရွှင်တော်တစ်ယောက်
လိုလောကကိုပျက်ရယ်ပြုတတ်ကြောင်း..ကိုမျိုးမသိခဲ့။သူမသိသေးသောအခြား
တစ်ဖက်မှာ၀ှက်ဖဲတစ်ချပ်ကအလိုလိုဖွင့်ထားပြီးသားဖြစ်ကြောင်းကြိုတင်သိခွင့်ရခဲ့မည်
ဆိုပါလျှင်.........။
----------------------------------
ရလာသောအကောင့်ဖြင့်ဖေ့ဘုတ်အကောင့်လုပ်လိုက်သည်
။။မေယမင်း ဟုနာမည်ပေးထား၏ ။တစ်ယောက်ထဲအူမြူးရင်းလောကကြီးက
တစ်ခါတစ်ရံရယ်ရွှင်စရာတွေလက်ဆောင်ပေးတတ်ပါလား ဟုဆင်ခြင်ကြည့်
မိလိုက်သေးသည် ။ဖေ့ဘုတ်မှာ ကိုမင်းသိ်န်း၏အကောင့်ကိုရှာပြီးဖိတ်ထားလိုက်၏
။နောက်ရက်မှာကိုမင်းသိန်းကမိမိအကောင့်ကိုလက်ခံထားပြီဖြစ်ကြောင်းပျော်ရွှင်
ဖွယ်ရာတွေ့ရသည်..။ကွန်ပျူတာရှေ့မှာထိုင်ရင်းတစ်ယောက်ထဲပါးစပ်ပိတ်
ရယ်နေမိသောမိိမိကိုအခြားအလုပ်တူစာရေးမလေးတွေကမျက်စောင်းထိုးနေကြမှန်း
သိမှအိနြေ္ဒပြန်ဆယ်ဖြစ်၏။မိိမိ၏ပျော်ရွှင်မှုကိုမိတ္တူပွားပြီးခံစားမပေးနိုင်သောပတ်
၀န်းကျင်ကိုသိပ်ပြီးအစာမကြေ။ညပိုင်းမှအေးအေးဆေးဆေးကျူတော့မည်ဟုစိတ်ကို
ဘရိတ်အုပ်ထားလိုက်ရသည် ။ရင်ဘတ်ထဲမှာတော့...တစ်စုံတစ်ရာကခိုးလိုးခုလု ....။
----------------------------
အင်တာနက်ဆိုင်ထိုင်ဖို့ထွက်လာတော့လမ်းမှာ ခလုတ်တိုက်မိ၏ ။ခြေမ
မှာသွေးချည်ဥ သွားသည် ။နာကျင်တာကိုမေ့ထားပြီးဆိုင်ထဲ၀င်ခဲ့၏ ။ဆိုင်မှာ
ဆိုတော့ရုံးမှာလိုမဟုတ်၊လွတ်လပ်သည် ။ရုံးမှာကအလုပ်နားချိန််ခဏတဖြုတ်သာ
သုံးခွင့်ပေးထားသည် မဟုတ္လား ..။သိပ်လည်းမလွတ်လပ် ။နားချိန်စေ့လျှင်တစ်ဖက်
လူနှင့်စကားပြတ်သည်/မပြတ်သည်မတွေးအား ၊ကွန်ပျူတာပိတ်ပြီးအလုပ်၀င်လိုက်ရ၏ ။စကားမပြတ်ပဲစက်ပိတ်လိုက်ရတာခဏခဏဆိုတော့ ဖေ့ဘုတ်မှသူငယ်ချင်းတွေက
သိပ်မကြည်ချင် ။ညပိုင်းအင်တာနက်ဆိုင်ထိုင်မှပြန်တောင်းပန်ရတာအလုပ်တစ်ခုလိုဖြစ်
နေခဲ့ပြီလေ ။ အင်တာနက်ဆိုင်ထိုင်တော့ဖေ့ဘုတ်မှာ ကိုမင်းသိန်း အကောင့်လေးက မီးစိမ်းနေတာတွေ့ရ၏ ။သူ့ဖက်ကလာပြောတာကိုစောင့်မနေတော့ ။
ကိုယ့်ဖက်ကအရင်စပြောပစ်လို်က်သည် ။
ဟိုင်း........မင်္ဂလာပါ....။
------------------------------
ကိုမင်းသိန်းကဖေ့ဘုတ်မှာကဗျာလေးတွေရေးတတ်သည် ။ရေးပြီးတင်လိုက်
တိုင်း သူ လိုက်ခ် လုပ်ဖြစ်၏ ။ကွန့်မန့်လေးတွေ၀င်ရေးပေးလိုက်သေးသည်။
မိမိရေးလိုက်သောကွန့်မန့်လေးတွေကို ကိုမင်းသိန်း က လိုက်ခ် ပြန်လုပ်တိုင်းပျော်
ရွှင်မိတာတော့ အမှန် ။တစ်ခြားသောသူတွေလည်းဒီလိုပဲနေမှာ ဟုတစ်ဖက်သတ်တွေးရင်း
တစ်ယောက်ထည်း ပြုံးမိပြန်သည် ။ဘယ်သူဘယ်ဝါသေချာမသိရပေမယ့်ရင်ထဲကို
၀င်ကိုက်တတ်သော ဗိုင်းရပ်စ် တစ်မျိုးဖေ့ဘုတ်ထဲမှာရှိနေကြောင်းသိပေမယ့်...
ထို ဗိုင်းရပ်စ်ကစိတ်ကိုဖျော်ဖြေမှုတစ်ခုတော့ပေးတတ်တာပဲ ဟုဖြေတွေးတွေးရင်းညနက်
ခဲ့တာ ...တစ်ညမဟုတ်...ညပေါင်းများစွာ....။
*******************
( ၂ ) အခုတေလာ သက္ထား ကဗျာတွေကြိုးစားပြီးရေးနေမိ၏ ။ကြာလာတော့ဦးနှောက်ကမသွက်လက်တော့ ။အကြောင်းအရာလေးတွေထပ်ချင်လာသည်။
အရေးတော့မကြိီး ။ မိမိ်ကဗျာလေးတွေက်ို လိုက်ခ် လုပ်ပေးနေကျ သူငယ်ချင်းမလေးတစ်ယောက်ရှိနေသည် မဟုတ္လား..။
သူ့နာမည်လေးကချစ်စရာ ၊မေယမင်း တဲ့လေ ။
စကားပြောလေးကညက်သည် ။လူချင်းမဆုံဘူးပေမယ့် သံယောဇဉ်က တွယ်ချင်ချင် ။
ခက်နေတာတစ်ခုက မိိမိ်လိမ်ညာထားမိတဲ့ကိစ္စဖြစ်၏ ။
မိန်းကလေးတစ်ယောက်လို့ဖွင့်ပြောလို်က်ရမလား ။ကြာလာတော့ ေ၀ဒနာက မထွေးနိုင်
၊မအန်နိုင် ။တစ်ဖက်ကအမှန်အကန်ခင်မင်နေတာဆို မိမိကလိမ်ညာဖို့မကောင်း ။
ဘာပဲဖြစ်ဖြစ် အခုထိတစ်ဖက်သားကို ထိခိုက်လောက်အောင်မလိမ်ညာမိသေးဘူး ထင်သည် ။ ပရိယာယ်လေးတွေသုံးတတ်သည်မှ အပ ။
မေယမင်း အကြောင်းတွေးရင်း မကြာမကြာစကားပြောဖြစ်တဲ့ကိုမျိုးအကြောင်းကိုလည်းတွေးမိသေး၏ ။
ကိုမျိုးူကိုအရင်လိုလိုင်းပေါ်မှာသိပ်မတွေ့ရတော့ ။ နေမကောင်းတာလား ၊
ခရီးသွားနေလို့လား ၊ မအားလပ်လို့မထိုင်ဖြစ်တာလား ..တစ္ခုခုပဲ ဟုတွေးမိသည် ။
ကိုမျိုးကတော့ မိိမိကို ခင်ရှာသည် ။အစ်ကိုကြီး..အစ်ကိုကြီးဆိုပြီး မေးခွန်းတွေမေးတတ်
တာကလည်းစုံလို့။တစ်ခါတစ်ခါမိန်းကလေးတွေအကြောင်းမေးလာလျှင်ကွန်ပျူတာကို
ကြည့်ပြီးမျက်နှာပူမိရတာလည်း တစ်ဒုက္ခ ။တတ်နို်င်ဘူးလေ ။ ကိုယ်စိုက်ခဲ့တဲ့အပင်မို့ကိုယ်တိုင်ရိတ်သိမ်းယုံပေါ့လေ...။
---------------------------------------------
ကြိုတင်စီမံကိိန်းချထားတဲ့မိမိအစီအစဉ်ထက်ကံကြမ္မာက
တစ်ကွက်ဦးနေတတ်မှန်းသက်ထားမတွေးမိခဲ့။ကဗျာတစ်ပုဒ်ရေးပြီးလို့ကွန်ပျူတာ
ကိုဖွင့်လိုက်တော့ထင်သည့်အတိုင်းစောင့်နေသူလေးက ရှိနှင့်နေခဲ့၏ ။
စကားအတော်ကြာပြောဖြစ်သည် ။
အစ်ကိုနဲ့တွေ့ချင်တယ်...ပြည်သူ့ဆေးရုံကြီး အရှေ့နားက ရွှေပြည်မိုးလဘက်ရည်ဆိုင်မှာ လာထိုင်နိုင်မလား ..
ဟုတောင်းဆိုနေပြီလေ ။ခက်ပြီ ။လိပ်စာကိုမန္တလေးကဟု အမှန်အတိုင်းပေးထားခဲ့
မိတာ မှားသွားပြီမှန်းအခုမှသတိပေးခေါင်းလောင်းသံကထမြည်လာ၏ ။မေယမင်းက လည်းမန္တလေးမှာနေသည်တဲ့ ။ဘယ်လိုလုပ်ရမလဲ။ပြာပြာသလဲနဲ့
အပြေးအလွှားစဉ်းစားရသည် ။တတ်နီုင်ဘူး ၊မောင်လေးကို
ချော့မော့ပြီးသွားခိုင်းလိုက်ရုံမှတစ်ပါး...........။
မေယမင်းလေးကိုတော့စာနာမိသွားသည် ။လိမ်ညာမိတဲ့အဖြစ်ကအခုမှရှေ့တိုးရခက်..နောက်ဆုတ်ရခက်
ဖြစ်နေပြီလေ ။
လူချင်းမတွေ့ဘူးသေးတော့ အပြာနုရောင်၀တ်စုံလေး၀တ်ခဲ့မယ်
..စောင့်နေလေ ..ဟုကတိပေးရင်းမောင်လေးရဲ့ပုံသဏ္႑ာန်ကိုမြင်သာအောင်ပြောပြလိုက်၏။
ရင်ထဲမှာတော့တစ်စုံတစ်ရာက လစ်ဟာသွားသလိုလို.....။
*******************************
(၃)ရွှေပြည်မိုးလဘက်ရည်ဆိုင်ကအရင်နေ့တွေလိုစည်ကားသိုက်မြိုက်နေ၏်
။ဆေးကျောင်းသား /ဆေးကျောင်းသူတွေထိုင်နေကျမို့လားမသိ ၊ခမ်းနားနေ
သယောင်ယောင် ။ကိုမျိုးကတော့ တစ်ကွက်စောပြီး အပိုင်ချည်ဖို့အစောကြီး
သွားစောင့်နေလိုက်သည်။ကိုမင်းသိန်းကိုဘယ်လိုပုံစံလဲတွေ့ချင်မြင်ချင်မိ၏။
ပြီးမှအသာကလေးလစ်ထွက်လာလိုက်ရုံသာ။စိတ်ထဲကတော့မကောင်း၊
တစ်ယောက်ထဲယောင်ချာချာဖြစ်ကျန်ခဲ့မယ့်သူစိမ်းတစ်ယောက်
ကိုနောက်ကွယ်ကကြည့်ပြီးရယ်မောပစ်ဖို့ထိနှလုံးသားကလက်မခံခဲ့ ။
ချိန်းထားသောနာရီအရောက်မှာ ကိုမင်းသိန်း ရောက်လာသည်
။ပြောထားသည့်အတို်င်း အပြာနုရောင်လေး၀တ်လို့ ။
တစ္ဖက္ကမလိမ္ညာခဲ့ပဲမိမိကသာလိမ္ညာခဲ့မိတာ ဟုတွေးရင်းနောင်တတွေစီး၀င်လာသည် ။
မတတ်နိုင် ၊ ပြန်မှဖြစ်မည် ။လူချင်းတွေ့ပြီးဖွင့်ဟလိုက်ဖို့အထိအင်အားကမလုံလောက်ခဲ့ ။ညပိုင်းမှအမှန်ဖွင့်ပြောလိုက်တော့မည်။လေးကန်သောခြေလှမ်းများဖြင့်အိမ်အပြန်
လမ်းတစ်လျှောက်စိတ်ကမကောင်း။လိပ်ပြာကသိပ်မလုံချင်တော့။
လိမ်ညာတာမကောင်းမှန်းသိပေမယ့်အဖြစ်အပျက်တစ်ခုက
လတ်လတ်ဆတ်ဆတ်ဖြစ်ပျက်သွားခဲ့ပြီလေ..။
တစ်ခါတစ်လေမှာအလွဲတွေဟာ လွဲမှားစွာတွေ့ဆုံတတ်ကြောင်းကိုမျိုးမသိခဲ့ ။
သူ့ရဲ့လိမ်ညာမှုနောင်တတွေကိုပွေ့ပိုက်ပြီးပြန်လာခဲ့ရ၏ ။အိမ်အ၀င်ပေါက်မှာ ခလုတ်ကတိုက်ဖြစ်အောင်တိုက်လိုက်သေးသည် ။
မှတ်မှတ်ရရပင် ။အရင်တစ်ခါကသွေးချည်ဥထားသောနေရာမှာ ထိခိုက်မိ ၏ ။သွေးစိမ်းများကတစိမ့်စိမ့်ကျလာသည်။ အံကိုကြိတ်ရင်းမျက်စိမှိတ်လိုက်တဲ့အခါ
မျက်ရည်တစ်ပေါက်က အလိုလိုကြွေဆင်းလာ၏ ။မသုတ်ပစ်လို်က်မိပေ ။
-----------------------------------------------
( ၄ )ဆူပုပ်နေသောမျက်နှာနှင့်ပြန်လာသောမောင်လေးကို
မနည်းချော့မော့ဖျောင်းဖျလိုက်ရတဲ့သက်ထားရဲ့အဖြစ်ကိုသာ.
..ကိုမျိုး သိနိုင်စွမ်းရှိခဲ့မည် ..ဆိုပါလျှင်..................။
ရတုသစ်
(24/9/2012
10-05 PM)