ခုတေလာ သူ အပြင်ထွက်ချင်စိတ်တွေမရှိ ။ ထွက်မိတိုင်းလည်းမတော်မတည့်ဖြစ်ရပ်တွေ
နှင့်ကြုံတွေ့နေမိတတ်သည်။ခက်သည်ကသူကြိုက်တတ်သောသီချင်းတွေထဲမှာပင်တစ်နေ့စာအလွဲ
မ်ား သီချင်းကအပါအ၀င်ဖြစ်နေ၏။စိတ်လိုလက်ရရှိတိုင်းလည်းနားထောင်မိသည်။နားထောင်မိတိုင်း
လည်းပြုံးမိ၏ ။ဦးငှက်ကြီး၏ဆိုဟန်မြူးမြူးလေးကလည်းနှစ်သက်ချင်စဖွယ်မဟုတ်ပါလား။တို်က်ဆိုင်
သည်လားတော့မသိ။ထိုသီချင်းနားထောင်မိသည့်နေ့တိုင်းအလွဲတွေကတစ်ခုပြီးတစ်ခု၀င်လာတတ်
သည်။မနက်ပိုင်းလဖက်ရည်ဆိုင်ထိုင်မိသည့်အချိန်ကစ၍လွဲချော်မှုနိဒါန်းကစတော့သည််ထင်၏။
မှာထားသည်ကကျဆိမ့် ။လာချသည်ကချိုပျစ် ။ဟစ်၍သာငိုလိုက်ချင်သည်။ဆိုင်ရှင်၏အဆူအငေါက်
ကိုစားပွဲထိုးလေးတွေမခံစားစေချင်သည်မို့ခပ်မဆိတ်နေလိုက်ရ၏။ချိုပျစ်သောက်လိုက်ရသည်ဆို
တော့ခံတွင်းကချဉ်လာသည်။သူငယ်ချငး်တွေပြောဖူးသောစကားတစ်ခွန်းကိုသတိရလိုက်သည်မို့
ဆေးလိပ်မှာသောက်လိုက်မိ၏။ ခံတွင်းချဉ်လာရင်. ဆေးလိပ်လေးသောက်လိုက် ပြေသွားတယ်
ကိုယ့်လူ ဆိုတဲ့သူငယ်ချင်းတွေ၏စကားကသူ့အတွက်တက်တက်စင်လွဲနေပြန်သည်။ခံတွင်းချဉ်
မပြေရသည့်အထဲချောင်းဆိုးပွဲပါကျင်းပလိုက်ရသဖြင့်မျက်ရည်တွေပင်ထွက်ကျလာခဲ့၏။သူ့အဖြစ်
ကိုကြည့်ပြီးဆိုင်ထဲကလူတွေ၏မျက်နှာတွေမှာပြုံးစိစိဖြစ်နေကြမှန်းသူတွေ့လိုက်ရသည်။ဘာက်ို
စိတ်ဆိုးရမှန်းမသိပဲဒေါသထွက်နေမိ၏။ထိုနောက်ရက်များမှာတော့လဖက်ရည််ဆိုင်ထိုင်လျှင် သူ
ဆေးလိပ်သောက်ခြင်းကိုအကန့်အသတ်မရှိရပ်ဆိုင်းထားလိုက်သည်။ထိုလဖက်ရည်ဆိုင်သို့လည်း
နောက်ထပ်မသွားဖြစ်တော့။ထပ်လွဲမှာကြောက်နေမိသည်လေ..။
*****************************************************************
သူငယ်ချင်းတွေကောင်းမှုကြောင့်သူ အလုပ်တစ်ခုရနေသည်။အထင်ကြီးစရာတော့
မကောင်းပါ။ချက်တင်ထိုင်ခြင်းအလုပ်ဖြစ်သည်။သူငယ်ချင်းတစ်ယောက်ကအင်တာနက်ကဖီးဆိုင်
လေးတစ်ဆိုင်ဖွင့်ထားသည်မို့အလည်အပတ်သွားရင်းထိုင်ဖြစ်နေ၏။သူငယ်ချင်းအပြင်သွားစရာ
ရှိလျှင်လည်းသူပဲငွေစာရင်းရှင်းပေးဖို့ကျန်နေတတ်သည်။ထိုအခါမျိုးမှာလည်းအလွဲလေးတွေက
မလွဲ။တည့်တည့်လေးလာလာငြိတတ်သည်။သုံးပြီး၍ပြန်သွားသောစက်ကိုပိတ်ရမည့်အစားသုံးနေ
သောသူတစ်ယောက်၏စက်ကိုပိတ်လိုက်မိ၍တောင်းပန်ရတာမျိုးလည်းအကြိမ်ကြိမ်ကြုံရတတ်၏။
သူငယ်ချင်းပြန်ရောက်လာလျှင်ခေါင်းကိုတဗျင်းဗျင်းကုတ်သံကြားရတော့သည်။မတတ်နိုင်။တစ်
နေ့စာအလွဲများသီချင်းကနားထောင်ပြီးသွားပြီမှန်းသိလိုက်သောအခါအလွဲတွေကလွဲပြီးသွားပြီဖြစ်
၏။သူငယ်ချင်းဆိုင်ကိုလည်းအလည်မသွားမိအောင်ထိန်းချုပ်ထားလိုက်ရသည်ပဲအဖတ််တင်ကျန်
ခဲ့သည်။ချင်တင်ထိုင်ခြင်းကိုတော့မစွန့်လွှတ်နိုင်သေး။ခက်ရေးချခက်ရပြန်ပြီလားမသိတတ်တော့။
*****************************************************************
ချက်တင်နေ့တိုင်းထိုင်ဖြစ်နေသည့်သူ့ကိုမေမေကဆူဆူပူပူလုပ်နေပြီဖြစ်၏။ဖေဖေ
အမြင်မကြည်တော့။မျက်မာန်တ၀င့်၀င့်နှင့်မျက်လုံးပင့်၍ကြည့်တတ်သောဖေဖေ့မျက်နှာကိုသူ မ
ကြည့်ရဲ။တတ်နိုင်သလောက်အလုပ်မပျက်အောင်ဂရုစိုက်နေရသည်။အလုပ်ပါပျက်လာပြီဆိုလျှင်
တော့အိမ်ပေါ်ကဆင်းရမည်မှာမလွဲ။အရိပ်အကဲကြည့်၍နေနေရသောအခါစိတ်ကမလွတ်လပ်ချင်
တော့။ထိုအခါမှာစိတ်ထွက်ပေါက်အဖြစ်သီချင်းနားထောင်မိသည်။တစ်နေ့စာအလွဲများသီချင်းက
အကြားအာရုံမှာလာငြိ၏။နားကြပ်ဖြင့်နားထောင်နေသည်မို့ခေါ်သံ အော်သံတွေမကြားမိ။နောက်
စေ့မှာပူကနဲဖြစ်သွားမှအလန့်တကြားနားကြပ်ကိုဖြုတ်လိုက်ရသည်။ဒေါသဖြင့်တရှူးရှူးဖြစ်နေ
သောဖေဖေ့မျက်နှာကကြောက်ခမန်းလိလိ။နောက်ကျိကျိဖြစ်နေသောအခြေအနေကြောင့်လက်
ဆတော်တော်ပြင်းမှန်းလည်းခံစားလိုက်ရ၏။မသိမသာဖြင့်နောက်စေ့ကိုပွတ်သပ်မိသောအခါသူ
မျက်လုံးပြူးသွားရသည်။ဖေဖေလက်ဆောင်ပေးလိုက်သောချက်စားလို့မရသည့်အာလူးသီးတစ်
လုံးကဖုံးဖိမရလောက်အောင်ပြူထွက်လာသည်။သူပျာယာခတ်သွား၏။ဖေဖေ့ရှေ့မို့ က္ကနြေ္ဒနှင့်
မနည်းထိန်းထားရသည်။
ငါခိုင်းထားတာလုပ်ပြီးပြီလား
ဟုမေးလာသောအခါမှလွဲသွားပြီဖြစ်မှန်းသိလိုက်ရ၏။ဖေဖေခိုင်းထားသောအလုပ်ကု်ိသူမလုပ်
ရသေး။ရှင်းရှင်းပြောရလျှင်သူသတိတောင်မရခဲ့။ဖေဖေ့သူငယ်ချင်းတစ်ယောက်ဆီသွားပြီးစာ
အုပ်ယူခိုင်းထားသည်ကိုသူမေ့နေ၏။မေ့နေခြင်းကြောင့်လက်ဆောင်ရလိုက်သည်။ရလိုက်သည့်
လက်ဆောင်ကလက်ဆပြင်းပြင်းဖြင့်တီးလိုက်သောလက်သံ။အီစလန်ေ၀သွားခဲ့ရ၏။စက်ဘီးဖြင့်
အမြန်သွားယူရသည်။ဖေဖေ့သူငယ်ချင်းပေးလိုက်သောစာအုပ်ကိုယူပြန်ခဲ့လိုက်၏။ဘာစာအုပ်
မှန်းစိတ်မ၀င်စား၍မကြည့်ဖြစ်ခဲ့။အိမ်ပြန်ရောက်ရောက်ချငး်ဖေဖေ့ကိုစာအုပ်သွားပေးလိုက်
သည်။ပြန်လှည့်လို့မှမကြာသေး။အော်ဟစ်သံကကပ်ပါလာသည်။
ဟေ့ ကောင် ဒါကဘာသေဘာလဲကြ..မင်းကငါ့ကို..မခန့်လေးစားလုပ်တာ
လား..ငါသွားယူခိုင်းတာမယူပဲ ဘယ္ကယူလာတာလဲ..ဒီစာအုပ္က..မင်းကွာ..ဟင်းးးးး
အံကြိတ်သံနှင့်အတူလက်ကပါလာတတ်သောဖေဖေ့အကျင့်ကိုသိထားသည်
မို့အနားမကပ်ရဲ။ပစ်ပေးလိုက်သောစာအုပ်ကိုယူကြည့်လိုက်တော့မှသူ့မျက်လုံးတွေပြာေ၀သွား
သည်။စာအုပ်ကဆရာပီ-မိုးနင်း၏နာမည်ကြီးစာအုုုပ်တစ်အုပ်ဖြစ်နေ၏။ဖေဖေယူခိုင်းလိုက်သည်
က ကိုယ်ကျင့်အဘိဓမ္မာ စာအုပ် ။လွဲပြီ။ သိသည်နှင့်တပြိုင်နက်သူပြန်သွားရပြန်၏။မလိမ္မာလို့
နှစ်ခါပန်းသည်တော့မဟုတ် ၊လိမ်လိမ်မာမာနှင့်ပင်အလွဲကအကဲပိုသွားခဲ့၏။ဖေဖေ့သူငယ်ချငး်ထံ
မှစာအုပ်မှားပေးလိုက်မိကြောင်းအားနာစကားကိုတောင်သူ နားမထောင်ဖြစ်တော့။ဖေဖေ့ဆီစာ
အုပ်သွားပေးသောခါကြားဖူးနေကျသြဝါဒတွေနှင့်ဟိန်းဟောက်သံတွေကိုမနာယူချင်ပဲနာယူခဲ့ရ၏။
ဒီနေ့အဖို့လည်းဘာလုပ်လုပ်အဆင်ပြေမည်မထင်။အခန်းအောင်း၍ကဗျာလေးတွေရေးနေဖို့ဆုံး
ဖြတ်ချက်ချလိုက်မိသည်။
*****************************************************************
ချက်တင်ထိုင်ရင်းရင်နှီးနေခဲ့သောကောင်မလေးတစ်ယောက်နှင့်တွေ့ဆုံဖို့ကြိုး
စားနေမိသည်။တွေ့ဖို့အချိန်းအချက်လေးတွေလုပ်ဖြစ်၏။နိုင်လွန် အအေးဆိုင်မှာတွေ့ရန်နှစ်ဦး
သဘောတူဆုံးဖြတ်လိုက်သည်။နောက်ရက်မှာသွားတွေ့ဖြစ်၏။အသံနည်းနည်းသြရှရှဖြစ်နေသည်
မှလွဲ၍ကောင်မလေးမှာအပြစ်ပြောစရာမရှိဘူးထင်မိသည်။အွန်လို်င်းပေါ်မှာကတည်းကရင်းနှီးပြီးမို့
အပြင်မှာတွေ့တော့လည်းခင်ခင်မင်မင်ပင်။ရှိုးတိုးရှန့်တန့်ဖြစ်မနေခဲ့။နဖူးစာရေးနတ်မင်း၏ဂဟေ
ဆက်ထားပေးခြငး်ခံရသည့်အလားမကြာခင်မှာပင်ချစ်သူအဖြစ်ရောက်သွားခဲ့သည်။သူငယ်ချင်းများ
အားပြောပြဖြစ်၏။သူငယ်ချင်းတွေကသူ့အထာကိုသိပြီးသားမို့ပြုံးရုံပဲပြုံးနေကြသည်။ဘာမှေ၀ဖန်
ချက်မပေးကြ။သူလွဲတတ်သည်ကိုလည်းအကြောင်းသိတွေမို့ဘာမှမပြော၊သူ့အလွဲကိုသူတို့ခံရဖန်
များနေသောကြောင့်လားမပြောတတ်။သူတို့အစားအလွဲကို၀ိုင်းကူခံစားပေးမည့်သူတစ်ယောက်
ရောက်လာသည့်အတိုင်း၀မ်းသာ၍ပင်နေကြသေးသည်။ချစ်သူသက်တမ်းအစပိုင်းမှာတော့အဆင်
ပြေနေသည််ထင်၏။လျှောက်လည်လိုက်၊စားသောက်လိုက်နှင့်ကြည်နူးမှုတွေေ၀ဆာနေခဲ့သည်။
သီချင်းနားထောင်ဖို့တောင်သတိမရမိခဲ့။နားထောင်ဖြစ်လျှင်လည်းအချစ်သီချင်းလေးတွေသာနား
က၀င်ဆံံ့တော့သည်။ဒီတစ်ခါမလွဲလောက်တော့ဟုထင်မိ၏။
*****************************************************************
မလွဲချင်လျှင်လည်းမရ။လွဲရမည့်ကံဇာတာပါလာသူအတွက်အလွဲကမလွဲတမ်း
ဆိုက်ရောက်လာခဲ့သည်။ကြားစကသူ့နားသူမယုံချင်။သူငယ်ချင်းတွေ၀ိုင်းကြပ်နေသည်ထင်မိ၏။
သူငယ်ချင်းတွေကိုလည်းစိတ်ဆိုးမိ၏။သူ့အကြံနှင့်သူမို့အိမ်အလုပ်တွေကို၀ိုင်းကူလုပ်ပေးနေမိသည်။
မေမေကတော့ပျော်တပြုံးပြုံး။ဖေဖေကသူ့ကိုသိပ်မယုံချင်သေး။စောင့်ကြည့်ရမည့်အဆင့်လောက်
မှာသာထားဆဲဖြစ်သည်။သူကလည်းသူပင်။လွဲတတ်လွန်းတာတွေများနေခဲ့သောသူ့ကိုဖေဖေကမ
ယုံချင်သေးတာသိပ်တော့မဆန်း။လမ်းစဉ်ကျသည်ဟုပင််််ဆိုရမည်ထင်မိ၏။ဖေဖေကသိပ်မယုံသေး
သည့်အထဲသူငယ်ချင်းတွေလာပြောသောစကားကြောင့်သူစိတ်ဆိုးနေမိသည်။သူငယ်ချင်းတွေက
သူ၏အသစ်စက်စက်ချစ်သူလေးအကြောင်းက်ိုအမနာပပြောလာကြ၍ဖြစ်၏။
မင်းနဲ့အခုဖြစ်နေတဲ့ကောင်မလေးက ..မိန်းကလေးအစစ်မဟုတ်ဘူးတဲ့..ဒါ.. တဲ့
ဟု လက်ခြောက်ချောင်းထောင်ပြသွားကြသည်။သူ့ဒေါသတွေအလိပ်လိပ်တက်လာမိ၏။စနောက်
စရာမဟုတ်သည်ကိုစနောက်နေကြသောသူငယ်ချင်းတွေကိုသူအတွေ့မခံတော့။အဆက်အသွယ်
လည်းဖြတ်ထားလိုက်သည်။သူတို့ဖုန်းနံပါတ်နှင့်လာသည့်ဖုန်းဆိုလျှင်မကိုင်တော့။စက်ပိတ်ထားမိ
သည်။ သူငယ်ချင်းတွေပြောပြထားသောကြောင့်သူ့မှာချစ်သူရှိနေမှန်းမေမေနှင့်ဖေဖေကသိထား
ပြီးဖြစ်၏။မေမေကဆိုချေွးမလောင်းလေးကိုလေ့လာအကဲခတ်ကြည့်ချင်သည်ဟုပင်ပြောဖူးသည်။
သူပေးမတွေ့ဖြစ်သေး။အချိန်တစ်ခုက်ိုစောင့်စားရင်းနေလာခဲ့သည်မှာတစ်လပင်ပြည့်တော့မည်။
သူငယ်ချင်းတွေပြောစကားကြောင့်သူ့မျှော်လင့်ချက်တွေရေစုန်မျောရတော့မလိုဖြစ်နေ၏။ယခုတစ်
ကြိမ်သူမလွဲကြောင်းတော့သက်သေပြချင်နေမိသေးသည်။ဟုတ်သည်။သက်သေပြရမည်။
******************************************************************
ဖုန်းစက်ဖွင့်လိုက်သောအခါသူမသိသောဖုန်းနံပါတ်နှင့်ဖုန်းခေါ်လာသည်မို့ပြန်ပြော
မိ၏။သူငယ်ချင်းတစ်ယောက်ဆီမှဆက်ခြင်းဖြစ်သည်။သူဖုန်းကိုချမည်လုပ်သောအခါသူငယ်ချင်းက
ခဏလောက်နားထောင်ပေးရန်ပြောနေသည်။သူငယ်ချင်းထံမှမထင်မှတ်သောစကားလုံးတွေပဲသူ
ကြားလိုက်ရ၏။သူငယ်ချင်းတွေပြောသည့်အတိုင်းဆိုသူစုံစမ်းရန်လိုပြီ။ညနေပိုင်း၌ဒိုင်းမွန်းပလာဇာ
ကိုသုွားပြီးထိုင်စောင့်နေလိုက်မိ၏။သတင်းပေးသူကအတိအကျပြောထားသောကြောင့်သူညွှန်ပြ
ထားသည့်နေရာမှပင်စောင့်နေလိုက်သည်။ပျင်းပျင်းရှိသည်နှင့်သီချင်းနားထောင်ရန်ဟန်းဆက်ထဲ
မှသီချင်းတစ်ပုဒ်ကိုဖွင့်လိုက်သည်။ဦးငှက်ကြီး၏အသံမြူးမြူးလေးကထွက်ပေါ်လာခဲ့သည်။သူစိတ်
ထဲမှာထင့်သွားမိ၏။အရင်အချိန်တွေကသူအလွန်နှစ်သက်ခဲ့သောသီချင်းတစ်ပုဒ်ကသူ့ကိုချောက်
လှန့်နေသလိုထင်မိသည်။သီချင်းကိုပြန်ပိတ်ထားလိုက်ရ၏။အခုမှသတိထားလိုက်မိသည်။သူ့
နောက်ဖက်နားဆီကကြားနေရသောအသံသြရှရှကိုသူမမေ့။ရင်ထဲမှာအမှတ်ရဆဲပင်ရှိနေ၏။အား
တင်းပြီးနောက်ကိုအသာအယာငဲ့စောင်းကြည့်လိုက်မိသည်။လောကကြီးတစ်ခုလုံးမှောင်သွားသည်
ထင်ရ၏။သူ့အသိတွေလည်းမလင်းချင်တော့။သူငယ်ချင်းတွေပြောနေသည်မှာသေချာသွားပြီဖြစ်၏။
ရှက်ရွံ့စိတ်ဖြင့်သူအပြေးတစ်ပိုင်းထွက်လာခဲ့မိသည်။၀န်ထမ်းကောင်မလေးတစ်ယောက်၏အော်
ပြောလိုက်သံကိုလညး်ဂရုမစိုက်နိုင်တော့။သွားပြီ။ပတ်၀န်းကျင်မှာပြစရာဘာမျှမရှိတော့။ဘ၀တစ်
ခုလုံးလွဲသွားပြီဖြစ်၏။သူငယ်ချင်းတွေပြောသည့်အတိုင်းပင်သူ့ချစ်သူကမိန်းကလေးအစစ်မဟုတ်
ခဲ့။မယုံနိုင်စရာကောင်းလောက်အောင်လွဲချက်ကနာလွန်းသည်။သူ့ဘ၀တူအပေါင်းအသင်းများနှင့်
အတူတွန်းထိုးစကားပြောနေဟန်ကမျက်လုံးထဲမှမထွက်။အသံသြရှရှဖြစ်နေခြင်းရဲ့အဖြေက်ိုသူသိ
လိုက်ရပြီဖြစ်၏။ကံကြမ္မာကကျီစားသန်လွနး်အားကြီးသည်။အလွဲတွေပဲထပ်ထပ်လွဲနေသူတစ်
ယောက်ကိုအလွဲတစ်ခုထပ်ပြီးလက်ဆောင်ပေးခဲ့ပြန်သည်။
****************************************************************
သူ အိမ်မပြန်ချင်တော့လောက်အောင်စိတ်ဓာတ်ကျသွားခဲ့ရ၏။ဘယ်သူနဲ့မှလဲ
မတွေ့ချင် စကားမပြောချင်တော့။ခြေဥိးတည့်ရာထွက်သွားဖို့ဆုံးဖြတ်ချက်ချလိုက်မိသည်။သူ့အလွဲ
ရာဇ၀င်ကိုဘယ်သူမှမသိနိုင်သောတစ်နေရာသို့သူသွားတော့မည်။သို့သော်..အိမ်ကိုခဏပြန်ဦးမှ
ဖြစ်မည်။ယူစရာရှိတာလေးတွေယူရဦးမည်။အိမ်ကိုပြန်ခဲ့မိ၏။ရောက်ရောက်ချင်းပင်ထုပ်ပိုးစရာရှိ
တာလေးတွေထုပ်ပိုးလိုက်သည်။ဦးငှက်ကြီး၏ပုံကာဗာနှင့်ဗီစီဒီခွေလေးတစ်ချပ်ကအ၀တ်ခေါက်
တွေကြားထဲမှာနေရာယူနေ၏။ဦးငှက်ကြိီးပုံကိုထုတ်ယူပြီးဦးညွတ်လိုက်သေးသည်။ဗီစီဒီခွေကိုချိုး
ဖဲ့ပစ်လိုက်၏။
လွဲချင်တာတွေ၊လွဲနေတာတွေပြေပါစေတော့ဟုလည်းဆန္ဒပြုမိ၏။မေမေ ဖေဖေ
တို့အိပ်မောကျနေချိန်မှာဘူတာကြီးသို့ထွက်လာခဲ့သည်။ရန်ကုန်သို့သွားတော့မည်။ဆောင်းတွင်း
မှာပင်လက်ကျန်မိုးကသည်းသည်းမည်းမည်းရွာနေသောကြောင့်သူ့ကိုဘယ်သူမှသတိမထားမိ
လောက်ဘူးထင်သည်။မွှန်ထူနေသောစိတ်ကြောင့်ရထားလက်မှတ်ဖြတ်ပြီးထွက်ထွက်ချင်းရထား
ကိုတက်စီးလိုက်မိသည်။ေ၀းရာဆီသို့သွားတော့မည်။အလွဲများမှကင်းရာသို့သွားမည်ဖြစ်၏။
ရထားအရှိန်ကကောင်းနေပြီ။သူ့အတွေးနှင့်သူတွေးချင်ရာတွေးရင်းလိုက်ပါလာ
ခဲ့၏။ မြစ်ကြီးနားသို့..အဆန်ရထား ဆိုသောလမ်းညွှန်ချက်လေးကိုသူမဖတ်မိခဲ့ပါချေ ။
ရတုသစ်
(16/11/2012==3: 35AM)