ညလယ်တိမ်ယံ ၊လပန်းပန်လျှက်
ဝတ်ဆံနုထွေး၊ ပန်းတိုင်းမွှေးစဉ်
ချိုတေးနုယဉ် ၊ တေးသီ ဆင်၍
ချစ်ကြင်နှမ ၊ မျက်နှာလှအား
ရွှန်းပသာကြည် ၊ ကြည့်ခွင့်ရည်သည်
ချစ်တည်သက်သေ..ချစ်မိုးစွေ..။
ချစ်မိုးစွေသော်၊ လေပြည်လေညင်း
တသင်းသင်းနှင့်၊ တင့်လင်းလဲ့ဖြာ
သူ့မျက်လွှာလည်း၊တာရာသောက်ရှူး
ပြိုင်တိုင်းရူးလိမ့်။
မူးမူးမေ့မေ့ ၊ ချစ်စိတ်တွေ့လည်း
ပြတ်ရွေ့မေတ္တာ ၊ မခိုင်မာ၍
ရင်လွှာကိုဖြတ် ၊ သူစိမ်းဆတ်သော်
လွမ်းဓာတ်ကိုယ်လုံး ၊ သိမ့်သိမ့်မှုန်းသည်
ထစ်ချုန်း မိုးနှယ်..မျက်ရည်လွယ်ခဲ့ ။
လကွယ်ညမှောင် ၊ ကြယ်ရောင်ဆိတ်သုဉ်း
ရင်နှလုံးလည်း၊ ပြတ်ရှုံးကွဲကြေ
ရင်မြေကမ္ဘာ၊ ဖွေရှာပါလည်း
ဘယ်မှာမတွေ့၊ တမင်မေ့ထင့်။
မေ့မေ့မောမော၊သောသောရုတ်ရုတ်၊
လှုပ်လှုပ်ခတ်ခတ် ၊ လွမ်းဇာတ်ရှည်ဆ
ဖြေလည်းမရ၊ကြေကွဲစတွေ၊
စိန်ရွှေလိုလက်၊မနက်နေ့ည
မေ့မရဘူး။
ရင်ဝလှိုက်ဆူ ၊ ချစ်သည်းအူပြတ်
နွေပူဆယ်ဆင်း ၊ ပြိုင်ထွန်းလင်းသို့
ရင်တွင်း ခြောက်သွေ့ ၊ စမ်းမတွေ့သည်
ချစ်၍ရူးခဲ့ရပါပြီ။
ရူးရူးသွမ်းသွမ်း ၊ ကြိတ်နွမ်းရှိုက်မော
တွေ့သောကညာ၊ မေများလေလား
ထင်ဝိုးဝါးနှင့်၊ သွေးသားဝေရီ
မတည်စိတ်ဓာတ်၊ ပြိုကာပျက်ထင့်။
လွမ်းရက်လွင့်လူး ၊ စိတ်နွမ်းဖူးခဲ့
စိတ်ရူးလေရူး၊ညဦးလွန်စေ
ရာသီထွေပြား၊မိုးလင်းသွားလည်း
ကြယ်ခြေရာကောက်၊တစ်ယောက်ထီးတည်း
လျှောက်ရဦးမည်၊နာရီလရက်၊
တစ်သက်မက၊ဖျက်မရဘူး၊
ရူးတယ်ဆိုလည်းဆိုပါတော့ ။
သူ့ကိုတမ်းတ ၊ နေ့နဲ့ညလည်း
ဒုက္ခထပ်ထပ် ၊ ကျောခြင်းကပ်ခဲ့
ပွင့်ဖတ်နုကြွေ ၊ ချစ်စိတ်ဖွေလည်း
စိမ်းနေသူက ၊ မီးနီပြသည်
ငိုရခြင်းသာ..မောင့်ကမ္ဘာ ။
မှောင်လွှာသုဉ်းဆိတ် ၊ ကမ္ဘာရိပ်ဝယ်
တိတ်တိတ်သာလွမ်း၊ ကိုယ့်မှာနွမ်းလည်း
မြတ်ပန်းတော်ဝင်၊ ဖြူစင်ပ၀င်း
မွှေးသတင်းနှင့်၊ ဂုဏ်သင်းပါစေ
ဆန္ဒခြွေပြု၊ မျက်ရည်စုဖြင့်
သမုဒယ ၊ ဒီကြိုးစကို
ဒီမျှသာတွင် ၊ရပ်တန့်ချင်ပြီ
သခင်အမျက်တော် ပြေပါတော့။
မျက်ဖြေတောင်းဆု၊ပြုပြုသမျှ
ဘဝအပူ၊ခဏယူသိမ်း
ဘယ်သူငြိမ်းပါ့ ၊စိမ်းခဲ့နှလုံး
ဆုံးခဲ့မေတ္တာ ၊မာခဲ့အချစ်
ဒီတစ်ခေတ်ထဲ ၊နစ်ကျန်နွမ်းယဲ့
ကျန်နေခဲ့မည်...
လွမ်းတဲ့ကမ္ဘာတည်ပါစေ
ပန်းဖွဲ့ကဗျာသီကာခြွေ။
မောင်နိုင်လင်း(ကောလင်း)၊ လွမ်းနောင် ၊ ရတုသစ်
ဝတ်ဆံနုထွေး၊ ပန်းတိုင်းမွှေးစဉ်
ချိုတေးနုယဉ် ၊ တေးသီ ဆင်၍
ချစ်ကြင်နှမ ၊ မျက်နှာလှအား
ရွှန်းပသာကြည် ၊ ကြည့်ခွင့်ရည်သည်
ချစ်တည်သက်သေ..ချစ်မိုးစွေ.
ချစ်မိုးစွေသော်၊ လေပြည်လေညင်း
တသင်းသင်းနှင့်၊ တင့်လင်းလဲ့ဖြာ
သူ့မျက်လွှာလည်း၊တာရာသောက်ရှ
ပြိုင်တိုင်းရူးလိမ့်။
မူးမူးမေ့မေ့ ၊ ချစ်စိတ်တွေ့လည်း
ပြတ်ရွေ့မေတ္တာ ၊ မခိုင်မာ၍
ရင်လွှာကိုဖြတ် ၊ သူစိမ်းဆတ်သော်
လွမ်းဓာတ်ကိုယ်လုံး ၊ သိမ့်သိမ့်မှုန်းသည်
ထစ်ချုန်း မိုးနှယ်..မျက်ရည်လွယ်ခဲ့ ။
လကွယ်ညမှောင် ၊ ကြယ်ရောင်ဆိတ်သုဉ်း
ရင်နှလုံးလည်း၊ ပြတ်ရှုံးကွဲကြေ
ရင်မြေကမ္ဘာ၊ ဖွေရှာပါလည်း
ဘယ်မှာမတွေ့၊ တမင်မေ့ထင့်။
မေ့မေ့မောမော၊သောသောရုတ်ရုတ
လှုပ်လှုပ်ခတ်ခတ် ၊ လွမ်းဇာတ်ရှည်ဆ
ဖြေလည်းမရ၊ကြေကွဲစတွေ၊
စိန်ရွှေလိုလက်၊မနက်နေ့ည
မေ့မရဘူး။
ရင်ဝလှိုက်ဆူ ၊ ချစ်သည်းအူပြတ်
နွေပူဆယ်ဆင်း ၊ ပြိုင်ထွန်းလင်းသို့
ရင်တွင်း ခြောက်သွေ့ ၊ စမ်းမတွေ့သည်
ချစ်၍ရူးခဲ့ရပါပြီ။
ရူးရူးသွမ်းသွမ်း ၊ ကြိတ်နွမ်းရှိုက်မော
တွေ့သောကညာ၊ မေများလေလား
ထင်ဝိုးဝါးနှင့်၊ သွေးသားဝေရီ
မတည်စိတ်ဓာတ်၊ ပြိုကာပျက်ထင့်။
လွမ်းရက်လွင့်လူး ၊ စိတ်နွမ်းဖူးခဲ့
စိတ်ရူးလေရူး၊ညဦးလွန်စေ
ရာသီထွေပြား၊မိုးလင်းသွားလည
ကြယ်ခြေရာကောက်၊တစ်ယောက်ထီး
လျှောက်ရဦးမည်၊နာရီလရက်၊
တစ်သက်မက၊ဖျက်မရဘူး၊
ရူးတယ်ဆိုလည်းဆိုပါတော့ ။
သူ့ကိုတမ်းတ ၊ နေ့နဲ့ညလည်း
ဒုက္ခထပ်ထပ် ၊ ကျောခြင်းကပ်ခဲ့
ပွင့်ဖတ်နုကြွေ ၊ ချစ်စိတ်ဖွေလည်း
စိမ်းနေသူက ၊ မီးနီပြသည်
ငိုရခြင်းသာ..မောင့်ကမ္ဘာ ။
မှောင်လွှာသုဉ်းဆိတ် ၊ ကမ္ဘာရိပ်ဝယ်
တိတ်တိတ်သာလွမ်း၊ ကိုယ့်မှာနွမ်းလည်း
မြတ်ပန်းတော်ဝင်၊ ဖြူစင်ပ၀င်း
မွှေးသတင်းနှင့်၊ ဂုဏ်သင်းပါစေ
ဆန္ဒခြွေပြု၊ မျက်ရည်စုဖြင့်
သမုဒယ ၊ ဒီကြိုးစကို
ဒီမျှသာတွင် ၊ရပ်တန့်ချင်ပြီ
သခင်အမျက်တော် ပြေပါတော့။
မျက်ဖြေတောင်းဆု၊ပြုပြုသမျှ
ဘဝအပူ၊ခဏယူသိမ်း
ဘယ်သူငြိမ်းပါ့ ၊စိမ်းခဲ့နှလုံး
ဆုံးခဲ့မေတ္တာ ၊မာခဲ့အချစ်
ဒီတစ်ခေတ်ထဲ ၊နစ်ကျန်နွမ်းယဲ့
ကျန်နေခဲ့မည်...
လွမ်းတဲ့ကမ္ဘာတည်ပါစေ
ပန်းဖွဲ့ကဗျာသီကာခြွေ။
မောင်နိုင်လင်း(ကောလင်း)၊ လွမ်းနောင် ၊ ရတုသစ်
(01/06/2013 )
( အွန်လိုင်းလင်းရောင်ခြည်ဂရုချက်ဘောက်မှာသုံးယောက်ပေါင်း
ပြီး ရင်ချင်းတိုက်ဆိုင်မိတဲ့ ရိုးရာကဗျာတစ်ပုဒ်ပါ..။ ခံစားနိုင်ကြပါစေ ။ )