Monday, December 31, 2012

ရပ်တန့်နေသော အိပ်မက်မြစ်များ

တစ်နှစ်ပြီး တစ်နှစ်
ဒုက္ခ သမုဒယတွေထဲနစ်ခဲ့တယ် ။

တရစ်ရစ်ခွေရင်းစီးဆင်းခဲ့ရပေ့ါ
မောဟရဲ့ညှို့ကြိုးကိုမဖြတ်နိုင်မချင်းလေ ။

လေပြေညင်းအသွေးမှာ ချွေးသိပ်ဖူးရဲ့
မုန်တိုင်းအလူးမှာ ငိုကြွေးခဲ့ဖူးတယ်။

ရူးသွပ်ခြင်းကိုယ်စီပြေးလမ်းတစ်လျှောက်
အတောင်ပေါက်လာတဲ့အတ္တက
ချိုးဖဲ့ ခက်လွန်းလှချည်ရဲ့ ။

မပီပြင်၀ိုးတဝါး နှင်းကွဲစမှာ
အိပ်မက်ကပြင်းရှ အေးခဲတယ်။

ပူနွေးဆဲ မျှော်လင့်ချက်တနင့်တပိုးနဲ့
တက်ကျိုးလှေ တစ်စင်းရဲ့ပန်း၀င်ခရီး
နီးနိုင်ပါသလား /နီးနိုင်ပါ့မလား ။

အစီအနင်းများတဲ့လှိုင်းလုံးကြားမှာ
သွားလိုရာ စီးကြောင်းတစ်လျှောက်
လက်မြှောက်ပြီးနေလိုက်ရတော့မလို ဖြစ်ရဲ့ ။

ပိုနေ/လိုနေတဲ့ အနားမညီ ထောင့်ချိုးများထဲ
ဖြစ်သလိုတိုးလျှိုး စိမ့်၀င်ရင်း
လင်းရောင်နီ သွန်းဆစ်မှုအတွက်
အိပ်မက်ဟာ ရေခန်းမြစ်တစ်စင်းဖြစ်သွားရ
ဘ၀က သံပတ်ကုန်နာရီအို တစ်လုံးလို
အလိုလို ရပ်တန့်အေးခဲသွားခဲ့တယ်။

                      ရတုသစ်
                   ( 1 /1 /2013 )


Saturday, December 29, 2012

နားခိုရာအရိပ်စစ်

လောကလှိုင်းဒဏ် ၊အဖန်ဖန်ကို
တစ်ရံမလပ်၊ကူးသန်းဖြတ်ရင်း
ဆုံးသတ်နားရာ ၊အေးကမ္ဘာအား
ဖွေရှာကြည့်ရင်း ၊တို့စီးဆင်းခဲ့
ရင်ချင်းအပ်ယူ ၊ချစ်ကြင်သူသာ
အေးလူနားရာ ၊တို့မှတ်လာမိ
လွန်မှားဘိ၏ 
တွေးကြည့်မှပင် ၊အစစ်မြင်သည်
မိခင်သည်သာနားခိုရာ ။
ရယူမှုတွက် ၊တို့စုံမက်သော
နှစ်သက်ကြည်ဖြူ ၊တို့ချစ်သူသည်
အေးလူနားရာ ၊ရင်ခွင်လွှာကို
ဖြန့်ကာရိပ်မိုး ၊မရနိုးပေ
တန်းဖိုးတိုင်းတာ ၊မနှိုင်းသာသော
မာတာရင်လွှာ ၊ရိပ်ဆာယာသည်
ဘယ်ခါရပ်ရပ် ၊ပူ မဟပ်ပဲ
မပြတ်စဉ်သာ ၊အေးမြရာမို့
ခါခါပူပြင်း ၊စိတ်မောခြင်းတွေ..
ရင််တွင်းပြည့်သိပ် ၊သောကစိတ်တွေ..
ကြပ်သိပ်ပြင်းထန်၊ အပူဒဏ်တွေ..
မခံသာသော ၊ဘ၀ဇောတွေ..
လှိုက်မောလန့်ထိတ် ၊ကြောက်ရွံ့စိတ်တွေ..
တိုးတိတ်ငိုရ ၊ထိုခဏတွေ..
ကင်းပ ကွာဝေး ၊ဖြေရှင်းပေးလို့
အပြေးဖွေရှာ ၊ရိပ်တကာထက်
မာတာအေးရိပ် ၊ရင်ခွင်ဆိပ်သာ
အရိပ်စစ်စစ်၊ အမှန်ဖြစ်သည်
မပစ်ပယ်သာ..နားခိုရာ ။
အရိပ်အမှန် ၊အဖိုးတန်သည်
လည်ပြန်ခါခါ ..နားခိုရာ ။

                     ရတုသစ်


               

ငြိမ်းချမ်းရေး


သဘာ၀အလှတရားဟာ သဘာ၀ကျကျ
အိပ်မောကျခွင့်ရပါရဲ့လား ကမ္ဘာမြေ ။

ကောဠာဟလ /တွက်ခြေပေါင်းစုံမှာ
ရင်တုန်ပန်းတုန် လုံခြုံမှုနဲ့
ပဲ့ထွက်နေတဲ့ဘ၀ အထွေထွေ။

တလှိုက်လှိုက် ရှိုက်သံတွေအစား
တရားမျှတခြင်းဟာ နေရာယူပေးပါ ။

အခါခါပြန်တောင်းနေရတဲ့ ကိုယ့်အရိပ်မှာ
စာနာတရားတို့ မှေးမှိတ်နားနေပါ ။

ဧရိယာပြင်ပရောက်ရောက်သွားတဲ့
မိသားစု ကမ်းလက်တွေထဲ
ခိုင်မြဲမှုကို ချိတ််ဆွဲပေးပါ ။

ညီအစ်ကို မသိတသိ အမှောင်မှာ
သွေးဆာနေတဲ့ ပူလောင်လက်တွေအစား
ရင်ချင်းဆက်ပွေ့ဖက်မယ့်
ပန်းပျိုးလက်တစ်စုံစီ မွေးဖွားပေးပါ ။

အခြေအနေ အရ
ကိုဓ ဥပေဒကို ရိတ်သိမ်းပစ်လိုက်မှ
အဟိံသကနဲ့ငြှိမ်းမှ ငြိမ်းမယ် ။

ကမ္ဘာနဲ့လူသားဆီ အအေးဓာတ်ကိန်းဖို့
မိခင်တို့ရဲ့မဟာ၀ိညာဉ် ငြိမ်းချမ်းပါစေ ။

နေ့သစ်တွေ ဂီတသံချိုဖို့
ငြိမ်းချမ်းရေးငှက်တို့ တေးသီဆိုပါစေ ။

မေမေတို့ရဲ့ မေတ္တာဓာတ် အစွမ်းက
ကမ္ဘာ့ရပ်၀ှန်း အသီးသီးဆီ ကျရောက်
လူ လူချင်းမြင်တဲ့ အသိဉာဏ် ပေါက်ပါစေ ။

အေးမြပါ ၀င်းပပါ ချိုသာပါ
တေးဆိုပါ မွှေးချိုပါ ကမ္ဘာမြေ ။

                               ရတုသစ်

Monday, December 24, 2012

ငေးချက်များ ( ၁ )

ဆေးဆိုးပန်းရိုက်နဲ့
ဓာတ်ပုံပြုပြင်ရေးဆိုင်.။

ဗြူးတီးစလွန်းများမှာ
လှချင်လွန်းသူတွေ မြိုင်ဆိုင်လို့ ။

သူတို့...
ရုပ်တွေပဲ လှလာကြတယ်..။

                ရတုသစ်

( ဆရာသစ္စာနီရဲ့ ရှုခင်းများ(၂)ကို ဖတ်မိပြီး ငေးလိုက်တဲ့အခါ.......)

စိမ်းဆတ်ဆတ်ကွဲ



ရတက်ဖြာဆွေးပူမီး
ရင်စည်း၍ မခံသာ ၊

ဆွေးစရာ
ဝေးကမ္ဘာ သူလေပြေးပြီပေါ့
နွေးစရာရင်ခွင်ဝေးပြီထင့်
ရင်နင့်နင့်နာ ။

ထားသစ္စာ
ဓါးဖြစ်ကာ ရင်ကိုခွဲ ၊

မောင့်အသဲချည်တိုင်ပြေမှ
ပျိုမေမှာ တစ်တိုင်ယိမ်းမယ်လား
သူစိမ်းဆန် သူရှောင်ဖယ်လို့
မျက်ကွယ်မှာ မေတ္တာသိမ်းတယ်
စိမ်းဆတ်ဆတ်ကွဲ ။

               ရတုသစ်

Saturday, December 22, 2012

လွမ်းနေဆဲ...


                         မျက်ရည်၀ဲမှုန်ဝါးခဲ့ညများမှာ ငါလွမ်းနေလည်းမင်းမှမသိနိုင်တော့တာ
                    အချစ်တွေအတွက်ခံစားခဲ့နေ့များစွာ..ပြန်ရချင်လည်း ဘယ်သူမှမပေးနု်ိင်တော့
                         ပူလောင်မွန်းကြပ်တဲ့..သာယာခြင်းကင်းမဲ့ အိပ်မက်ဆိုးတစ်ခုလိုပဲ...။
                 အတိတ်ဆိုတာ စိတ်ကူးဖြစ်ပေမယ့် ပြန်တွေးလိုက်တိုင်းမနေ့တစ်နေ့ကလိုပဲ
                         မင်းမမြင်ခဲ့ကြေကွဲငါ့ရင်ဟာ..အသက်ရှုတိုင်း နှလုံးသွေးများဆူဆဲ....
                         ပြန်လည်အစားထိုးလို့ ဘယ်လိုနည်းနဲ့မှ..ငါမေ့ဖျောက်လို့ရမှာလဲ...
                    ( မင်းချန်ခဲ့တဲ့ စာရွက်ဟောင်းများနွမ်းခြောက်ကာ...မင်းစွန့်သွားတော့
                     တွယ်ရာမဲ့တဲ့ စိတ်အစဉ်ဟာ..တမ်းတရင်းနဲ့ ငါဒီအခန်းကျဉ်းလေးထဲမှာ
                      ..ဟိုးတစ်ချိန်တုန်းက အတူပျော်ဖူးခဲ့နေ့ရက်များ....ဒီအချိန်ရင်ခုန်လာ
                      ဟိုးတုန်းက အနမ်းတွေ ခဏလောက်တော့ရချင်လို့..နားလည်ပေးပါ.....)

လမင်းကိုနမ်းရှိုက်ပွေ့ဖက်ခြင်း


                                               လ
                                            အေးမြ
                                          မှုန်ပျပျ ။
                                       နှင်းမြူကြားမှ
                                    ချောင်းကြည့်ရစဉ်
                                       အလှတစ်မျိုး
                                       ထင်မိရိုးသာ
                                 နှင်းခိုးသောက်လျှက်
                                 မတောက်လက်လည်း
                                      မှုန်ညက်နံ့သာ
                                     လိမ်းကျံလာသို့
                                    စိတ်မှာတွေးထင်
                                   နမ်းကြည့်ချင်သည်
                            ရွှေရင်ခုန်ထိ်တ်...တဒိတ်ဒိတ် ။

                                            ည
                                        တွေးလှ
                                        ထုံကူးရ ။
                                 ဆောင်းဟေမာန်ည
                                     ချမ်းမြမြ၀ယ်
                                    ထွေးရမည့်သူ
                                       မရွိမူ ၍
                                  စိတ်ဆူေ၀ကာ
                                 ရင်ခုန်လာသော်
                                မှုန်စွာညက်ညော
                                 ကြယ်တို့တောမှ
                                  ချစ်သောလမင်း
                                     ပပ၀င်း ကို
                        ချစ်တင်းစကား..ထပ်ထပ်ကြား..။

                                         တွေး
                                       ရင်အေး
                                     ငြိမ့်ငြိမ့်လေး ။
                                  စိတ်ကူးထွက်ပြေး
                                   လမင်းလေးဆီ
                                   ချစ်ရေးချစ်ခွန်း
                                  ဖွဲ့သီညွှန်းလျှက်
                                 ေ၀ရွှန်းလက်ဖိတ်
                                  မေတ္တာစိတ်ဖြင့်
                                တိုးတိတ်ချဉ်းကပ်
                                 ရင်လွှာအပ်သော်    
                                အေးဓာတ်စိမ့်ဖြာ
                                 ထုံကူးလာသည်
                       ရင်လွှာသိမ့်သိမ့်..အေးစိမ့်စိမ့်..။

                                     ရတုသစ်
                           (22/12/2012။ 9း 00 ည)



Thursday, December 20, 2012

ငါ့ကိုစောင့်ပါ ကဗျာ...


ကဗျာတစ်ပုဒ်ရဲ့နူးညံ့ခြင်းမှာ ဘ၀ကို ပုံအပ်ထားမိ
အဆိပ်အပြည့်ရှိမယ်ဆိုရင်တောင် ငါသောက်လိုက်တယ်..
အမောဖောက်ဖောက်လာတဲ့ ငါ့ အိပ်စက်ခြင်းဟာ တုန်ရီနေခဲ့
ပီတိလောက်ပဲ ပိုင်ဆိုင်နိုင်မယ့်လမ်းကို ငါရွေးထားရဲ့
တကယ့်အဖြစ်အပျက်မှာ ငါ ဆိုးခဲ့တာလား..ငါမသိ
အငိုက်မိခံထားတဲ့ ကဗျာရဲ့ဖြားယောင်းခြင်းမှာ ရင်ခုန်တယ်..။

ပုံပြင်တွေထက်တောင် ငါစွဲလမ်းခဲ့တာပေါ့ ကဗျာ
ဒဏ္ဍာရီမဆန်တဲ့ အတောင်ပံတပ်ဆင်ရင်း လေဟုန်ခွင်းခဲ့ရ
ဘ၀ကို မြင်နေတဲ့အတွေးမှာ..ငါ အထီးကျန်ချင်ကျန်လိမ့်မယ်
ငါ့ဘက်မှာကဗျာရှိနေသေးရင် ကဗျာရဲ့ကမ္ဘာမှာ ငါနေမယ်...။

မြင်လွှာအထပ်ထပ်ကြားမှာ ထွေပြားအာရုံတွေ ရှိတယ်..ကဗျာ
ဆေးသောက်ဖို့အခါခါမေ့မိတာတောင်ကယောင်ကတမ်းညမှာ ကဗျာနဲ့လမ်းလျှောက်နေမိ
ညရဲ့တိတ်တဆိတ်ဖေးမမှုမှာ လွတ်လပ်ပေါ့ပါးရင်း အိပ်စက်ခြင်းကို ငါမတပ်မက်ခဲ့
ငတ်နေတဲ့ဆာလောင်အာဟာရဟာ..ကဗျာပဲ ကဗျာ..။

ငါ့အနာဂတ် ငါရွေးရမယ်ဆိုတာ ငါမသိလို့မဟုတ်ဘူး
တိမ်းမူးနေတဲ့ ယိမ်းယိုင်အရွှေ့အပြောင်းမှာ ဒိီဂရီအများကြီးတိမ်းစောင်းနိုင်တယ်။
အပြိုင်အဆိုင်မကြိုက်တဲ့ ငါဟာ ကဗျာနဲ့အပြေးပြိုင်နေမိခဲ့
အိပဲ့အိပဲ့ နှေးကွေးခြေလှမ်းနဲ့လည်း ငါ အပြိုင်ကြဲပြီးလိုက်ခဲ့တာလေ
ငါ့ ကိုစောင့်ပါဦး ကဗျာ ။
ငါ လိုက်နေချင်သေးရဲ့ မင်းနောက်မှာ
ရေရာမှုမရှိမှန်းသိနေတာတောင် ငါ့အစွဲအလမ်းကို ငါ မဖြေနိုင်သေး
မင်းပေးတဲ့ အိပ်မက်တစ်ခုနဲ့ ငါနွေးထွေးနေချင်သေးလို့ပါ ကဗျာ ။


ရတုသစ်

Wednesday, December 19, 2012

နက္ခတ်ငြိတဲ့ အလွမ်း


ခူးဆွတ်ချိန်လွန်ကာမှ
ဒီအလွမ်းက မပျိုးဘဲ ပွင့်လာခဲ့ပေါ့
ခြေရာမခံချင်တဲ့စိတ်ကို တိတ်တိတ်ကလေး
အိပ်ဆေးခပ်ထားလိုက်တယ်
မသိဆိုးဝါးတဲ့ အိပ်မက်မြစ်ထဲမှာ
အလွမ်းဟာရေစီးနဲ့အတူ လူးလူးလွန့်လွန့် ။

တိုက်တိုက်ဆိုင်ဆိုင် တိုးတိုက်မှုတဒင်္ဂ
ကွယ်၀ှက်မရတဲ့ အလွမ်းက တွန်သံပေးခဲ့ ၀ဲဘက်ရင်အုံမှာ ။

အိပ်ရေးပျက်တာ ဆန်းပါသလား
အလွမ်းမဲ့အိပ်ပျက်မှုမှာ
အဓိပ္ပါယ်ရှာမရခဲ့ လေးလေးနက်နက် ။

မာယာမပါတဲ့သတိရမှုဖြတ်စများအမျှင်တန်းခဲ့ပေါ့
ဖြူစင်တဲ့အလွမ်းလို့သတ်မှတ်ချက်ကိုယ်တိုင်ချမိ
ကန့်သတ်ချက်ဆိုတာရင်ခုန်သံကို ခါးသီးစေသတဲ့
ရေခြားမြေခြားမှာရင်ဘတ်နဲ့တဲ့တဲ့လူတစ်ယောက်
အလွမ်း၀တ်မှုန်သောက်နေခဲ့ ညနက်ထဲမှာ ။

အေးခဲဆောင်းည မြည်တမ်းခြင်း လင်္ကာထဲ
အသည်းကို တေယာ လုပ်ပြီးထိုးလိုက်ရဲ့
သောင်းတိုက်မှာ ပဲ့တင်မထပ်လဲနေပါစေ
လွမ်းစေသူတစ်ယောက်သိရုံ ဒီအလွမ်းက
ဆောင်းညနဲ့ အတူ သို၀ှက်ထားရပေါ့ ။

ညရဲ့ချော့မြှူသံထဲ အလွမ်းတွေစွန်းထင်းပေကျံခဲ့
ရင်ခုန်ဖက်မဲ့ ရင်ကိုမှ တမ်းတစိတ်ဖိတ်စင်တယ်။

တိတ်တဆိတ်လေးပါပဲ
သဲ့သဲ့လေးကြားလိုက်မိ
ဆောင်းညလက်ခတ်သံပေါ့ ။
''နက္ခတ်ငြိတဲ့အလွမ်းမှာ ဖြေစရာ နတ္ထိ
''အဆိပ်မရှိတဲ့အလွမ်းမှာ ဖြေဆေးမသိ"
အဲဒီ.. သင်ခန်းစာ
ဘယ်မှကျ ကျန်ခဲ့မှန်း
ဒိုင်ယာရီမှတ်တမ်းက အိုးတိုးအမ်းတမ်းမေ့နေတယ် ။

                     ရတုသစ်
   ( 20/12/2012==12:28 AM)




အိပ်ပျက်သူ


အိပ်
ချော့သိပ်
မျက်စိပိတ် ။
လူးလှိမ့်မှေးမှိတ်
လွမ်းသည့်စိတ်ဖြင့်
ရင်ရိပ်ကမ်းမှာ
သူ့ပုံလွှာကို
မြင်ကာခဏ
နိုးထ ရသည်..
ဆောင်းညသိပ်သည်း(သဲ)
နှင်းမှုန်၀ဲ...။

ပျက်
အေးစက်
နှင်းခဲပက် ။
ချမ်းခိုက်တုန် အက်
ရင်ခုန်လျက်သာ
ရင်ရွက်စုံဖွင့်
သူ့ဆီလွှင့်ဖို့
ရင်ရင့်အလွမ်း
လေပြေနမ်းသည်..
စိမ်းလန်းရင်ထဲ
လွမ်းပိုဆဲ...။

သူ
လာယူ
ညမက်လူ။
လွမ်းစိတ်ဖြူဖြူ
အိပ်မက်ကူလှည့်
မဟူရာ ည
နှင်းဖြိုက်ကျသော်
ချမ်းမြခိုက်တုန်
ရင် မလုံသည်
လွမ်းဟုန် နင့်နဲ
အိပ်ပျက်မြဲ...။

               ရတုသစ်

( ရေးချင်ရာရေးလိုက်မိသည်။ ပုံစံကိုမပြောတတ်ပါ။သည်းခံဖတ်ရှုကြပါကုန် ။)


Monday, December 17, 2012

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ (လွှမ်းမိုး)

                            


              *****************************************************

လေပြေ--အေသင်ချိုဆွေ


                                           အေသင်ရဲ့လေပြေသီချင်းလေးပါ။
                             ခဏခဏနားထောင်ဖြစ်နေတာမို့ မျှဝေလိုက်ပါတယ်။

မျက်မှန်တပ်ရမယ့် ခြေထောက်များ

အဆင်းလမ်း အတက်လမ်း ခပ်ကြမ်းကြမ်းပဲ ဒီဘ၀မှာ
မာယာနဲ့သစ္စာကို ကြိုးညှိရင်းခြေချော်ချင်မိ လျော့တိလျော့ရဲ
လျှောက်ဆဲရှေ့ခြေတစ်လှမ်းအတွက်နောက်ခြေနဲ့ထောက်ကန်ပေးထားရ
နောက်ခြေအားနဲ့ရှေ့ကိုတစ်လှမ်းချင်း ဆက်လက်ချိီတက်ချိန်
အပျက်ပျက်နဲ့နှာခေါင်းသွေးမထွက်ချင်ဘူးဆိုရင်
သက်လုံကောင်းတဲ့ခြေထောက်တော့လိုမယ်..။

ကတောက်တဆသိပ်များတဲ့ဟောဒီလောကကြီးထဲ
ခြေမျက်စိကိုပြူးပြဲပြီး ရှင်ရှင်ဖွင့်ထားရပေါ့
ပြန်နှုတ်လို့ရတယ် ဆိုတိုင်း ကြမ်းကျွံလို့ တော်/မတော်
တောင်တန်းကိုကျော်မယ့်ခြေထောက်ဟာအသွားတော်နေမှဖြစ်မယ်..။

ရှပ်တိုက်/ ဖိ /ဖြ /ပြင်းထန်/ညင်သာ မှုများထဲ
ခြေကုပ်မြဲနေမှ အဆင်အပြေဆုံးထင်ရဲ့
တုံးတိုက်တိုက်ဆိုပြီး ဇွတ်တိုးရန် လို /မလို
နဂိုက မှားချင်နေတဲ့ခြေလှမ်းက မလဲပြိုရင်အကောင်းဆုံးပေါ့
တစ်တောင်ဆုံးပေမယ့် နောက်တစ်လုံး..နောက်ထပ်တစ်လုံး
တောင်ကုန်းများစွာ ကျန်နေသေးတယ်
ဝေးဝေးလျှောက်ဖို့ဆုံးဖြတ်ထားမှတော့
ဝေးဝေးရောက်အောင်အားစိုက်နေရ
လမ်းမှားမ၀င်အောင်ထိန်းကွပ်ပေးနေရ
ဘ၀တိုပေမဲ့ လမ်း များ /ရှည် တယ် ။

သွားလိုရာခရီးရောက်ပြီလား
သတိတရားကိုခြေထောက်မှာကပ်ချည်ထားလိုက်
တိုက်ခိုက်ဒေါက်ဖြုတ်မယ့်ရန်ခလုတ်အတွေ့မှာ
ခြေအသိမ်း အနှုတ် ပါးနပ်မှ အကျသက်သာရာရပေါ့
အကျအပေါက်များလွန်းတဲ့လမ်းများထက်
ခြေပန်းမကျအောင် အားသွန်ထားရတယ်..။

သွားခဲ့ပြီး သွားနေဆဲ လမ်းများကြားက
သွားရမယ့်လမ်းကိုမြင်ရပြီလား
ကြိုးစားအားတင်းထားတဲ့ခြေထောက်ရဲ့အရွှေ့ကို
မေ့မနေအောင်သတိထားမှဖြစ်မယ်..
ခြေထောက်များရဲ့မျက်စိကိုဖွင့်ထားမှဖြစ်မယ်..။

ခပ်ညစ်ညစ်လမ်းဟောင်းထဲတိုး၀င်မိတိုင်း
ဒီခြေထောက်ကိုပြန်ဆေးကြောဖြစ်ဖို့အရေးကြီးရဲ့
ကျွံနေတာကိုဆက်မကျွံအောင်ပြန်နှုတ်လိုက်
ဆက်တိုက်ကျွံနေတဲ့နွံမှာခြေဆင်းထိိုင်နေလို့မဖြစ်သေး
အားသစ်မွေးပြီးပြန်ထ..ဒါဘ၀ပဲ..။

လဲနေသူထူပေးမယ့် လူစစ်စစ်ရှားလာတဲ့လောကထဲ
လဲချပြနေလို့ကောင်း/မကောင်း တွေးကြည့်
အသိနဲ့ခြေလှမ်းကို ထိန်းသိမ်းရင်းမတိမ်းမစောင်းမောင်းနှင်နိုင်ဖို့
ချို့တဲ့နေတဲ့စိတ်အားကိုပြန်ဖြည့်ရင်း
မေ့လျော့တတ်လွန်းတဲ့ခြေမျက်စိကို
သတိ မျက်မှန်တပ်ထားမှဖြစ်တော့မယ်။

                     ရတုသစ်

Sunday, December 16, 2012

အိပ်ရေးပျက်

                                        
                                            ( အိပ်ရေးပျက် )
                                      
        မသေချာမရေရာတာတွေများတဲ့ကောင်းကင်အောက်..အချိန်တန်အိမ်ပြန်ချိန်တွေနှုတ်ဆက်
       လမ်းခွဲတိုင်း...ကျန်ခဲ့တဲ့ငါ့စိတ်တို့ချစ်သူမင်းအပါးက တစ်ဖဝါးမခွါကြဘူး..ကမ်ဘာမြေပြိုသလို
       နာကျင်ကွဲရှဖူးသူမို့..ကြယ်တွေကြွေတာမြင်ရင်တောင်ကြိတ်ခါ၀မ်းနည်းမဆုံး...တစ်ကယ်
      မင်းနဲ့မေ၀းရဲလို့ညစဉ်စိတ္တဇနဲ့အတွေးပင်လယ်မျော...ဟို အရင်ဒဏ်ရာတွေကသွေးမတိတ်
        သေးချိန်မှာ ထိတ်လန့်ခြင်းကအစဉ်အမြဲစိုးမိုး..မင်းရင်ထဲမှာဘယ်သူများရှိလို့နေမလဲ....
      (စွဲလမ်းစိတ်န့ဲကိုယ်အိပ်စက်မရနိုင်ပါ..တကယ်အလေးနက်ထားပြီးငါ့အပေါ်ချစ်ရဲ့လား..
         စိတ်မချခြင်းနဲ့အိပ်ရေးပျက်ပျက်နေတာ..ဒါတွေမင်းမသိခဲ့တဲ့..စိတ္တဇညဆိုးများ....)

မင်းအကြောင်းအိပ်မက်

အိပ်မက်ထဲရင်ခုန်ဆဲ
ကြင်နာသူလေးရှိတဲ့အချိန်
ဘယ်သူတွေများ မင်းအိပ်မက်ထဲ
ဝင်နေလဲကွာ....

မြဲစေသား

အာဇာနည်ရဲ့
မြဲစေသားဆိုတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။
နားဆင်ကြည့်ကြပါဦးနော်..။

Saturday, December 15, 2012

နှင်း၀ှက်တဲ့ဆောင်း

                               နှင်းဆွတ်ဆွတ်ကြဲချ
                             အေးခဲဆွတ်ကျင်နွမ်းမောလျ
                                 အမေ့အိမ်လွမ်းတ ။

             ရေးလိုက်ပြင်လိုက်နှင့်ဤစာကြောင်းလေးသုံးကြောင်းကိုပင်ထပ်တလဲလဲရေရွတ်ကြည့်နေမိသည်။
တကယ်ဆိုလျှင်ဟိုက္ကူကဗျာနှင့်သိပ်အကျွမ်းမ၀င်လှ။ရေးချင်စိတ်ဖြစ်ပေါ်လာသောကြောင့်ရေးလိုက်မိခြင်းသာ။
ဟိုက္ကူကဗျာလေးများသည်တိုရှင်းလှပသည်။ထိမိသည်။ပြလိုရင်းကိုတိုက်ရိုက်ခံစားမိစေသည်ဟုထင်သည်။
လူ့စိတ်ဆိုသည်မှာလည်းခက်တော့ခက်သည်ဟုဆိုရမည်။အရိပ်အကဲဖမ်းဖို့သိပ်မလွယ်လှ။သူတစ်ပါးစိတ်ကို
ထား၍မိမိစိတ်ကိုပင်ပြန််ဖမ်းမိရန်မလွယ်ကူပေ။ယခုတစ်မျိုး၊တော်ကြာတစ်မျိုးဖြင့်အမျိုးမျိုးပြောင်းလဲနေ
တတ်သည်။အဘိဓမ္မာတရား၏နယ်ပယ်မှာဆိုလျှင်မျက်စိတစ်မှိတ်လျှပ်တပြက်အတွင်းမှာပင်စိတ်၏ဖြစ်ပျက်မှု
အကြိမ်ပေါင်းကများပြားလွန်းသည်ဟုဆိုကြသည်။ထိုသို့ဖြစ်ပျက်မှုကိုမြင်နီုင်လောက်သည်ထိအသိက
မရင့်ကျက်သေး။တည်ငြိမ်မှုမရှိသေး။သစ်ရွက်လှုပ်သည်နှင့်စိတ်ကလိုက်လှုပ်ချင်မိသည်။ရေလွှာယိမ်းသည်
နှင့်စိတ်ကလိုက်ယိမ်းချင်မိသည်။အတိမ်းအစောင်းများလွန်းသောလောက၀ယ်ရုပ်သေးရုပ်တစ်ရုပ်လို
ကံကြမ္မာကြီုးဆွဲရာတိမ်းစောင်းနေကြရသည်။ဗလောင်းဗလဲနိုင်လွန်းသောဘ၀အတွေ့အကြုံများနှင့်
ရင့်ကျက်ဖို့တာစူနေသောစိတ်ကိုအရိပ်အကဲဖမ်းမိနီုင်အောင်ကြိုးစားရဦးမည်ထင်သည်။လက်ရှိအချိန်ထိ
စိတ်၏ဆိတ်ငြိမ်မှုကိုအပြည့်အ၀မခံစားရဖူးသေးပါ။လူ့သဘာ၀အရပင်မတည်ငြိမ်လေသလား။လောကဓံ၏
အပုတ်အခတ်ကြောင့်ရွေ့နေလေသလား။မခွဲခြားတတ်တော့။သံပတ်မကုန်မချင်းလည်ပတ်နေရဦးမည့်
သံပတ်ပေးနာရီတစ်လုံးကဲ့သို့မရပ်မနားလှည့်ပတ်နေရဦးမည်မှာအမှန်ပင်.။
*******************************************************************
                                   (သန္တိသုခ)        
                               နှင်းေ၀ေ၀မနက်
                           ဆွတ်ပျံ့ဖွယ်ဥသြသံသာ
                                 နွေကိုလုခဲ့ရှာ။

                    ဆရာမောင်ချောနွယ်၏ကဗျာလေးတစ်ပုဒ်ဖြစ်သည်။အလုပ်ရှုပ်သည့်ကြားမှမကြာခဏ ဖတ်နေမိသောကဗျာစာအုပ််ထဲမှာသည်ကဗျာလေးကိုတွေ့ရသည်။ဖတ်မိစကတည်းကဆွတ်ပျံ့မှုေ၀ဒနာ
ကရင်ဘတ်ကိုလာထိသည်။ဆောင်းရာသီ၏နှင်းဖွေးဖွေးေ၀နေသောမနက်ခင်းတစ်ခုမှာဤကဗျာလေး
အကြောင်းတွေးနေမိသည်။နှင်းစက်တို့တွဲလွဲခိုနေသောသစ်ရွက်လေးများကိုကြည့်ရင်းငေးနေမိသည်။
နှင်းရိုက်သည့်ဒဏ်ကြောင့်မှိုင်းကုပ်ကုပ်ဖြစ်နေရှာသောသစ်ရွက်ကလေးများ၏မျက်ရည်စက်လေးများ
အဖြစ်မြင်နေမိသည်။ကြည့်လေရာရာနှင်းမြူဆိုင်းနေသောတောင်တန်းကြီးများကိုသာမြင်နေရသည်မို့
အိမ်လွမ်းစိတ်တို့ကအတောင်ပေါက်လာသည်။ငယ်ငယ်ကလေးဘ၀က၀င်ပုန်းနေခဲ့ဖူးသောကောက်
ရိုးပုံကြီးကိုသတိရမိသည်။ဆောင်းတွင်းရာသီဆိုလျှင်ကောက်ရိုးပုံကြား၀င်၍အိပ်စက်ခဲ့ဖူးသောနွေးထွေး
မှုကိုပြန်တမ်းတမိသည်။ကောက်ရိုးပုံ၏အနွေးဓာတ်မှာတစ်ပတ်နွမ်းပုဆိုးလေးခြုံကွေးရင်းအိပ်ပျော်နေ
တတ်သောအခါများ၀ယ်အမြဲတမ်းဆူပူတတ်သောမေမေ့ကရုဏာဒေါသသံလေးကိုပြန်ကြားယောင်လာ
မိသည်။နှင်းစက်တစ်ချို့နှင့်အတူမျက်ရည်ပွင့်လေးတွေခြွေချမိရသည်အထိ။
သို့သော်.အပူ အေအး ၀ိရောဓိ ။
*******************************************************************

                     ရောက်နေမိသောဒေသ၏အေးချမ်းမှုကအညာဒေသ၏ဆောင်းရာသီနှင့်မတူ။တောင်
ပေါ်ဒေသ၏သဘာ၀အတိုင်းအရာရာအေးခဲချမ်းခိုက်နေသည်။ဆွယ်တာထူထူ၀တ်ထားသောရင်ဘတ်ထဲ
ထိအအေးဓာတ်ကလာရိုက်သည်။ကောက်ညင်းဆန်လေးများနှင့်ရောလှော်ထားသောလဖက်
ခြောက်ခပ်ထားသည့်ရေနွေးကြမ်းကိုသာတစ်ခွက်ချင်းသောက်၍အနွေးဓာတ်ယူနေရသည်။မီးလင်းဖို
ဘေးမှာထိုင်၍မီးလှုံရင်းရှမ်းခေါပုတ်ကင်နှင့်ပဲပုတ်ထောင်းကိုမနက်စာအဖြစ်စားသုံးရခြင်းကို ခံတွင်း
တွေ့လာသည်။မန္တလေး၏မနက်ခင်းများလိုမနက်စာမစုံလင်သော်လည်းတောင်ပေါ်ဒေသ၏မရိုးနိုင်
သောမနက်စာကနှစ်ခြိုက်စွဲလန်းစရာဖြစ်လာသည်။တစ်ခါတစ်ရံတို့ဟူးနွေးနှင့်ရှမ်းခေါက်ဆွဲလေးကို
စားရသည်မှာလည်းမမေ့နိုင်စရာပင်။တို့ဟူးနွေးဝါဝါလေးများကိုကြည့်ရင်းမေမေ၏ဆောင်းတွင်းမနက်စာ
ဆီစိတ်ကပြန်လွှင့်မိပြန်သည်။မေမေကဆောင်းတွင်းမနက်ခင်းများမှာထမင်းကြမ်းကိုနနွင်းမှုန့်ပါးပါး
လေးဖြူး၍ကြော်ကျေွးတတ်သည်။ကြက်သွန်ဖြူတစ်တက် နှစ်တက်ကိုလည်းထုထောင်း၍ထည့်လိုက်
သေးသည်။ကြက်သွန်ဖြူဆီကျက်နံ့လေးသင်းလျှက်အငွေ့တစ်ထောငး်ထောင်းထနေသောထမင်း
ကြော်ပူပူလေးကိုနင့်နေအောင်လွမ်းမိပြန်သည်။
                         အချစ် အလွမ်းမကင်းသေးသောလောကသားတစ်ယောက်မို့လွမ်းတတ်တာမ
ဆန်းဟုဆိုချင်ဆို။တောင်ပေါ်ဒေသမှအညာဆီပြန်လွှင့်နေရသောအလွမ်းကပိုသည်ဟုထင်မိရသည်။
ဤအချိန်မျိုးမှာမေမေကထမင်းကြမ်းကိုကြော်မြဲကြော်နေပေလိမ့်မည်။အေ၀းရောက်သားတစ်ယောက်
အတွက်လစ်ဟာနေသောထမင်း၀ိုင်းလေးကိုကြည့်ရင်းမျက်ရည်စို့နေလေမည်လား ။မိဘနှင့်သားသမီး
ကြားကဆက်နွယ်မှုကြီုးတစ်ချောင်း၏တင်းအားကနှလုံးသားကိုတစ်ရစ်ချင်းလာချည်သည်။စိတ်ကူး
အိပ်မက်မှာမေမေနှင့်အတူထမင်းကြော်ပူပူလေးစားနေမိသည်။လက်ရှိဖြစ်တည်နေမှုမှာတို့ဟူးနွေးနှင့်
ရှမ်းခေါက်ဆွဲပန်းကန်ကိုငေးရင်းတွေးနေမိသည်။ငိုင်နေမိသည်။ဖြိုင်ဖြိုင်ကျသည်ဟုမဆိုသာသော်
လည်းတစိ်မ့်စိမ့်ေ၀့လာသောမျက်ရည်များကြောင့်မျက်၀န်းကစွတ်စိုလာသည်။အချစ်အလွမ်းထက်ဘ၀
ကိုဦးစားပေးနေရသောအဖြစ်မှာရင်ဘတ်ကတဆစ်ဆစ်နာလာသည်။
                         အလွမ်းမှာသာအသံပါသည်ဆိုလျှင်အိမ်ေ၀းလူတစ်ယောက်၏အလွမ်း
ကမေမေ့ရင်ဘတ်ထဲထိပဲ့တင်ထပ်ကောင်းထပ်နေပေလိမ့်မည်။မေမေ့နားစည်ထဲမှာတဖွဲဖွဲလွင့်၀ဲနေ
လိမ့်မည်။အခုတော့အလွမ်းမှာအသံပျောက်နေသည်။သို့သော်အလွမ်းကငွေ့ရည်စုဖွဲ့ကာနှင်းစက်
တို့နှင့်အတူလွင့်၀ဲချင်နေသောမျက်ရည်များဖြစ်လာသည်။အလွမ်းအမျိုးမျိုးထဲမှာအမေ့အိမ်ကိုပြန်
လွမ်းရသောအလွမ်းလောက်နူးညံ့သောအလွမ်းမရှိဟုဆိုချင်မိသည်။ထိုနူးည့့ံသောအလွမ်းဖြင့်အမေ့အိမ်
ဆီအလွမ်းတွေတေဝါေဝါစီးဆင်းနေကြပြီထင်သည်။နှင်းသည်းသည်းကြားမှတောင်တန်းကြီးများက
လည်းအလွမ်းကိုအားဖြည့်ပေးနေကြသည့်အလား ။တောင်တန်းကြီးများလည်း ငိုနေမည်ထင်ပါသည်။

*******************************************************************
                         ဖွဲ့စည်းထားသောအဖွဲ့လေး၏စေညွှန်မှုဖြင့်တောင်ပေါ်ဒေသသို့ရောက်ရှိနေရ
ခြင်းပင်။တောင်ပေါ်ဒေသဆိုသည်မှာလည်းရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြီု့အ၀င်လေးတွင်ဖြစ်
သည်။နောင်ချိုမြို့မ၀င်မီတဲ(တည်း)နန်းတော်မှတစ်ဆင့်ခရီးဆက်ရသည်။ရှမ်း ဓနုတိုင်းရင်းသားတို့၏
အစုအဖွဲ့လိုက်တည်နေသောရွာကလေးများကဟိုတစ်စုသည်တစ်စု။ ထိုရွာစုလေးများထဲမှခဲမွန်ရွာ၊
လုံရုံးရွာ၊စက်ရုံရွာလေးများဆီသို့ရောက်ခဲ့သည်။အခြားနာမည်မမှတ်မိတော့သောရွာလေးများလည်းအများအပြား။ ထိုရွာအုပ်စုလေးများကကိုးကွယ်ကြသောကျောက်ခေါင်းဘုန်းတော်ကြီးကျောင်းမှာ
တည်းခိုရသည်။ကျောင်းပတ်၀န်းကျင်မြင်လေသမျှကတောင်တန်းတွေပဲရှိသည်မို့ကျောင်း၏တည်ရာ
နေရာလေးကမိုးဗြဲဒယ်အိုးအလယ်မှာရောက်နေသလိုထင်မိသည်။သဘာ၀သစ်ပင် ပန်းပင်များနှင့်စမ်း
ချောင်းကလေးတွေစီးဆင်းနေသည်ကိုကြည့်လျက်ကြည်နူးမိရသည်။အလုပ်နားချိန်များ၀ယ်ထိုစမ်း
ချောင်းလေးဘေးမှာသွား၍ ငေးချင်ရာငေး ၊တွေးချင်ရာတွေးနေရသည်ကိုကဆွတ်ပျံ့ဖွယ်ကောင်းနေ
သည်။ထိုဒေသမှကလေးငယ်များကိုပညာဒါနသင်တန်းလေးများပို့ချပေးနေရသည်ကိုလည်းအလုပ်
သဘောထက်သမိုင်းပေးတာ၀န်ကိုထမ်းဆောင်နေရသည်ဟုစိတ်ထဲတေးမှတ်ထားလို်က်သည်။
သဘောမနောကောင်းလွန်းသောသူတို့လေးတွေ၏အနာဂတ်အတွက်တံတားတစ်စင်းအဖြစ်ချနင်းဖို့
လမ်းခင်းပေးချင်နေမိသည်။သို့သော်..သတ်မှတ်ကာလ ဆိုသည့်အကန့်အသတ်ကစိတ်ကူးနှင့်လက်
တွေ့ကိုစေ့စပ်ခွင့်မပေးခဲ့။ ကံကြမ္မာဇာတ်ညွှန်း၏ပြဌာန်းချက်အတိုင်းသရုပ်ဆောင်ကပြရုံသာ။
အချိန်တန််ပြီဆိုလျှင်..။
*****************************************************************
                   အားလပ်သောရက်များ၀ယ်ဆိုင်ကယ်တစ်စီးဖြင့်နောင်ချိုမြို့အနှံ့လျှောက်လည်ဖြစ်
သည်။နာမည်ကျော်ဂုတ်တွင်း(ဂုတ်ထိပ်)တံတားကြီးဆိီသွားငေးဖြစ်သည်။နှင်းမြူဆိုင်းဆိုင်းကြားမှ
ဖွေးဖွေးဖြူနေသောဂုတ်ထိပ်တံတားရှုခင်းကရင်ကိုဖမ်းစားလွန်းလှသည်။တံတားအောက်ခြေမှမှုန်ပျပျလေး
သာမြင်နေရသောချောင်းလေးထဲထိစိတ်ကလွှင့်လိုက်မိသည်။အလွမ်းဓာတ်ခံများသူမို့လားမသိ။
တံတားနှင့်ချောင်းကလေး၏ကွာေ၀းမှုကိုလည်းလွမ်းလွမ်းဆွတ်ဆွတ်ခံစားနေမိပြန်သည်။မနီးစပ်နိုင်
သောကွာေ၀းခြင်းများကိုမုန်းတိီးစိတ်၀င်နေခဲ့ရသည်။
                   သံသရာကရှည်လျားလွန်းသည်။ဇာတ်မျောကြီးတစ်ခုလိုပင်။ထိုသံသရာကိုပင်ခင်တွယ်
နေမိကြသည်လားတော့မဆိုနိုင်။အလွတ်ရုန်းဖို့စိတ်ကအားနည်းနေသည်။ခွဲထွက််ဖို့စိတ်ကချည့်နဲ့နေ
သည်။တွန်းလှန်ဖို့စိတ်ကသေးသိမ်နေသည်။ဖြတ်ချဖို့စိတ်ကတွန့်ဆုတ်နေသည်။ ဘ၀တစ္ခု၏
အလျားသည်တိုလွန်းလှသည်။ထိုဘ၀အလျားတိုတိုလေးမှာပင်ပျော်၀င်မှုတို့ကမကုန်ခမ်းနိုင်။စီးမျောမှုတို့
ကမတင်းတိမ်နိုင်။ချစ်စရာ ၊လွမ်းစရာ၊ပျော်စရာ၊စိတ်ပျက်စရာစသောပဋိပက္ခတရားတွေနှင့်လုံးချာ
ရိုက်နေသည်။၀ဲလည်ခတ်နေသည်။ကြည်နူးမှုအရှိန်မသေခင်ကြေကွဲမှုကပူး၀င်တတ်ပြန်သေးသည်။
တကယ်ဆိုလျှင်ထိုပဋိပက္ခတရားများသည်ဟိုမှာဖက်နှင့် သည်မှာဖက်အလွန်နီးကပ်လွန်းသည်ဟုထင်မိ
သည်။အလွှာပါးပါးလေးတစ်ခုသာခြားကွယ်နေသည်ဟုထင်မိသည်။
                           နေသားကျသင့်ပြီဖြစ်သောစိတ်ခံစားမှုကအလွမ်းနှင့်တည့်တည့်တိုးလာသောအ
ခါငလျင်ကြောမိသလိုဖြစ်လာသည်။ယိမ်းထိုးတုန်ခါလာသည်။အေ၀းရောက်သားတစ်ယောက်၏
အလွမ်းကရင်ဘတ်ထဲကပ်ပါးပိုးမွှားများလိုကပ်ငြိလာသည်။ဖြေမဆည်နိုင်မှုများဖြင့်ရင်ဘတ်ကလေး
လံလာသည်။ကြည့်လေရာရာတောင်တန်းတွေ၀ိုင်း၍နှင်းမြူဆိုင်းနေသောဒေသမှာရောက်နေရသည့်အ
တွက်မှန်းဆမမြင်နိုင်သောအမေ့အိမ်၏နွေးထွေးမှုကိုငတ်မွတ်တောင့်တနေမိသည်။မပြည့်စုံခြင်းများ
သာအပြည့်ရှိနေသေးသောဘ၀မို့အမေ့အိမ်ဆီလှည့်မည့်ခြေလှမ်းတွေကနှေးကွေးလေးလံနေသေး
သည်။အရာရာခွင့်လွှတ်အပြုံးနှင့်ကြိုလင့်နေမည်ဖြစ်သော်လည်းလက်ဗလာနှင့်ပြန်သွားရလောက်
အောင်ထိအမေ့အိမ်၏တံခါးကိုမခေါက်ချင်သောစိတ်ကအိမ်ေ၀းလူ၏အဖြစ်ကိုကြာရှည်စေသည်။
ရွှေအိုးထမ်းလာသည်ကိုသာမြင်ချင်မည်ဖြစ်သောအမေ့ထံငွေအိုးလေးတော့ထမ်းသွားချင်သေးသည်။
သို့သော်ငွေတွင်းတွေကနက်ရှိုင်းလွန်းသည်။လက်တစ်ဆုံးနှိုက်သော်လည်းမမီချင်။မမိချင်။ပီပြင်
သောဘ၀ပန်းချီကားတစ်ချပ်ကိုရေးဆွဲလိုက်/ပြန်ဖျက်လိုက်နှင့်ပင်သံပတ်ပေးထားသောဘ၀ကိုမောင်း
နှင်နေရပေဦးမည်။
****************************************************************
                  ဆရာမောင်ချောနွယ်၏ဆောင်းနှင်းေ၀ေ၀မနက်ခင်းတစ်ခုကဥသြငှက်ငယ်၏ကျူးရင့်သံ
နှင့်ပူနွေးရှိန်းမြနေသောနွေကိုလုယူသွားခဲ့သည်။အိိမ်ေ၀းလူတစ်ယောက်၏ရင်ဘတ်ထဲမှာတော့အေးမြမှု
နှင်းကိုအ၀ှက်ခံလိုက်ရသည်။အေးမြခြင်းကိုအလုယူခံလိုက်ရသည်။ပူဆွေးမှုဖြင့်လိမ်းကျံခြယ်သထားသော
အလွမ်းကမျက်ရည်မိုးတွေခိုးခိုးရွာစေသည်။ဆောင်းကချမ်းမြဲချမ်းနေသည်။ အလွမ်းကလည်း
လွမ်းမြဲလွမ်းနေသည်။နှင်း၀ှက်သွားသောဆောင်းမှာအလွမ်းသိပ်သည်းဆလွန်ကဲပြီးငွေ့ရည်ဖွဲ့ကာမိုး
ရွာသည်။အလွမ်းမိုး ။အိမ်ကိုလွမ်းမိသောစိတ်ကိုအခြေခံ၍ရွာသောမိုးဖြစ်သည်။

                   အလွမ်းမျက်ရည်များ၏ ဟိုမှာဖက်၀ယ်နှင်းစစ်စစ်ဆောင်းကိုဖက်ရမ်းနမ်းရှုတ်ချင်နေမိ
တော့သည်။လက်ရှိအချိန်မှာဆောင်းတွင်းမိုးရွာနေမိပါသေးသည်။

                                                     ရတုသစ်

Friday, December 14, 2012

စိမ်းတဲ့ လမင်း


အလင်းပျက်မြို့ပြည
မလှပလေရှာ..။


ကြယ်စင်တွေအလင်းကူးလည်း
လင်းဘူးမြေလွှာ..။


ရက်စက်လို့မနေသာ
ဖွေရှာသူ မော..လမင်း...။

မြူနှင်းတိမ်တောင်တွေနဲ့
ရှောင်သွေကာသူလေ တိမ်းပြီပေါ့
စိမ်းရက်လေခြင်း..။ 

                                         ရတုသစ်
                                  (15/12/12) 12-40 am

Thursday, December 13, 2012

နူးညံ့ခြင်းစတင်လာတဲ့အချိန်

တစ်ကိုယ်ရေအလွမ်းနဲ့မှတ်တမ်းဟာခဲရာခဲဆစ်
အလွမ်းမြစ်မှာအချစ်တွေဖျတ်ဖျတ်လူးခဲ့ပေါ့
တိမ်းမူးတဲ့ညခင်းဟာလမင်းကို စုံစမ်းနေရဲ့
ကြယ်ကျဲကျဲကောင်းကင်မှာခုနစ်စဉ်ကြယ်အမြီး၀ှက်ချိန်
စိုးရိမ်စိတ်လွန်ကဲမှုကအသည်းကိုမက်ဆေ့ချ်ပို့တယ် ။

အလွမ်းမှာနှောင်ကြိုး ရှိခြင်း/မရှိခြင်း
အလင်းတွေလော့ခ် ကျတိုင်းနံရံလေးဖက်မှာသူ့ပုံရိပ် ၀ဲခဲ့
ဖျတ်ကနဲလန့်လန့်နိုးတဲ့ညဟာ ဘုံကြိုးပြတ်လွင့် စင်
ရင်ခွင်ကိုလာလာရိုက်တဲ့အော်သံတွေမှာလိပ်ပြာတစ်ကောင်နားစွင့်ထားရဲ့
သူ့ရဲ့ဘာသာမဲ့မျက်၀န်းတွေရင်ကမ်းခြေဆီဆိုက်ကပ်နေတယ်..။

တစေၦတစ်ကောင်လိုညကိုခိုးယူရင်း
အလင်းနှစ်တွေ သွန်သွန်ပစ်ခဲ့ရ
စိတ္တဇညရဲ့အမှောင်ဟာငါ့ရင်ဘတ်မှာလင်းနေတာ အခက်ပဲ ။

ကွယ်၀ှက်ထားတဲ့အပြာရောင်တံခါးချပ်နောက်ကွယ်မှာ
လက်မှတ်ပျောက်နေဆဲနှလုံးသားတစ်ခုအိပ်မောကျနေခဲ့ဖူးတယ်
ရိုးရှင်းတဲ့ချည်နှောင်ခြင်းမှာဗီးနပ်စ်ရဲ့မျှားတစ်စင်းစိုက်ခဲ့
လမိုက်ညတွေနဲ့ရင်းထားတဲ့ရင်ဘတ်ဟာတဆတ်ဆတ်တုန်မိ
ကန့်သတ်ချက်ရှိတဲ့အချစ်ဟာ..အိပ်မက်ဆန်နေမလား..
ရိုးသားခြင်းဟာ ပါးလျစ ပြုလာပြီထင်တယ်..။

သီိအိုရီတွေမုန်းတယ်ဆိုပြီး
စိတ်ကြီး၀င်နေခဲ့ဖူးတဲ့ ၀ိညာဉ်ဟာ
ဒီတစ်ကြိမ်ထိခတ်ပွတ်ဆွဲမှုမျှားချက်မှာ
ငြိမ်သက်စွာနူးညံ့နေခဲ့မိတယ်လေ...။

             ရတုသစ်

(13/12/2012--11:20 PM)


ကြာပြီး ကြာဆဲ ကြာမည့် ကြာ


ရောက်တတ်ရာရာအရည်မရအဖတ်မရတဗျစ်ဗျစ်ကွမ်းစကားတွေနဲ့ ဗလာ ကြာ
ကြာကြာဝါးရင်းခါးမှန်းသိရင်း တမာနေ့စွဲများထဲထပ်တလဲလဲ ကြာ
တံလျှပ်ကိုရေထင်ပြီးလိုက်ရင်းပြေးရင်းအသက်ရှူသံပြင်းပြင်းထဲမှာနွမ်း ကြာ
ဗလာမပါကံစမ်းမဲမှာပေါက်မဲလက်ကျန်တစ်ခုနဲ့ရေစုန်ရေမျော ကြာ
ဟာနေတဲ့၀မ်းစာအတွက်ရေထိုးလေထိုးပိုးမျိုးရှစ်ဆယ်ဝါးရင်းစား ကြာ
မကြာခဏအချက်ပြတဲ့အေးခဲမိုင်းနပ်တွေထဲရေဆူမှတ်ပျောက်နေတဲ့အေးခဲ ကြာ
မေရရာဘူး မေသခ်ာဘူး တညည်းညူညူနဲ့သည်းအူပြတ်မျှလောကဓံအထောင်းမှာညောင်း ကြာ
လိုက်လေပြေးလေ ရွှေသမင်တာအထွက်မှာ လည်ပြန်မျှော်ရင်း တာပျက် ကြာ
မဟာဘုတ်ကိုခဏခဏထူကြည့်ရင်းအစီးအနင်းများတဲ့ဇာတ်မျော ကြာ
ရှင်းလေ မရှင်းလေရှုပ်နေတဲ့သပွတ်အူမြစ်ထဲမှာ အမယ်ဘုတ်ရဲ့ချည်ငင်တွေကြားညပ် ကြာ
နေခြည်မျှော်ဆဲနှင်းပိတ်သည်းမှာအားနည်းနေတဲ့အရုဏ်ဦးမှာငုံသည့် ကြာ
ထုံအနေတဲ့သွေးကြောကိုမီးပူထပ်တလဲလဲတိုက်ရင်းသွေးကျွမ်းနေတဲ့လက်ထဲမှာ ထုံ ကြာ
မာယာအလှည့်အပြောင်းမှာဇာတ်ညွှန်းဟောင်းဆီမျက်နှာပြန်လှည့်ချင်တဲ့ မူ ကြာ
ဒီရထားကိုစီးနင်းရင်း ဒီခရီးမွာ ဒီဘူတာမေ့ကျန်ချင်တဲ့ ဒီ ကြာ
ဟိုဟာလျှော့လိုက် ဒီဟာလျော့လိုက် ဘောင်ဘင်ခပ်အိုးနဲ့တည့်တည့်တိုးရင်းမပြည့် ကြာ
တောင်ဖီလာရဲ့ကြာ၊မြသန်းစံရဲ့ကြာနဲ့ကြိုးစားရင်းလက်ပန်းကျရင်းကြာနေတဲ့ ကြိုးကြာ
သမင်မွေးရင်းကျားစားရင်းအရင်းပြန်ပြန်ပေးနေရတဲ့ ပြန်ပေး ကြာ
မျက်စိတစ်မှိတ်လျှပ်တပြက်ကိုအနှေးပြကွက်နဲ့သုံးဖက်မြင်ပြန်ပြန်ကြည့်နေရတဲ့သရီးဒီ ကြာ
ဟိုးလေးတစ်ကျော်တိုင်း ကျော်ကျော်သွားလို့လက်တားထားရတဲ့ ဟိုး ကြာ
ပျော်ပျော်နေသေခဲထဲမှာအငွေ့ပျံသွားတဲ့ရေခဲမြစ်မှာရည်/ရေပျော် ကြာ
မာယာတို့ရဲ့ပြက္ခဒိန်အခန်းဆက်ကိုစိတ်ကူးနဲ့လှမ်းဖွင့်ရင်း မျှော်လင့် ကြာ
ပစ်ဒီဘူကာရာ့ချ်တောင်ကိုသွားနေဖို့ယာဉ်နံပါတ်ပျောက်နေတဲ့ လိုင်စင်မဲ့ ကြာ
အနှစ်မဲ့တောမှာအပြစ်တွေချိုး(ဂျိုး)ကပ်ရင်းတဖြည်းဖြည်းဆူဖြိုးလာတဲ့ကျက်/ကြက်ဆူ ကြာ
ဘ၀အကွေ့အကောက်မှာ၀င်္ကပါထဲ၀င်ပုန်းမိတဲ့ အပုန်း ကြာ
လျှို့၀ှက်ခလုတ်ကိုတိုးတိုးလေးဖြုတ်ထားတဲ့တံခါးချပ်နောက်ကွယ်နား ချက်ကျလက်ကျ ကြာ
အဖြူ/အမည်း(မဲ)၀ိရောဓိမှာ လက်သည်ရှာရင်းအဖြေမရှိတဲ့ ပဟေဠိ ကြာ
နှာခေါင်းသွေးထွက်အပျက်တွေကြား ရေငုံနှုတ်ပိတ်တိတ်ဆိတ် ဆွံ့အ ကြာ
လျော့တိလျော့ရဲ ခါး၀တ်ကိုမနိုင်ရင်ကာ ပြန်ချည်တုပ်နေတဲ့ တုပ် ကြာ
ကြီးလေချဉ်လေ လောကထဲ အစာအိမ်ပွထနေတဲ့ အချဉ် ကြာ
အလံလဲနေတဲ့ လှေခွက်ထဲမှာလက်ဗလာနဲ့ရုန်းတက်တဲ့ အဆန် ကြာ
ကြာတွေ ကြာတွေ ကြာတွေ ကြာ ကြာ ကြာ
ကြာဖူးခဲ့ပြီး ကြာနေဆဲ ကြာလိမ့်ဦးမည် ကြာ..။

                                 ရတုသစ်
                       (12/12/2012--10:45 )

Monday, December 10, 2012

ကိုယ့်ရင်ထဲက သည်းသစ္စာ


ချစ်ပြုံး၀င့် ၊ပွင့်စေချင်
ရင်ဘတ်ထဲ ၊မြဲသစ္စာ
ထာ၀ရ ၊လှပါစေ
ဝေဆာပန်း ၊လန်းဆန်းမွှေး
အေးသည့်ရင် ၊ စဉ်အေးစိမ့်
ငြိမ့်ငြိမ့်လေး ၊တေးဖွဲ့သီ
ရီေ၀မူး ၊ မြူးတူးခုန်
တုန်ယင်ဟိုက် ၊လှိုက်ကာဖို
ချိုပြုံး ငဲ့ ၊လဲ့လဲ့ ကြွေ
ပြေပြေလေး ၊ထွေးပွေ့မိ
အိညက်ညော ၊ချောပါးပြင်
စဉ်မွှေးပျံ့ ၊နံ့သာခဲ
ရဲစိတ်နွှေး ၊မွှေးလိုက်လျှင်
ရင်ခွင်သို့ ၊ယို့ယို့ဆင်း
ကြွင်းမဲ့ချစ် ၊နှစ်နှစ်ကာ
သာယာစိတ် ၊ဖိတ်သည့်ရင်
ကြင်နာစစ် ၊ချစ်ခြင်းဖွဲ့
ယဲ့ယဲ့ပြုံး ၊မုန်းမဟူ
တူလျှောက်လှမ်း ၊လမ်းဖြောင့်စေ
ေ၀သည့်ချစ် ၊ပြစ်မမြင်
စဉ်ပိုကဲ ၊စွဲမြဲလာ
မာယာမဲ့ ၊ ဖွဲ့သံစဉ်
ရွှင်ကြည်နူး ၊မြူးပျော်ရ
ဘ၀လမ်း ၊ချမ်းမြေ့ပြီ
ရည်ရွယ်ထား ၊အားဆက်ဖို့
တို့ဆင်နွှဲ ၊ မြဲမေတ္တာ
ကိုယ့်ရင်ထဲ ၊သည်း(သဲ)သစ္စာ ။

                 ရတုသစ်
       ( 10-12-2012 10 :35PM)
( ၀ဲရိုက် ၊၀ဲသွင်း ပုံစံလေးရေးချင်စိတ်ပေါက်လာ၍ရေးမိသည်။)



Sunday, December 9, 2012

ရင်မွှေးပန်း


တစ်ပွင့်တစ်လေ
ပွင့်ကာဝေလည်း
ရင်မြေလွှာထက်
သူဆင်းသက်သော်
နှစ်ဖက်လက်တန်း
စောင့်လို့ဖမ်းမည်
မြဲတမ်းမွှေးစေ ရင်ခွင်ဗွေ..။

            ရတုသစ်
(10-12-12--နံနက် 3နာရီ 7မိနစ်)



စောင့်စားမှုအခင်းအကျင်းမှာ ငေးမိခြင်း

                    ကျွန်တော်ငယ်ငယ်က မေမေ့နှုတ်ဖျားမှထွက််ကျလာမည့်ပုံပြင်တွေကိုနားဆင်ဖို့
အိပ်ချိန်ထက်နောက်ကျစွာစောင့်စားခဲ့ဖူးသည်။အပ်ကြောင်းထပ်နေသည့်ပုံပြင်ဓာတ်ပြားဟောင်း
ကြီးကိုမွတ်သိပ်စွာနားထောင်ခဲ့ရ၏။ရိုးမသွားခဲ့တာဆန်းကြယ်သည်။မေမေ့မေတ္တာကြောင့့်ထင်၏။
အခုချိန်ထိမေမေ့အိပ်ယာ၀င်ပုံပြင်တွေကိုပြန်ကြားယောင်နေမိခဲ့သည််။ဗာရာဏသီပြည်မှမင်းကျင့်
တရားနှင့်ပြည့်စုံသောဘုရင်ကြီးတစ်ပါးအကြောင်းကိုနှစ်သက်ခဲ့ဖူးသည်။''ပိုနေမြဲကျားနေမြဲ"ပုံပြင်
ကိုတော့ယခုလက်ရှိအချိန်တွင်ငယ်ငယ်ကလောက်မနှစ်ခြိုက်မိတော့ပါ။အရာရာမျက်လှည့်ဆန်
နေသောလောကကြီးမှာ''ပိုနေမြဲကျားနေမြဲ"လုပ်နေ၍မရတော့ဘူးထင်သည်။ထိုပုံပြင်၏အဓိက
သီအိုရီအားပြောင်းလဲပစ်မည့်အချိန်ကိုကျွန်တော့်ဘာသာစောင့်စားနေခဲ့မိ၏။လွယ်မည်ဟုတော့
မထင်ပါ။စကားပုံထဲထိအသုံးပြုရလောက်အောင်ထိုပုံပြင်၏ထိရောက်မှုကအားကောငး်လွန်းခဲ့သည်။
ထိုပုံပြင်၏မူလသဘောတရားကိုချေဖျက်ပစ်နိုင်မည့်အချိန်ကိုကျွန်တော်စောင့်ပါဦးမည်။
တစ်နေ့နေ့တွေ့ရမည််ဟူသောမျှော်လင့်ချက်ကားပြယ်လွင့်မသွားခဲ့ပါချေ။ထိုကဲ့သို့သောမျှော်
လင့်ချက်များဖြင့်ကျွန်တော့်င်ထဲမှာ စောင့်စားခြင်းအသီးသီးတွေနေရာယူပြည့်နှက်နေသည်ဟု
ထင်မိပါသည်..။
++++++++++++++++++++++++++++++++++++++

                   ထို့ပြင်ကျွန်တော်ကဗျာများကိုချစ်သည်။ကဗျာရေးသူများကိုလေးစားခဲ့ဖူးသည်။
ကဗျာကပေးသောရသမျိုးစုံဖြင့်ဘာမျှမရှိသောကျွန်တော့်ရင်ဘတ်ထဲမှာအရာရာပြည့်စုံနေတတ်သည်။
ပုဂံ၊အင်း၀ခေတ်အဆက်ဆက်မှစ၍ယနေ့ကဗျာအခင်းအကျင်းထိကျွန်တော့်စိတ်ကပျော်၀င်လွယ်သည်
ထင်မိ၏။ကဗျာကိုကဗျာဟုသတ်မှတ်ထားသောကျွန်တော့်အသိစိတ်မှာကဗျာ့အသံ၊ကဗျာ့ဟန်နှင့်ပတ်သက်
၍ငြင်းခုန်စရာမရှိ။ ငြင်းခုန်ရန်လည်းမသိ ။ ကဗျာ၏နယ်ပယ်ကိုအနှံ့လျှောက်သွားချင်မိခြင်းပဲသိသည်။
သွားလည်းသွားနေမိ၏။အဆုံးထိတော့ရောက်နိုင်မည်မထင်ပါ။ကဗျာ၏နယ်ပယ်သည်အလွန်ကျယ်၀န်း
လွန်းသည်။
                             သို့သော်..ကဗျာများကပေးသောအတွေးကွန်ယက်များကြား၀ယ်နှစ်ခြိုက်စွာမိန်းမောနေမိဆဲပင်ဖြစ်၏။
ကဗျာများကပေးသောအားကိုစားသုံးနေဆဲပင်ဖြစ်၏။ကဗျာများကေ၀ငှသောအလင်းကိုခိုလှုံနေဆဲပင်
ဖြစ်၏။
                                   ကဗျာတွေဖတ်ပြီးသောအခါကဗျာများထဲမှပုံရိပ်များကိုကျွန်တော်ကပြင်ပလောကထိသယ်ယူချင်မိသည်။
မရမှန်းသိလေပိုလိုချင်မိလေ ဖြစ်တတ်သောလူ့သဘာ၀ကိုကျွန်တော်မလွန်မြောက်နိုင်သေးပါ။ထို့ကြောင့်
လိုချင်မှုများစွာဖြစ်တည်လာတိုင်းသက်ပြင်းမောတွေပဲမိုင်တိုင်ရှည်ကုန်သည်ထင်၏။သက်ပြင်းချရတိုငး်
သာအသက်တိုရမည်ဟုဆိုလျှင်ကျွန်တော်အသက်ရှည်မည်မဟုတ်ဟုကိုယ်တိုင်တွေးမိရသည်အထိပင် ။
                                   ဆရာဗန်းမော်ညိုနွဲ့၏ကဗျာလေးထဲမှလရောင်ဆမ်းသောရွာလေးကို
ကျွန်တော်ပိုင်ဆိုင်ချင်မိသည်။ထိုရွာလေးထဲမှာဆိတ်ဖလူးနံ့လေးတွေပျံ့သင်းနေသည်။၀င်းဝါနေသော
ရွာလမ်းတစ်လျှောက်ည၏အလှကိုခံစားချင်မိ၏။
                                       လက်ရှိကြုံဆုံနေရသောညများထဲမှာ၀င်းဝါနေသောမြေသားလမ်းကလေးမရှိပါ။ ဆိတ်ဖလူးနံ့လည်း
သင်းမနေပါ။မည်းနက်နေသောကျောရိုးကြီးများပေါ်မှာကာဘွန်ဒိုင်အောက်ဆိုဒ်တွေပဲပျံ့လွင့်နေသည်။
၀ုန််းဒိုင်းကြဲနေသောပတ်၀န်းကျင်နှင့်တစ်၀ီ၀ီပြေးနေသောယာဉ်တွေကိုသာစိတ်ပျက်စွာငေးမောနေမိ၏။
ကဗျာထဲကရွာလေးဆီသို့ဘယ်နေ့ဘယ်ရက်များမှရောက်ပါလိမ့်မည်နည်းဟုစိတ္တဇဆန်စွာစောင့်စားနေမိ
ပါသည်။
                                    ကျောက်ခေတ်မှစ၍ယနေ့ထိတရိပ်ရိပ်ပြေးတက်လာသောခေတ်ကြီးက ကျွန်တော့်စောင့်စားခြင်းကိုစောင့်နေမည်မဟုတ်မှန်းလည်းသိနေပါ၏။ခေတ်ကခေတ်အတိုင်းသွား၍
ကျွန်တော်ကစောင့်စားမြဲစောင့်စားနေမိဦးမည််ထင်ပါသည်။
++++++++++++++++++++++++++++++++++++++++++
                       အင်တာနက်ခေတ်၊ဒုံးပျံခေတ်၊အိုင်တီ/အိုင်စီတီခေတ်ဟုယနေ့ကမ်ဘာကိုရှုမြင်ထားကြ၏။
နည်းပညာတိုးတက်မှုများကကြောက်ခမန်းလိလိတိုးတက်လာကြသည်။အသစ်အသစ်တွေအစားထိုး၀င်
ရောက်လာကြသည်။အဟောင်းတွေကိုလူတွေမခင်တွယ်ချင်တော့လောက်အောင်အသစ်တွေ၏ညှို့ငင်
အားကပြင်းလွန်းသည်။အသစ်တွေကိုကျွန်တော်ကြိုဆိုမိပါ၏။သို့သော်....အတိုင်းအတာတစ်ခုထိတော့
ရှိပါသည်..။
                      ခေတ်၏အသစ်နယ်ပယ်အရွှေ့မှာကျွန်တော့်မွေးရပ်မြေလည်းရွေ့ခဲ့ရ၏။ကွပ်ပျစ်စကား
၀ိုင်းလေးတွေဖွဲ့ပြီးသာရေး/နာရေးပြောလေ့ရှိကြသောကျွန်တော့်မွေးရပ်မြေမှာကွပ်ပျစ်စကား၀ိုင်းတွေမရှိ
တော့။တီဗီဖန်သားပြင််နှင့်နိုင်ငံရပ်ခြားဇာတ်လမ်းတွဲများကကျွန်တော်ကျင်လည်ပျော်မောခဲ့သောစကား
၀ိုင်းတွေကိုရိတ်သိမ်းသွားခဲ့သည်။ခိုး၀ှက်သွားခဲ့သည်။လသာသာနှင့်၀ိုင်းကြီးပတ်ပတ်ကစားကြသော
ကလေးငယ်တို့၏ရိုးရာကစား၀ိုင်းကိုပွဲသိမ်းခရာသံမှုတ်သွားခဲ့သည်။တိုးတက််သည်လား/ဆုတ််ယုတ်သည်
လားတော့ကျွန်တော်မေ၀ခွဲလိုပါ။ ယောင်္ကျားလေး၊မိန်းကလေးများ၏ဦးခေါင်းမှာဆံပင်ရောင်စစ်စစ်တွေ
ပျောက်ကုန်သည်။အ၀တ်အစားတွေတို/ပါးလာကြသည်။မဟားဒရားလိုက်၍ခေတ်မီချင်သောမိန်းကလေး
တစ်ချို့၏မျက်နှာပြင်မှာသနပ်ခါးတွေမရှိကြတော့။အိမ်မှာပင်ကျောက်ပျဉ်ရှိဟန်မတူတော့ပါ။ ထိုအချိန်မျိုးမှာဆရာမကြီးအမေလူထုဒေါ်အမာ၏မေမေ့ရှေးစကားစာအုပ်များကိုပြန်သတိရသည်။
ထိုစာအုပ်များထဲမှမေမေပြောသောမိန်းကလေးမျိုးကိုပြင်ပလမ်းမတွေထိကျွန်တော်ကဆွဲထုတ်ကြည့်ချင်
နေမိ၏။ခေတ်အပြောင်းနှင့်အတူယဉ်ကျေးမှုပါလိုက်ပြောင်းသင့်/မသင့်ကျွန်တော်မချင့်မရဲတွေးနေမိသည်။
ယဉ်ကျေးမှုပြန်လည်ဦးမော့လာမည့်နေ့ကိုရင်ဘတ်ဖိ၍စောင့်စားနေမိပြန်ပါသည်။ယဉ်ကျေးမှုပပျောက်
လျှင်ဘာတွေဆက်ဖြစ်နိုိင်မည်ဆိုတဲ့အထိကျွန်တော်မတွေးရဲသေးပါ။
+++++++++++++++++++++++++++++++++++++++++

                                    အခုတလောသတင်းစာ/ဂျာနယ်တွေ့သမျှဖတ်ဖြစ်နေသည်။
ဒီရက်ပိုင်းတွေအတွင်းထွက်လာသောသတင်းများကလိုချင်သောအဖြေကိုမပေးသေးပါ။ထိုအခါစောင့်
စားခြင်းဆိုသည်ကအလိုလိုဖြစ်ပေါ်လာ၏။ပရိယာယ်များလှသောလှည့်ကွက်များထဲမှာမီဒီယာတွေပါ/မပါ သိချင်လာမိသည်။အခင်းအကျင်းစုံသောရောင်စုံသတင်းများကြားမှတစ်ခုသောလပြည့်ည၏အဖြေကို
တိတိကျကျသိချင်နေမိ၏။သို့သော်...ဤအဖြေမှန်ကဘီလူးစောင့်သောရေကန်အတွင်းဆင်းသွားသော
သားသမင်တွေလိုဖြစ်နေသည်ထင်မ်ိ၏။ခြေရာသာကျန်ရစ်ပြီးအကောင်အထည်ပျောက်သွားသလို
ခံစားနေရသည်။တရားကိုနတ်စောင့်သည်ဟုဆိုလျှင်ထိုနတ်မင်းတို့အိပ်ယာမှထချိန်တန်ပြီထင်ပါသည်။
                           ကမ်ဘာကြီးပူနွေးလာနေသော်လည်းသိကြားမင်း၏ပဏ္႑ုကမ္ပလာကျောက်ဖြာမ
မပူသေး။မတင်းသေးပါ။အေးနေဆဲ။ပျော့နေဆဲပင်ဖြစ်မည်။ထိုအချိန်ကိုကျွန်တော်တို့ဘယ်အတိုငး်အတာ
ထိစောင့်ရမည်မသိသေးပါ။စလေဦးပုည၏တေးထပ်တစ်ပုဒ်ထဲကလိုပင်၀ရဇိန်လက်နက်ပြင်ဆင်နေရော့
သလား ...ဟုပင်တွေးမိတွေးရာတွေးနေမိပါ၏။
                                    ထို့ပြင်ဆက်သွယ်ရေးကွန်ယက်နှင့်ပတ်သက်၍ကျွန်တော်စောင့်စားနေမိတာ
ရှိသေးသည်။ထစ်ကနဲဆိုစိတ်တိုလွယ်တတ်သောကျွန်တော်သည်လောကကြီး၏သင်ပြပေးမှုနှင့်လောက
ကြီး၏ပရိယာယ်အဖုံဖုံကြားမှာစောင့်စားခြင်းများစွာရင်၀ယ်ပိုက်နေမိသည်။ရင်ဘတ်နှင့်မဆန့်အောင်
ပင်ဖြစ်နေသည်ထင်မိ၏။အကောင်အထည်နှင့်ချပြ၍မရသောကြောင့်ဘာမျှမတတ်နိုင်။
စောင့်စားလက်စနှင့်စိတ်ရှည်ရှည်ထား၍စောင့်စားရုံအပြင်ဘာမျှမရှိပါ။
                                    အချိန်နှင့်တစ်ပြေးညီတိုးတက်နေသောယနေ့ကမ်ဘာမှာအခြားကမ်ဘာအခြမ်းမှ
ကလေးငယ်တွေပင်ဖုန်း၊အင်တာနက်သုံးနေချိန်တွင်ကျွန်တော်တို့ဖက်ခြမ်းမှာပွင့်လင်းမြင်သာမှုတွေ
အားမကောင်းသေးပါ။လိပ်ပြေးသလိုနှေးနေသေးသည်ထင်မိ၏။တရွေ့ရွေ့နှင့်မို့ပန်းတိုင်ပျောက်သွားမှာ
ကိုပင်စိုးရိမ်နေမိသေးသည်အထိပင် ။
                                    ပွင့်လင်းခြင်းဆိုသည်မှာလည်းရိုးရာယဉ်ကျေးမှုကိုချကျေွးရမည့်ပွင့်
လင်းခြင်းမျိုးကိုမဆိုလိုပါ။အိုးနှင့်ဆန်တန်ရုံခပ် သုံးဖို့အသုံးပြုသူဖက်မှာတာ၀န်ရှိသည်ထင်မိ၏။
                                    အခုလောလောဆယ်မှာဆက်သွယ်မှုပိုင်းကအားနည်းနေသေးသည်
ထင်သည်။လုံလောက်သောဆက်သွယ်မှုကိရိယာမျုးိလူတန်းစားမျိုးစုံ၊အလွှာစုံလက်ထဲရောက်ရှိနိုင်မှု
အားမကောင်းသေးပါ။မီဒီယာများမှချပြသောထင်ကြေးများဖြင့်အာသာဖြေနေကြရသည်။ငွေကြေးသိန်း
ဂဏန်းများစွာမှသည် တစ်ရစ်ချင်းကျလာသောအကျများကလိုအပ်သောအကျထိမရောက်သေးပေ။
သိန်းဆယ်ဂဏန်းကျော်မှခြောက်သိန်း ၊ငါးသိန်းအထိကျခဲ့ပြိီးပြီ။အားရဖွယ်မရှိသေးပါ။နှစ်သ်ိန်းခွဲ ၊တစ်သိန်းခွဲထိကျလာသည်။အပြည့်အ၀အားမရသေးပါ။တန်ရာတန်ကြေးထက်ပိုပေး၍အသုံးပြုနေ
ရသောထိုဆက်သွယ်မှုပစ္စည်းလေးကိုကျွန်တော်စိတ်မနာနိုင်ခဲ့။လူတိုငး်ရှိသင့်သည်ထင်ရသော
ထိုပစ္စည်းလေးကိုကျွန်တော်လည်းစောင့်စားနေမိသည်။ကျွန်တော့်လိုစောင့်စားနေသူုတွေတော်တော်
များများရှိလိမ့်မည်ထင်၏ ။
                                    လောကကြီး၏သင်ခန်းစာများထဲမှာသည်းခံတတ်ဖို့တွေပါ၀င်သည်။
 စောင့်နိုင်လျှင်အကျိုးရှိဟုရှေးဆိုရိုးပင်ရှိပါ၏။အကျိုးရှိမည့်အရာတွေအတွက်စောင့်စားရခြင်းကား
မပြောပလောက်ပါ။အကျိုးမရှိပဲစောင့်စားနေရမည့်အဖြစ်မျိုးတော့မလိုချင်မှန်းလူတိုင်းတစ်ထပ်တည်း
ကျသဘောတူမည်ထင်သည်။
                                    သည်းခံခြင်းဆိုရာ၀ယ်စောင့်စားခြင်းလည်းပါ၀င်မည်ထင်သည်။
အကျိုးရှိသောစောင့်စားခြင်းမျိုးတော့ဖြစ်ဖို့လိုပါ၏။မရေရာတတ်သောလူ့ဘ၀အချိန်တိုအတွင်းမှာ
ရေရာသောစောင့်စားမှုရလဒ်လေးတွေတော့လိုချင်နေမိတာအမှန်ပင်။မွေးဖွားသည်မှစ၍သေဆုံးချိန်
ထိစောင့်စားရခြင်းက ကုန်နိုင်မည်မထင်။ တစ်မျုးိပြိီးတစ်မျိုးတစ်ခုပြီးတစ်ခုရှိ ၊ရှိလာနေဦးမည်ပင်
ဖြစ်သည်။စောင့်စားလက်စနှင့်ဆက်လက်စောင့်စားရပေဦးမည်။
                                    နိုင်ငံရေး၊ဘာသာရေး၊စီးပွားရေး၊ပညာရေး၊လူမှုရေး..
အရေးများစွာစောင့်စားရန်လိုနေသေး၏။စောင့်နိုင်သူကစောင့်သလောက်အကျိုးရှိမည့်အရေးတွေ
 ဖြစ်စေချင်မိသည်။


                                   စောင့်စားခြင်းနှင့်ပတ်သက်၍ကျွန်တော်နားထောင်ဖြစ်သောသီချင်း
တစ်ပုဒ်ရှိသည်။နားထောင်ဖြစ်စကတည်းကအဖြစ်သနစ်တွေတိုက်ဆိုင်လွန်း၍နှစ်ခြိုက်ခဲ့သည်။ယခုထိ
ကြိုက်မိနေဆဲပင်ဖြစ်၏။တေးသံရှင်မောင်မောင်ဇော်လတ်၏ရပ်စောင့်ဆိုသောသီချင်းဖြစ်သည်။
ထိုသီချင်းထဲကအတိုင်းကျွန်တော်ရပ်စောင့်ခဲ့ဖူးသည်။အိပ်ရင်းလည်းစောင့်စားခဲ့မိ၏။အတွေးတွေထဲမှာ
ပင်စောင့်စားခြင်းကိုသရုပ်ခွဲနေမိသေးသည်။ထိုသီချင်းကိုအတွေးဖြန့်ကျက်ပြီးအခင်းအကျင်းမျုးိစုံ၊
နယ်ပယ်စုံအထိကျွန်တော်စောင့်စားနေမိပါတော့သည်။
                                 တစ်ခုတော့ရှိသည်။ပိုနေမြဲကျားနေမြဲသီအိုရီကိုတော့အတိုင်းအတာ
တစ်ခုထိပြောင်းလဲရမည်ထင်ပါ၏.။စောင့်စားခြငး်၏အကျိုးရလဒ်ကိုသမိုငး်က
အဖြေပေးနိုင်လိမ့်မည်ထင်ပါသည်။
 ****************************************************
                                      ရတုသစ်
                           ( 9 - 12 -2012 10 40 PM )

Friday, December 7, 2012

အဲဒီနေ့က ဒိုင်ယာရီစာမျက်နှာ..


အဲဒီနေ့က အရင်နေ့လိုပဲမအိပ်လိုက်မိ တစ်ညလုံးလင်းခဲ့
အဲဒီနေ့က ဆရာမောင်ချောနွယ်ရဲ့ငှက်ဆိတ်တဲ့သစ်စည်း လေးကို လုခဲ့တယ်
အဲဒီနေ့က ညီမင်းေ၀ရဲ့'' ဟိုး" ကဗျာကိုဖတ်ရင်း ကိုယ်တိုင် ''ဟိုး " ဖို့သတိရလိုက်မိ
အဲဒီနေ့က မင်းနဒီခရဲ့'' ပိုးပိုးလေး" ကို ဘာရယ်မဟုတ် တွေးကြည့်နေမိတယ်
အဲဒီနေ့က ထွန်းလင်းသစ်ရဲ့ "ချင်း "ကဗျာကိုလေးခေါက်မြောက်ပြန်ဖတ်သေးရဲ့
အဲဒီနေ့က"လင်းလက်တာရာဆီလှမ်းပို့လိုက်တဲ့ကဗျာ"ကို"Open form မှတစ်ဆင့်"နားထောင်ဖြစ်တယ်။
အဲဒီနေ့က " ကြီးကြီးကျယ်ကျယ်ကဗျာ " ဖတ်နေတုန်း မီးပ်က္သြားတာ စိတ်ညစ်စရာကောင်းလွန်း
အဲဒီနေ့က ၀ိုင်၀ိုင်းရဲ့ ''့ဖြူစင်သောအလွမ်း"သီချင်းကို youtube ကေနခံစားမိခဲ့
အဲဒီနေ့က တိုက်တိုက်ဆို်င်ဆိုင်ပဲ '' အနိစ္စ" သဘောလေးတွေးမိတယ် ။
အဲဒီနေ့က ညီငယ်တစ်ယောက်ရဲ့မွေးနေ့အတွက်ဆုတောင်းပေးခဲ့တာအမှတ်တရပေါ့
အဲဒီနေ့က ဖြတ်မရတဲ့ဝါသနာအတိုင်း ဦးတိုးကြီးရဲ့''မဟာဆန္သူ"လေးညည်းခဲ့မိ
အဲဒီနေ့က ဘာမှမသိချင်သူတစ်ယောက်ရဲ့အတွေးတွေ ကိုကော်ပီကူးခဲ့တယ် ။
အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုမီးထွန်းမယ့်အကြောင်းတစေ့တစောင်းသိလိုက််ရ
အဲဒီနေ့က မောင်ရင့်မာ(ကျောင်းကုန်း)ရဲ့'' လရောင်ရွာတဲ့ရွာ "'ကိုမ၀ယ်ဖြစ်ခဲ့ပါ ။
အဲဒီနေ့က ''ကမာငယ်လေး''ထဲကို စိတ်လိုလက်ရ၀င်ရောက် မွှေနှောက်ခဲ့သေးတယ်။
အဲဒီနေ့က လူခါးရဲ့ ''အိမ်ပြန်ချိန်" ကိုဖတ်ပြီး အိမ်ပြန်ဖို့ မေ့လျော့နေခဲ့မိ
အဲဒီနေ့က ညရဲ့အဆိပ်မိသူဟာဘယ်သူလဲ လို့ကိုယ့်ကိုယ်ကိုပြန်မေးမိရဲ့
အဲဒီနေ့က လောကပါလနတ်မင်းတွေကိုတိုင်တည်မိသေးမှန်းသတိရ
အဲဒီနေ့က မင်းကြည်ညိုရဲ့''မောင့်ကျောတံတား "ဆီပြန်လျှောက်ပြီး ရင်ဘတ်အောင့်တယ်။
အဲဒီနေ့က မနက်စာမစားခဲ့မိမှန်း ရေဆာမှ အလန့်တကြားသိရပေါ့
အဲဒီနေ့က အတွေးနယ်လွန်နေလို့ လဖက်ရည်ဆိုင်မထု်ိင်ဖြစ်ဘူး
အဲဒီနေ့က မင်းနဒီခ ရဲ့ဖုန်းဆက်နည်းကိုသင်ယူတတ်မြောက်ခဲ့တယ် ။
အဲဒီနေ့က အစ်မတစ်ယောက်ရဲ့စေတနာက်ို်လျစ်လျူရှုခဲ့မိ
အဲဒီနေ့က ဘာနေ့မှန်းမသိလို့ ပြက္ခဒိန်ပြန်ကြည့်ဖြစ်သေး
အဲဒိီနေ့က ရေးပြီးသားကဗျာတစ်ပုဒ်ကိုစာလုံးပေါင်းပြန်ပြင်ရပေါ့
အဲဒီနေ့က ဘူးသီးကြော်မစားချင်တော့လောက်အောင်အတွေးပွားမိတယ် ။
အဲဒီနေ့က ခပ်တည်တည်နဲ့သက်မွန်မြင့်ကို Like လုပ်ဖို့ Mouse ကို Click လိုက်မိ
အဲဒီနေ့က Nကိုင်ရာရဲ့ '' လေဒီ Nကိုင်ရာ'' အယ်လ်ဘမ် အစ အဆုံးနားထောင်ဖြစ်ရဲ့
အဲဒီနေ့က စံဇာဏီဘိုရဲ့ ဟောစာတမ်းလေးပြန်ဖတ်ရင်း ပြုံးမိတယ််။
အဲဒီနေ့က ပိုက်ဆံကုန်ခါနိီးလို့အမေ့ကို သတိတရလွမ်းဆွတ်မိခဲ့ပေါ့
အဲဒီနေ့က ဘ၀ရှေ့ရေးကို တခုတ္တရ မျှော်တွေးကြည့်မိတယ် ။
အဲဒီနေ့က Statusမှာ ရေးချင်ရာရေးပစ်လိုက်တယ် စိတ်သွားတိုင်း
အဲဒီနေ့က လုပ်နေကျ၀တ္တရားတွေပျက်ကွက်သွားခဲ့တယ်။
ဒီနေ့တော့ စနေနေ့ဆိုပဲ
ကဗျာရေးလို့မဖြစ်နိုင်မှန်း ရင်၀ှက်အခန်းက အချက်ပြပေါ့
မင်ရောင်ခပ်ဖျော့ဖျော့ ဘောလ်ပင်န်ကိုဒီအတိုင်း ပစ်ချထားလိုက်ရတယ်။

                                           ရတုသစ်
                            ( 8-12-2012 12:45 AM )

Thursday, December 6, 2012

အားကျမိခြင်း


သူက..
ဓူဝံကြယ်ကိုဆွတ်ခူးခိုင်းတယ်
မြေ၀ပ်ငှက်တစ်ကောင်ရဲ့သမိုင်းကို
အပိုင်းပိုင်းခုတ်ချခံလိုက်ရခြင်းပဲ..။

ပေးဆပ်ခြင်းတွေတနင့်တပိုးရှိပေမဲ့
မပေးဆပ်နိုင်တဲ့ဘ၀မျိုးကို
ဘယ်လိုဒေ၀တာတွေကဖန်ဆင်းပေးထားတာလဲ..။

မြေနံ့နဲ့ချည်တုပ်ခံထားရတဲ့
ဘ၀ရဲ့ကြိုးအထုံးကိုဖြေဖို့ခက်ပါရဲ့
တစ်ခါတစ်လေတော့လည်း....
ထန်းတစ်ဖျားလောက်အမြင့်ကို..
မျှော်လင့်မိခဲ့ဘူးတာ အမှန်ပေါ့ ။

ဒီထက်ပိုမတတ်နိုင်တဲ့ ဘ၀မို့
မြေနံ့နဲ့၀ပ်ကျင်းခတ်လို့
ငါ့ကို ငါ ချဉ်းကပ်မယ်..။

သစ္စာရဲ့သမိုင်းကို ပထမဆုံးတွေ့ရှိခဲ့တဲ့
မဟာလူသားတစ်ဦးရဲ့ ရှာဖွေမှုမျိုးကို
ရိုးရိုးလေး အားကျမိလိုက်တယ်..။

                  ရတုသစ်


Wednesday, December 5, 2012

လောလောဆယ်မေ့နေတဲ့လူ

ပင်လယ်အော်ဆီက တောင်ပံခတ်သံကို ကြားဘူးလား
 လားတစ်ကောင်ရဲ့ ဂျက်လေယာဉ်ထက်မြန်တဲ့ အမြန်နှုန်းကိုမြင်မိလား
 လားရာ ရောက်ရာ ဆိုက်ကပ်ရာမှာ ဘာတွေကြိုနေတယ်ဆိုတာ သိပြီပေါ့
 ပေါ့ပေါ့တန်တန်တွေးထားတာတွေက လေးနက်နေတတ်တာ တွေ့ဘူးမှာပါ ပါဆယ်ထုပ်တစ်ထုပ်ရဲ့အလေးချိန်က ချိန်ခွင်ထဲမှာပဲ ရှိတာမဟုတ်
 ဟုတ်သလိုလိုနဲ့ မဟုတ်သလိုလိုဖြစ်သွားတာတွေ အများကြီး
 ကြီးကြီးကျယ်ကျယ်ပြောမှ လူရာဝင်မယ်လို့တော့ မထင်ခဲ့မိ
 မိထားတဲ့အတွေးတွေလွတ်သွားမှာပဲ စိုးရိမ်စိတ်တွေ လွန်ကဲ
 ကဲသာကဲ ဆိုပြီးမြှောက်ပေးနေတဲ့ လက်တွေက ကြောက်စရာ
 ရာရာစစဘာမှမဟုတ်တဲ့ အပိုင်းအစတွေကြားမှာ ပျော်မွေ့နေ
 နေသာချိန်ဆိုတာညအခါမှာလည်း ရှိတတ်တယ်လို့ပြောတာ မမှား
 မှားနေတဲ့ရှေ့နေတွေ နောက်နေရင် သတိပြု
 ပြုစားခံထားရတဲ့အသိကိုပြန်ဖြေဖို့ ၀ိညာဉ်တွေ ရှင်းထားလိုက် လိုက်ရင်းဝေးဝေးနေတဲ့ ရေသေမြောင်းတစ်ခုဟာ ပြားချပ်ချပ် ချပ်ကပ်လာတဲ့လောကပါလတရားမှာ ဖောင်းပွနေတာဘယ်သူ ပြုပြင်မလဲ လဲယိုင်လာတဲ့ခေတ်ကို ထောက်တိုင်ကူဖို့ လွယ် လွယ်လေး မထင်နဲ့
 နဲ့တဲ့တဲ့ပြေးနေတဲ့ ဘ၀ဘတ်စ်ကားကြီးက ဘရိတ်ပေါက်
 ပေါက်ပေါက်ရှာရှာတွေးနေတဲ့ အတွေးအမြင်မှာ အစောင်းလိုက်ဒေါင်လိုက် လိုက်ရင်းပြေးရင်းနဲ့ပန်းတိုင်ဟာ ရွြှေ့ပည်တော်မျှော်တိုင်း ဝေး
 ဝေးဝေးကပဲဖြေသိမ့်နေလို့ သက်သာမယ့်ဝေဒနာ ရှိ /မရှိ
 ရှိတာလေးနည်းနည်းကိုမသိတာများများနဲ့ ဆိတ်ကိုဆင်သားရေ ဖုံး
 ဖုံးကွယ်ထားတဲ့အမှားဝင်္ကပါဟာ အကွေ့အကောက် မျက်လှည့်
 လှည့်ကြည့်တိုင်းမြင်နေတော့ သမင်လည်ပြန်ကိုမတ်မတ် ထူထား
 ထားခဲ့တဲ့ပုံသေကားချပ်မှာ အဓိပ္ပါယ် ဘယ်ရွေ့ဘယ်မျှ
 မျှမျှတတတွေးတတ်ရင် နေပျော်စရာပါ ဆိုတဲ့အဆိုကို ထောက်ခံဖို့ ဖို့ထားတဲ့အိပ်မက်တွေ မှောက်လိုက်လှန်လိုက် ကတိုက်ကရိုက်
 ရိုက်စစ်မှပေါ်တာမဟုတ်တဲ့ တရားခံကိုရိုက်စရာ လို /မလို
 လိုနေတာကိုလိုနေမှန်း သိအောင်ဖြည့်ကြည့်မှ အားလုံးအလိုဖြစ်
 ဖြစ်နေတာကဖြစ်သင့်တာထက်နောက်ကျနေတော့ ဖြစ်ချင်တာတွေ ပျက်
 ပျက်သွားတဲ့လမ်းကြောင်းကို သဲဖြူးပြီးခြေရာရှာဖို့ အနံ့ခံ
 ခံနေရတာများတော့ခန္တီ ဆိုတာ ရသေ့ကြီးတစ်ယောက်ရဲ့ ဘွဲ့နာမည် မည်ကာမတ္တမဟုတ်တဲ့ လောလောဆယ်တွေဆီမှာဘ၀ကို မြှုပ်ထားရ
 ရထားထွက်သွားတာတောင် လက်မှတ်ဖြတ်ဖို့မေ့ကျန်ခဲ့တဲ့ လူ
 လူထဲမှာ အဲလိုလူတစ်ယောက် အမှန်ရှိခဲ့တယ်ဆိုတာ ပုံပြင်တစ်ပုဒ် ပုဒ်စပ်ပုဒ်ဖြတ်မှားနေတဲ့ကဗျာတစ်ပုဒ်ကို ဘယ်လိုဖတ်ရမှန်း မသိတတ် တတ်သိတာလေးနည်းနည်းနဲ့ငင်နေရတော့ အမြင်တွေ ကပ်လွန်းတယ်။
                           
                                ရတုသစ်
                           ( 5-12-2012 )

Tuesday, December 4, 2012

ညကဗျာ


ညကိုတုပြု
ကဗျာထုဆစ်
အမှုလက်သည်
ရှာဖို့ရွယ်သော်
သွေးကြွယ်ကဗျာ နိုးသောကြောင့်။

ညနက်ထဲမှာ
ကဗျာစာကို
ရေးကာစီဆဲ
ဈာန်၀င်မြဲမို့
အိပ််လည်းမပျော်
အတွေးပေါ်တိုင်း
ရည်ရော်နှိုင်းသည်
တံတိုင်းရင်မှာမဲ့သော့ကြောင့်...။

        မင်းကြည်ညို+ရတုသစ်


Monday, December 3, 2012

မိုးလင်းဦးမယ့် ည


မေမေ့ကိုချစ်သောသားတစ်ယောက်ကို
ဘာ့ကြောင့် အခြားတစ်ယောက်ကိုချစ်မိဖို့
 စေညွှန်လိုက်တာလဲ..ဖူးစာ..
တမူးသာသွားတဲ့ အဲဒီအချစ်မှာ မာယာတွေပါလား
 အတွေးများနဲ့ညဟာ ကျနော့်အတွက် အိပ်ဖို့ဖြစ်မလာခဲ့ဘူး
 မှေးမှိတ်...တိတ်ဆိတ်ငြိမ်သက်ကြည့်...
 ထိနေတာက ရင်ဘတ်မှာလေ မေမေ
 အဆိပ်ဖြေဆေးမရှိတဲ့ ဒီနှလုံးသားကို
ဘယ်အရာတွေနဲ့ ပြန်ပြုစားရမလဲ
အိပ်မွေ့ချနည်း မကယ်နိုင်တဲ့ ကျနော့်ညတွေဟာ
 အိပ်မက်တွေနိုးနေရင်း မက်နေခဲ့တာပေါ့
 မျက််လုံးမှာ စိတ်ပုံပြင်တွေ လိုက်ဖတ်ရင်း
 ဒီညလည်း ..မိုးလင်းဦးတော့မှာပဲ..မေမေ..။
           
                 ရတုသစ်
               4-12-2012


အိပ်ဖန်စောင့် ည


ကြယ်ရောင်ဖြာလင်း ၊ လေညင်းသွင်းချိန်
သီချင်းလေးဆို ၊စောင့်ကာကြိုမည်..
၀င်ခိုနားလှည့်..ပြေး၀င်ခဲ့ မေ..။

ညရဲ့ရှုခင်း ၊ ငြိမ်ဆိတ်ခြင်း၀ယ်
ယမင်းသက်လယ် ၊လှသွေးကြွယ်ကို
ချစ်ဖွယ်စကား ၊ ထပ်ထပ်ကြားသည်
ချစ်အားစိမ့်ယို ၊ရွှန်းလက်စိုပေါ့ ။

ကြယ်ကိုထွန်ယက် ၊ လမင်းထွက်၍
လက်လက်ရောင်ထွား ၊သစ်ရွက်ကြားမှ
လင်းအားဖြန့်ကျက် ၊မြေသို့သက်စဉ်
နုညက်ဖြူစင် ၊ မေ့ပါးပြင်မှ
ရွှေစင်ယိုးမှား ၊ သနပ်ခါးကို
နမ်းသွားမှာစိုး ၊ ကြောက်စိတ်တိုးကာ
ငုပ်လျှိုး၀ှက်ကွယ် ၊ ရင်ခွင်လယ်၌
ဖက်တွယ်ထားမိ ၊ရင်ချင်းငြိလျက်
ပီတိဖြာဝေ ၊ နမ်းမိုးခြွေသော်
ရှက်ပြေပုတ်ခတ် ၊မောင့်ရင်ဘတ်မှာ
ပွင့်ဖတ် နုလွှာ ၊မှန်သည်သာ ဟု
ကြင်နာစိတ်ကဲ ၊အနမ်းသည်း(သဲ)ခဲ့..။

ရင်ထဲအေးစိမ့် ၊ တစ်ငြိမ့်ငြိမ့်နှင့်
နှစ်သိမ့်ချိုမြ ၊ ညလည်း လှ၏
လောကတစ်ခွင် ၊ကြည့်၍မြင်သော
၀န်းကျင်အားလုံး ၊ အလှဖုံး၏
ချစ်ဆုံးမေသာ ၊ရင်ခွင်လွှာ၀ယ်
ကြင်နာမှေးမှိတ် ၊တစ််ရေးအိပ်ဖို့
ချော့သိပ်တေးသံ ၊မေတ္တာရံလျက်
အိပ်ဖန်စောင့်ရာ ၊ညကမ္ဘာသည်
လှဖြာဝေစည် ၊ကဗျာ ပီသော်..
ရွှင်ကြည်ပြုံး၀င့်နေသည်တကားးးးး ၊။

                    ရတုသစ်
        ( 3-12-2012==11 :50PM)


Sunday, December 2, 2012

လမ်းလျှောက်ငှက်တစ်ကောင်ရဲ့ညချော့တေး


ထည့်ယူစရာပစ္စည်းတွေစုံလင်ပြီလား
စလင်းဘက်အိတ်ကို သက်ပြင်းတစ်ချက်နဲ့ ဇစ်ဆွဲပိတ်လိုက်တယ်..
တရိပ်ရိပ်၀င်လာတဲ့အတွေးတွေခေါင်းရမ်းထုတ်လိုက်
မိုက်ဇာတ်က ကချင်လို့ ကနေတာ မဟုတ်မှန်း ကိုယ်တိုင်သိရဲ့
ကျလာမယ့် ကန့်လန့်ကာအပိတ်က နှေးကွေးလွန်းတယ်..။

လေးလံနေတဲ့စိတ်ကိုမိတ်ကပ်ထူထူလိမ်းပြိီး ဖို့ပစ်လိုက်ရ
ဆန္ဒမပါတဲ့ ကိုယ်ငွေ့ကို ပေါင်ဒါပုတ်ပြီး ကွယ်၀ှက်ထားမယ်
အပူသည်မိသားစုအတွက် ရင်ထဲက အပူနဲ့ ငြှိမ်းသတ်ပေးနေခဲ့
အချစ်မဲ့အနမ်းခါးတွေကမ်းကပ်တဲ့နှုတ်ခမ်းပါးက
မိတ္တူ အပြုံးတွေပဲ ပွင့်ဖူးတယ်..။

လောကမာယာ...ရေ..
မျက်ရည်ဆိုတာ လူမသိ သူမသိခိုးကျဖို့ပဲတတ်နိုင်တော့တယ်ထင်ရဲ့
တစ်ချို့တွေ ထောင်မြင်လို့ ရာစွန့်နေချိန်မှာ
ရာ မြင် ရဖို့အတွက်စွန့်လိုက်ရ..ဘ၀..
ခဏခဏသေဆုံးခဲ့တဲ့အိပ်မက်မြစ်ထဲမှာ အသွေးအသားတွေမျောပါသွား
မဟားဒယား ညကပွဲမှာ ချစ်တယ်ဆိုတဲ့ ဝေါဟာရထည်လဲသုံးခဲ့မိ
အဆိပ်ရှိတဲ့ ဒီဆူးကိုချိုလွန်းလို့ သည်းခံနေတာမဟုတ်ရပါဘူး..။

စိတ်ကူးနဲ့လက်တွေ့ စေ့စပ်မရတဲ့ဘ၀တိုက်ပွဲမှာ
အသဲစကားကိုငြင်းဆန်လိုက်ရပေါ့
ချစ်သူကိုလည်းစွန့်ပစ်ခဲ့ရတယ်
ရိုက်ချိုးထားရတဲ့အတ္တကြောင့် မာနတွေမလွှင့်နိုင်တော့
တလွင့်လွင့် ဝေးသွားတဲ့အနာဂတ်လမ်းဟာ စမ်းတဝါးဝါးပဲလေ..။

မေမေရေ...
အူမ မတောင့်တဲ့မိသားစုအတွက် တွေးတွေးပြီး
ရွိမဲ့ စုမဲ့သီလေလးကို ချကျေွးလိုက်ရပေါ့
ပျော်တယ် လို့မဆိုသာပေမယ့်
ပြုံးနိုင်အောင်ကြိုးစားခဲ့ပါတယ်..။

လောကကိုတိုင်တည်ပြီး မဆွေးချင်တော့ပါဘူး
ဘ၀ကိုနာကြည်းပြီး မတွေးချင်တော့ပါဘူး
ခေတ်ကိုအပြစ်ရှာပြီး မငေးချင်တော့ပါဘူး
တရားခံကတရားလိုယောင်ဆောင်နေတတ်တဲ့မျက်လှည့်သီအိုရီမှာ
ရေလိုက်ငါးလိုက် ပျော်၀င်ကူးခတ်ရင်း
ဒီဇာတ်လမ်း အဆုံးကိုအမှောင်ထဲက စောင့်နေမိတယ်လေ..။

                          ရတုသစ်
        ( 2 -12-2012 11 : 10 PM)
         http://yatuthit.blogspot.com/


Saturday, December 1, 2012

နာမည်မမှည့်ရသေးတဲ့ဘီလူးတစ်ကောင်ရဲ့အတ္ထုပ္ပတ္တိ

ဖြစ်တည်ခြင်း စကတည်းက အမှောင်ကိုခေါင်းပေါ်ရွက်ထားခဲ့
အိုးရွဲ့ကိုစလောင်းပဲ့နဲ့ဖုံးဖို့ သူ တတ်ကျွမ်းပြီးသား
နှလုံးသားထက်အသွေးအသားအလိုပဲ လိုက်မယ်..။

ကိုယ်တိုင်မမှည့်လည်း နာမည်ကရမှာပဲ
အလုပ်ရဲ့သမိုင်းမှာ နာမည်ကောင်း/ဆိုး ကမ္ပည်းထိုးထားပြီးပေါ့
ဘွဲ့ဖြူပုဆိုးမပိုင်ပေမဲ့ သူ့မှာ မာနတွေဖြိုင်ဖြိုင်ဝေခဲ့
ပုပ်အဲ့အဲ့ ရနံ့ကို သူ နှစ်ခြိုက် တပ်မက်
အချစ်ရဲ့ အခြားတစ်ဖက်မှာ သူနေတယ်..။

မေတ္တာတရားဆိုတာ သူ့အတွက်မရှိလည်း ဖြစ်တဲ့အရာ
ငတေမာ စိတ်ဓာတ်က သူနဲ့ရင်ချင်းဆက်အမြွှာဖြစ်ရဲ့
ဖြစ်ခဲ့သမျှကို သင်ပုန်းချေဖို့ စိတ်မ၀င်စားဘူး
တူးမိတဲ့ သိုက် အဆုံးထိ လိုက်ဖို့ပဲတွေးတယ်..။

သွေး ဆိုတာ အနှစ်သက်ဆုံးဓာတ်စာ..
အာဟာရထဲမွာ သူတစ်ပါးမျက်ရည်ကအချိုမြိန်ဆုံး
အမှောင်ဖုံးနေတဲ့ပြဇာတ်တွေထဲမှာနေသားတကျနေရာယူတတ်ခဲ့
သူတတ်တဲ့ပညာရပ်ထဲမှာကလိမ်ကကျစ်က ကျွမ်းကျင်ဘာသာ
မာယာသာဌေယျတွေရဲ့စည်း၀ိုင်းမှာ သူ စိတ်တိုင်းကျနေမိ
ကတိ/ဂတိဆိုတာသူ့ပါးစပ်ကပြောလွယ်တဲ့ကိုယ်တွင်းဖြစ်အသံ
စိတ်နံရံတွေမှာမသန့်ရှင်းမှုတွေချိတ်ဆွဲထားပေါ့
သူ့အိတ်ကပ်ထဲမှာ မသထာရေစာတွေ အပြည့်သိုလှောင်ထားတယ်..။

အောင်မြင်မှုတစ်ခုအတွက် သူတစ်ပါးနှာခေါင်းနဲ့အသက်ရှူမယ်..
လူလည်ကျရတာသူ့ဂိမ်းဆော့ဖ်၀ဲလ်တစ်ခုဖြစ်နေရဲ့
အလှည့်ကျလည်းမနွဲ့တတ်သလိုလိုနဲ့သူမူယာပိုနေတတ်သေး
မိုးပြေးဆိုတာ ရှပ်ပြေးလေးပဲရွာတယ်ဆိုတာ သူမေ့ထားတယ်..။

အဲလိုပဲ..သူဘာကောင်လဲဆိုတာ..သူမေ့ထားတုန်းပါပဲ..
သူ့အတ္ထုပ္ပတ္တိမှာ သူ့နာမည် ကွက်လပ်ဖြည့်ဖို့လိုနေတုံးပါပဲလေ..။

                              ရတုသစ်
                         ( 29 -11-2012)


Friday, November 30, 2012

၀ိရောဓိ ညရှုခင်း


"ဟေး" /" အား" ပြိုင်တူပျော် /အော်ခဲ့ကြ ကွင်းထဲမှာ
အစဉ်အလာတစ်ခုအလား ကျင်းပ/ ခံ ရင်း ရယ် /ငိုခဲ့ကြ ညရှုခင်းပေါ့
အလင်းတလက်လက်နဲ့လပြည့်ညက ရယ်ရွှူင်/ကြေကွဲနေခဲ့
အသဲစကားတွေတပုံတပင်ကို အဲဒီည က ရိတ်သိမ်းထားရဲ့..။

ဟိုးးးးးးးးးအရင်သမိုင်းတွေထဲမှာ ဒီညက ရိုးရှင်းလွန်းတယ်
အမိုက်မွန်းနေတဲ့သံသရာသားကောင်တစ်ယောက်အလင်းရောက်ခဲ့ဘူးတယ်
ကုမုဒြာကြာဖြူရနံ့ထုံထုံထဲမှာ သာမညဖလသုတ်တော်ဖြစ်ထွန်းခဲ့ဘူးတယ်
သြဃလေးဖြာထဲမျောမယ့်အတ္တကျေးကျွန်တွေကို ဆယ်တင်ခဲ့ဘူးတယ်..
ဒီလောက်သန့်စင်တဲ့ကြယ်စုံညကိုမှ သမိုင်းဆိုးက တစ်ရေးနှိုးလိုက်ပေါ့ ။

တစ်ဖက်ကကွင်းပြင်မှာမီးပုံးလှလှလေးတွေ ဝေနေချိန်
တစ်မြေကကွင်းပြင်မှာမီးဗုံး ဒုက္ခတွေ ဝေနေရဲ့ ။

ရုန်းရင်းဆန်ခတ် ပျော် / အော် လိုက်ကြတဲ့အသံတွေ
စကြ၀ဠာကမ်းခြေမှာ ငုတ်ရိုက်သိမ်းဆည်းထားတယ်..
ဒါ ပုံပြင်တစ်ပုဒ်လို မဟုတ်ခဲ့ဘူး...
တူးဆွလေ အမှန်သိလေဖြစ်သွားမယ့် သမိုင်းအစစ်..။

ဆေး /သွေး ပေါင်းခတဲ့နက္ခတ်ရဲ့အလှည့်အပြောင်းက
ရင်ခေါင်းသံတွေကို ညှစ်ချစေခဲ့သလား???
မနိုးကြားတဲ့အသိတရားမဲ့မှုမှာ လူစင်စစ်ကိုခွေးကိုက်ခဲ့ပြီ
ဒီ အမိုက်က လျှော်ဖွပ်သန့်စင်ပစ်လို့ လင်းရိုးရှိပါ့မလား.???.။

တရားကိုလူစောင့်တာလား??? /လူကိုတရားစောင့်တာလား???
ဥပေဒအထက်က တိရစ္ဆာန်တွေကြားမှာ တရားလက်ကိုင်မဲ့ခဲ့ပေါ့
ယိုင်ရွဲ့လာတဲ့မဏ္ဍိုင်တွေနဲ့ မဏ္ဍပ်တိုင် တက်ပြတာမမြင်ချင်ဘူး..
ဒီ ည စူးတဲ့ ဆူးက တူးထွင်ပစ်ဖို့ အနစ်ဆုံးပဲ..။

အရှိန်လွန်ထားတဲ့လက်ညှိုးထိုးအရောင်းဈေးကွက်မှာ
ဘေးထွက်ဆိုးကျိုးက အိမ်/လယ်/ယာ ရှင်တွေရဲ့ရင်ကိုချိုးဖဲ့ခဲ့
မိ/ဖ တဆိုးလေးတွေလို ကူ/ကယ် ရာမဲ့ရတော့မှာလား.???.။

ရိုးသားမှုကိုခုတုံးလုပ်ခံလိုက်ရတဲ့နာကျင်မှုနဲ့
ရင်မွမွကြေ မျက်ရည်သွန်းလိုက်တယ်...
အဲဒီ မျက်ရည် သစ္စာနဲ့ ခင်ဗျားတို့ ၀ဋ်မြစ်ကိုလောင်းခဲ့ပြီ..
ဒါ ကျိန်စာ မဟုတ်ဘူး
၀ိရောဓိ ညရှုခင်းရဲ့ တန်ပြန်မေတ္တာ..
ရသင့်သူအားလုံး အပြည့်အ၀ ရကြပါစေသား...။


                            ရတုသစ်
           ( 30 /11 /2012 9 :58 PM )

---ကုမုဒြာကြာဖြူတွေပွင့်တဲ့ ဆေးပေါင်းခညကို
    အကျည်းတန်စေသူများသို့...ရည်ညွှန်းပါသည်..။



Thursday, November 29, 2012

ယနေ့ ရေးဖြစ်သော ကဗျာ အရေးအသား ပူသလား အိုက်သလား

( အွန်လိုင်းလင်းရောင်ခြည်စကား၀ိုင်းမှပွင့်အန်ကျလာတဲ့ကဗျာ)

မြင်လား . . . မြင်းလား. . . မြင့်လား
မြင်းကိုမြင်တော့မြင့်နေအောင်မော့ကြည့်လိုက်ရပါကြောင်း
ဒါပဲ . . . အဲဒါပဲ . . . ဒါကြောင့်မို့ . . . ဒါတွေပါပဲ
ဒါတွေကို ဒါကြောင့်လို့ထင်နေသေးရင်
ဒါကြီးက ဒါမျိုးလိုက်နေမှာ ဒါ သံသယပဲ
ပြန်မရပါဘူး လှန်ချလိုက်ပါ
ဒဏ်ကျမယ် သောကနဲ့။
သောကအမောမှာ
ဟောသမျှတရားနဲ့နား၀င်မချိုဘူး
လိုအင်တွေများလေလေ..ရင်နာရလေလေပါပဲ
မမြင်သာတဲ့အပြင်အဆင်တွေကြား
ပညာနဲ့ဆင်ခြင်ပါ...
ဆင်ခြင်မှုတွေအာနည်းမှ ဆင်ခြေဆင်လက်မပြနဲ့
ဘ၀ကမငး်လက်ထဲမှာ အနည်ကျပြီးသား
ပယ်ချလိုက်တဲ့တရားမှာ မတရားမှုပါသေးလား
တရားမှု မတရားမှုထက်
အိပ်မက်ကိုတပ်လှန့်နေရတော့
စာရိတ္တအကန့်က ပျက်တတ်တယ်..။
ဆွဲထုတ် ခုတ်သတ်
အပြတ်ပြတ်နဲ့
နောက်ဆုံး
ပ်က္တာ
ရိုး . . . သား . . . မှု
ကြိူးစားမှုအတိုင်းအတာထက်
ပိုလိုချင်တဲ့အတ္တက ဗီဇကို မီးနီပြတယ် ။
မပီမသတဲ့လေ့ကျင့့်မှုအောက်မှာ
အဆင့်အတန်းဆိုတာ ၀မ်းလျားမှောက်လို့..။
ဟိုမှာကြည့်လိုက် ထိန်ထိန်ညီးနေတဲ့မီး
ထွန်းတဲ့မီးလား ရှို့တဲ့မီးလား လောင်တဲ့မီးလား
ဘယ်သူမှမသိဘူးအထင်နဲ့ဆပ်ကပ်ဆန်ဆန် အန်ချလိုက်တဲ့မီး
ရင်ဘတ်စည်တီးလောင်တယ်..
အရောင်တွေလက်နေတာတောင် မှောင်တယ်.
အံချော်နေတဲ့အဆုံးသတ်မှုကြားမှာ
မြေသားဟာ သွေး ညှီီနံ့သင်းပြန်ရ..
ဒီဒုက္ခ အတွက်ဘယ်သူတွေလျှော်ပေးမလဲ..။
ပြော...
ဟိုးအတွင်းထဲက ရင်ခေါင်းသံနဲ့ပြော
မျက်လုံးကို တည့်တည့်ကြည့်ပြော
လက်နှစ်ဖက်ကို ဆန့်တန်းပြီးပြော
ခန္ဓာကိုယ် မတ်မတ်နဲ့ပြော
ထပ်ပြောမယ်
ဟိုးအတွင်းထဲက ရင်ခေါင်းသံနဲ့ပြော . . .
ရင်တစ်ခုလုံးဗြောင်းဆန်နေတာမှန်ရဲ့
အန်ခဲ့တဲ့ ကျိန်စာတွေ တရွဲရွဲ
အသဲကွဲတယ်ဆိုတာ ချစ်သူမုန်းလို့မဟုတ်ဘူး။
ရင်ဘတ်အဆမတန်နာလည်းကွံဲထွက်တတ်တယ်။
ဒီ တစ်ခါကွဲတဲ့အသဲ ဘယ် ရာဇ၀င်နဲ့မှမလဲဘူး ။
ငါ့လက်ကို ငါ့လက်နဲ့ ပြန်တွဲထား
ငါ့တရားကို ငါအပိုင်ယူတယ်
ငါအသက်ဟာ ငါ့အတွက် မဖြစ်စေရဘူး။
အဲလို ငါကြွေးကြော်တယ်
အဲလို ငါကျိန်ဆိုတယ်
ငါ့ ဝိဉာဉ် ဟိုးအဝေးဆုံးထိ...
ပြေးလမ်းဆုံးတာတောင် ငါ့ကျိန်စာသံညံဆဲ
မယိုင်လဲတဲ့၀ိညာဉ်နဲ့ငါ့ ရင်ကိုခါထုတ်မယ်
ရင်ဘတ်ကကျတဲ့အသံ ငါ့အသံ
နှလုံးသားကကျတဲ့သွေး ငါ့မျက်ရည်သွေး
ဘာအရေးကြောင့် ဘာတွေကိုငါဂရုစိုက်ရမလဲ
ငါ့ အတိုက်အခိုက်ဟာ ငါ့ ကဗျာပဲ
ငါ့ကဗျာမှာ ငါ့အသံ ငါ့သွေး ငါ့ကြွေးကြော်သံပါရဲ့
လာခဲ့.....နှလုံးသားသန့်သန့်တစ်စုံနဲ့
ကြားနာလှည့်...။


         ညီမင်းဝေ--ရတုသစ်

( စိတ်ထဲရှိရှိတဲ့အတိုင်းဖွင့်ချရင်းရေးဖြစ်သွားတဲ့ အမှတ်တရကဗျာ.)

Tuesday, November 27, 2012

အစုံသုပ်/အစုံသုတ် ပတ်ဝန်းကျင်မှာနေသားတကျ


ဦးခေါင်းမှာကိန်းဝပ်နေတဲ့ဦးနှောက်ဟာ ရေသေအိုင်ပေါ့
ဝင်လာသမျှအတွေးတွေပြန်မစီးဆင်းဘူး
သက်ပြင်းချမှုအနုပညာဟာ ကဝေဆန်စွာ မှော်ဝင်လွန်းရဲ့
ဖြစ်ထွန်းခြင်းဟာဖွဲမီးလို တငွေ့ငွေ့အူတယ် နှေးတယ် ။

ရှေးဟောင်းသုတေသနထက် ရင်တွင်းဖြစ်တွေတူးဖော်နေရ
လှပတဲ့အိပ်မက်ဆို မိုးလင်းတာ မြန်ဆန်တတ်ခဲ့
အမှတ်တမဲ့တွေလိုက်လိုက်ချည်နေရတော့ အမှတ်တရတွေကလျော့ရဲတယ်
ပျော့ကွက်နင်းနင်းပြီးဝင်လာတဲ့ဂြိုဟ်ဆိုးကိုဘယ်လိုအနိုင်တိုက်မလဲ ???
ဖြစ်ဆဲ/ ဖြစ်ပြီးတွေတိုက်ဆိုင်ကြည့်ရင်း ဖြစ်လတ္တံ့ကိုလည်း မခုံမင်ချင်တော့
ငလျင်ကြောမိသလိုရင်ဘတ်က ဆတ်ဆတ်ခါ နာတတ်ခဲ့ပြီ ။

အတတ်ပညာ /ပညာအတတ် ခွဲခြားသတ်မှတ်ချက် ရှိ/ မရှိ
ပဟေဠိ ကို ညှိယူရလွန်းလို့ မီးစာကုန် ဆီခမ်း လုလု
လုယူခံလိုက်ရတဲ့ အတွေး/အိပ်မက်/အနာဂတ်တွေထက်
ဘယ်အဆိပ်ခွက်မှ အဆိပ်မပြင်းဘူး စင်းစင်းသေ..။

သေသေချာချာမြည်းကြည့်မှ အစုံသုပ်/အစုံသုတ်ရဲ့အရသာသိမယ်
ချဉ်/ငံ(ငန်)/စပ်/ပူလောင်/ ချွေးထွက် /သွေးတက် /မျက်ရည်လည်
လည်လည်/၀ယ်ဝယ် အစုံသုပ်/အစုံသုတ်ဟာ ပတ်ဝန်းကျင်မှာနာမည်/နံမည် ရခဲ့
ရသလောက် ကောင်း/မကောင်း နောက်ကြောင်းစာမျက်နှာမှာ လက်မှတ်ရှိတယ် ။

အိုးတိုးအမ်းတမ်းနဲ့ အစုံသုတ်မှာ အစားခံရ တက်တက်ပြောင်
ယောင်တောင်တောင်နဲ့အစုံသုပ်ကိုစားမိရ ပူလောင်လောင်
ဂဂျီ ဂဂျောင်နဲ့ ကြပ်/ကြတ် အရှုပ်အထွေးက ဖတ်ရတာမွန်းတယ်။

မွန်းတည့်ချိန်မှ နေ၀င်တာမဟုတ် မွန်းတက်ချိန်မှာလည်းနေ၀င်တတ်ခဲ့
ရပ်စပြူတင် လောက်တော့သနားတဲ့ ပျောက်စေဆရာတွေအသိုက်အ၀န်းမှာ
တောင်/ကျွန်း/မြေ/သယံဇာတဟာ ဘီလူးကွင်း ဆင်းမိတဲ့ သားကောင်
ယုန်ထောင်ကြောင်မိလည်း ရတဲ့ကြောင်ဟာ ဈေးကွက်မှာ ယုန်ဖြစ်တယ်။

မယုံမရှိနဲ့သံသရာဆိုတာကံပေါ်မူတည်ပြီး လှည့်တယ် ၀ိုင်းကြီးပတ်ပတ်
မရပ်မနား/ရပ်ရပ်နားနား/မရပ်ချင်မနား/မနားချင်လည်းရပ်/ရပ်ချင်ရက်မနား/မရပ်ချင်လည်းနား/
"အား "ကနဲအော်မှအော်သံမထင်နဲ့ အသံတိတ်ရင်ထဲတုန်ခါအားပြင်းတဲ့ အော်သံ ရှိရဲ့
မဲ့နေတာမျက်နှာတင်မဟုတ် ရှိမဲ့/စုမဲ့/အနာဂတ်မဲ့/မဲ့တဲ့တဲ့
စားမိတဲ့အစုံသုပ်နဲ့အစုံသုတ်ရဲ့ အစားမိသွားတဲ့နေ့/ည/အချိန်တွေ
ထုံပေပေဖြစ်ရင်း စားမိလို့ဗိုက်နာရ /အစားမိလို့ဗိုက်နာရ
ဘယ်ဟာမှမကောင်းမှန်းသိပေမယ့် အစုံသုပ်/အစုံသုတ်တွေပေါလွန်းရဲ့ ဒီ ဘုံမှာ
"ယုန်ကလေးနှာစေးတဲ့အဖြစ်ကအအေးမိလို့မဟုတ်ဘူး " တဲ့
တည့်တည့်သိတဲ့အဖြေမှန်နဲ့ အမှန်ဖြေဖို့နှာစေးရင်း
မလင်းမချင်းပတ်ဝန်းကျင်မှာ ကံကိုယိုးမယ်ဖွဲ့ပြီး နေသားတကျု။

                                    ရတုသစ်
                  (   27-11-2012 --4: 03 PM)

Monday, November 26, 2012

ရင်တွင်းဆောင်း



                                  ဆောင်းနှင်းမြူလွ

                                  ဆောင်းပီသမို့

                                  ဆောင်းကျရာသီ


                                   ဆောင်းလှစီခဲ့

                              ဆောင်းသည်ဟေမန်

                                ဆောင်းလေပြန်နှင့်

                               ဆောင်းဒဏ်အေးခဲ

                           ဆောင်းနှင်းသည်း(သဲ)လျွှင်

                             ဆောင်းထဲ ကိုယ်တည်း

                            ဆောင်းတေးညည်းလျှက်
 
                             ဆောင်းဆည်းဆာကို

                             ဆောင်းမှာကြိုသည်...

                       ဆောင်းကိုရင်မှာ..ထွေးမိသည်..။.
    
                                     ရတုသစ်
 
                               ( ၂၆ / ၁၁ /၂၀၁၂)


Sunday, November 25, 2012

တစ် + တစ် = သုည


အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းကိုဖဲ့ထုတ်ရတာမျိုးရှိရဲ့
ညီမျှခြင်း ဆိုတာ ကိန်းနှစ်ခုရဲ့ ရလဒ်ကို ညှိယူတာပေါ့..စန္ဒာ..။
တစ်နဲ့တစ်ပေါင်းတိုင်း နှစ်ဖြစ်သတဲ့လား ?
ပိုက်သာဂိုးရပ်စ် ရဲ့ဖော်မြူလာတွေ အမှန်ချည်း မဟုတ်ဘူး
ဆော့ခရတ္တိရဲ့အယူအဆတွေလည်း အမှားမကင်းဘူးလေ..။

ဘ၀တစ်ခုကို ဘ၀တစ်ခုက ဆွဲငင်/တွန်းထုတ်တတ်တာပဲ
ဆွဲငင် နိယာမတစ်ခုထဲဆို နယူတန် အမြဲမှန်နေမှာပေါ့..စန္ဒာ..
မင်းထင်သလို မဟုတ်ခဲ့ပါဘူး..
ငါ့ အမြင်လည်း မှားခဲ့တာပါ..။

အမှန်နဲ့ အမှားကို ပလပ်ထိုးရင် အလင်းရနိုင်မလား ?
အရှေ့နဲ့အနောက်မှာတောင် အလင်း/အမှောင်က ၀ိရောဓိဖြစ်နေတယ်
တိမ်တွေဟာ ပင်လယ်ပျိုးမယ့် မျိုးစေ့ပဲ
မျက်လုံးထဲက တိမ်က​တော့ အမှောင်တွေပဲ ရွာတယ်..။

''နှိုင်းယှဉ်/ချိန်ထိုးတာတွေ မုန်းတယ်" ဆိုပြီး..
ပေတံတစ်ချောင်းနဲ့မျဉ်းဖြောင့်ဆွဲနေတဲ့ လူငယ်တစ်ယောက် ။
''ပုံစံခွက်တွေဆို ခါးသီးတယ်" ဆိုပြီး..
သဘာ၀/စိတ္တဇ တွေကိုကင်းဗတ်စ ထဲ အကျဉ်းချနေတဲ့ ပန်းချီဆရာ ။
''ဘယ်လိုမှ မလှပတဲ့ဘ၀ကို နာကြည်းတယ်" ဆိုပြီး..
ကဗျာလှလှလေးတွေ အန်ချနေတဲ့ ကဗျာဆရာ ။
''စိတ်ကူးယဉ်တာတွေ အလကားပဲ" ဆိုပြီး..
အချစ်ဇာတ်လမ်းအနုတွေ ဖွဲ့ပြနေတဲ့ စာရေးဆရာ ။
ဘ၀ဟာ ဘ၀ထက် မပိုပါဘူး..စန္ဒာ..။

အတ္တနဲ့ မာန ပလ္လင်လု နန်းသိမ်းပွဲမှာ မငး်နဲ့ငါ ယဇ်ကောင်ဖြစ်ခဲ့တာပေ့ါ
ငါဟာ သင်ရင်းသင်ရင်းနဲ့ချာချာလည်နေတဲ့ သင်္ချာ
ငါ့တွက်ကိန်းနဲ့ ငါပဲ ရလဒ်တွေ မှန်ကန်နေရဲ့ ။

တစ်နဲ့တစ်ပေါင်းပြီး တစ်ဖြစ်အောင်တွက်ချက်မိတဲ့အခါ
၁ + ၁ = ၀ ဖြစ်သွားပြီ ..စန္ဒာ...
ငါ့ကဗျာဟာ..ဒီမှာ..ပွဲသိမ်းခရာသံ ထမြည်တယ်..။

ဒိုင်လူကြီးရဲ့ အချိန်ပြလက်တံမှာ အချိန်ပို မကျန်တော့ဘူးလေ
တစ်နာရီကို မိနစ်ခြောက်ဆယ်ပဲ သတ်မှတ််ထားမှတော့
ရာခိုင်နှုန်းမပြည့်တဲ့ စံတော်ချိန်နဲ့ပဲ ..ငါတို့
စွယ်တော်ရွက်ဟာ..ကဗျာဆရာ/စာရေးဆရာ/ပန်းချီဆရာတွေရဲ့လက်ထဲမှာ
လှမြဲ လွေနဆဲပါပဲ ..စန္ဒာ...။

                                ရတုသစ်                 
                 ( 25/11/2012 8:30 PM )
          



Friday, November 23, 2012

သဲသစ္စာဝေ..နေရစ်လေ


( တေးထပ်--ရိုးရိုး )

မှေးမပျော် အေးစေဘိ
တွေးနေသည့် ထွေလာ
ဆွေးစေတည့် ဝေဒနာကို
ဖြေစရာရှာတုံး..။

ဝေးမြေက နန်းသက်လှယ်ဆီ
လှမ်းခက်သည် စိတ်ကခွေနုံး..။

ညှိုးချုံးဘိဆွေးဒဏ်ရာကို
ပြေးမြန်စွာ ကူဦး( အုံး)။

ဝေးရန်သာကံဇာတ်ဆုံးပြီမို့
ကြံမှတ်ထုံး အနိုင်နိုင် ၊
ဆောင်းနှင်းမြူဖြိုင်ဖြိုင်ကြဲလေတော့
ယိုင်ယိုင်လဲ ငေးလျှက်သာမှိုင်.။

ချမ်းခိုက်ပေ့ ရင်ငွေ့ယိုင်ကာ
စဉ်ရွေ့နိုင်ရင်ခွင်လွဲသော်လည်း
စဉ်ပင်မြဲ ရင်ထဲသေချာ
ဝင်စွဲနေမှာ..။

ဝေဖူးသည့်သဲသစ္စာကို
မြဲရစ်ကာ နေခဲ့ပေတော့လေး...။


                 ရတုသစ်
   ( 22-11-2012--10:00PM)

***မျှော်နေမိသူ***

( တေးထပ်--ရိုးရိုး )

ရွှေမန်းမြေ နန်းဆီက
လွမ်းသီရ ခင်ပျို
ချမ်းရီလှ ရင်စိုစိုတယ်
စဉ်လိုလို တုန်အေး ။

ကွာဝေးတဲ့ မောင့်သက်လှယ်ကို
စောင့်လျက်ကွယ် ချမ်းလှချည့်လေး ။

စောင်ထွေးလည်း မနွေးပါတယ်
အအေးသာ ပိုသေး
အရေးမှာ ပျိုဝေးလေပြီမို့
ကိုယ်ဆွေးနေ သည်ခါ ။

ဆုံရက်သာ အမြန်ရောက်ပါမှ
အကြံပေါက် မြောက်မယ့်သူပါ ။

မကြာပဲ ခင်ပြန်လာသော်
လျင်မြန်စွာ ချမ်းပြေရပေလိမ့်
မန်းမြေက စောင့်လျက်သာကြို
မောင့်သက်လျာ ပျို ၊

လက်ဖြာမယ့် မျက်နှာချိုသာ
ဆက်ကာ ကိုယ် မျှော်မိနေပေါ့လေး...။

                 ရတုသစ်

(၁၃၇၄-ခု တန်ဆောင်မုန်းလဆန်း-၁၀ ရက်)
         ( ၉နာရီ ၄၅ မိနစ်)
  http://yatuthit.blogspot.com/

Thursday, November 22, 2012

လရောင်မျှားသော နွေညများ

အလင်းမ၀င်လိုတဲ့စိတ်ဓာတ်နဲ့ခပ်နက်နက်လမ်းဟောင်းပေါ်
တစ်တောင်ပေါ်တစ်တောင်ဆင့်ထားမှတော့ ဖြတ်ကျော်ရမှာ မလြယ္ဘူး
မေ့မေ့မူးမူးနဲ့ နွေဦးဆီပဲတစ်ကျော့ပြန်ရောက်ဖြစ်တယ်..
ခပ်လွယ်လွယ် သဘောထားခဲ့တဲ့ သ​ဘောတရားက
ဟောတရားတွေနဲ့မညီတဲ့အခါကြိုးပြတ်စွန်လိုလိုက်ဆယ်လို့မရတော့..။

ရနံ့မဲ့အသိဉာဏ်နဲ့ပိတောက်နံ့တွေလိုက်ဖမ်းခဲ့
အငမ်းမရ မျက်စိနဲ့ငုဝါတွေလိုက်ခြွေတယ်..
ပူနေတဲ့အပူထဲမှာ အပူပေါ်အပူဖိလို့ အပူမိခဲ့ရ
သမုဒယရဲ့ကျောရိုးက ရိုးရိုးလေးပါပဲ..တဏွာ..။

ဘ၀နာတိုင်း အသိသာလေမလားလို့ ဘ၀နာနဲ့စေစပ်ကြည့်ခဲ့
လွတ်တဲ့ငါးတိုင်း ကြီးနေတတ်တဲ့စိတ်ကိုမပြင်သရွေ့ဘ၀ပဲနာ အသိမသာ
မသိမသာ ခွာခွာသွားတဲ့ အသိလွှာတွေကို ချိတ်ဆက်ဖို့
အအိပ်မက်တဲ့ဆောင်းကို မေ့ဆေးကျေွးထားရရဲ့
တကယ့်လက်တွေ့ကိုပြန်၀ှက်ပြီး နှင်းတွေကို ခွဲထွက်ခဲ့ပေါ့...။

အခက်ချိုးပြီးအရိပ်နေချင်သူအတွက် နွေညဟာ သင်ခန်းစာပဲ
မှုန်ပြာရီဝေ ညရှုခင်းထဲ အလူးအလဲ၀င်ရောက်ခဲ့ရ
ရွက်ခြောက်တွေနဲ့ခေါက်တဲ့နွေတံခါးမှာ မိန်းမောမိတယ်
သဘောတရားမပါတဲ့လက်တွေ့မှာ ကြယ်ရှုခင်းနဲ့လမင်းကိုပြန်တွေ့ရဲ့လက်တွေ့မပါတဲ့သဘောတရားက လရောင်ကို ချိတ်တပ်ပြီး ငင်တယ်..
ထဲထဲ၀င်၀င်နဲ့ညရဲ့သဘင်ဟာ နှင်းပျပျ မှုန်မှုန်ေ၀
လေလွှင့်ထားတဲ့ စိတ်နယ်မြေမှာ ရွက်ခြောက်တွေကြွေခဲ့ပေါ့..။

အသချေၤမကတော့တဲ့ဖြတ်သန်းမှုဖြစ်စဉ် အ၀ိဇ္ဇာ/မောဟ
၀ိပ္ပလ္လာသထူထပ်တဲ့ ဒီတောအုပ်မှာ ပိန်းပိတ်မှောင်ပူလောင်လွန်း
နေ၀န်းနီနီတစ်ကြိမ်ယွန်းတိုင်း တစ်ကျွန်းဆီ ဆက်သလိုက်ရ ဘ၀ဆက်ကြေးများ
သွေးသားတောင်းဆိုတိုင်း/စိတ်ကအဆိုပြုတိုင်း အပြိုင်းအရိုင်း ကုတ်ကပ်ကြိုးစားရ
ရိုးသားမှု/မရိုးသားမှှု ဟာလူ့ပတ်၀န်းကျင်က လူမှုအဘိဓမ္မာ
လူရာ၀င်မှု/မ၀င်မှုထက်အမည်းစက် ကင်းအောင် မနည်းတိုက်ချွတ်နေမှဖြစ်တယ်
ညစ်ကျယ်ကျယ်စွာနိုင်မှ လူရာ၀င်မယ်ဆို အဲဒီလူရာ ကို ကန့်ကွက်ရဲ့
အလှည့်ကျမှနွဲ့မနေနဲ့ ပုပ်အဲ့အဲ့ရနံ့ကို ရင်ဘတ်ကရှူနိုင်ပြီးသား
များပြားတဲ့ပူမှုဆယ်ကုဋေတွေထဲ ဘ၀ဟာမိုးခေါင်နေတဲ့ နွေ
ပပ်ကြားအက်နေတဲ့စိတ်တွေ တစ်ပြေးညီပြန်ဖြစ်ဖို့
လောကမြစ်ထဲမှာ လရောင်ကို အကြိမ်ကြိမ် မျှားနေမိတော့တယ်..။

                                      ရတုသစ်
                       ( 22-11-2012--7 :45 PM)

Wednesday, November 21, 2012

ဒုက္ခချို

*မြောက်ပြန်လေနှင် ၊ ဆောင်းရိပ်ဆင်၍
  ရှစ်ခွင်မှိုင်းညို့ ၊ နှင်းစို့စို့၀ယ်
  လွမ်းဖိို့ဖန်လာ ၊ဤ ခြင်းရာကြောင့်
  ရင်မှာဆွေးမြေ့၊တစ်ငွေ့ငွေ့ဖြင့်
  ဝဲဝေ့ပြိုကျ ၊မျက်ရည်စတို့
  လွမ်းရမည့်ရေး ၊ကဗျာတေးကာ
  ပူဆွေးရတက် ၊ရင်မှာအက်၍
  စက်စက်နီစွေး ၊ နှလုံးသွေးလည်း
  ကွာဝေးမည့်ဒဏ် ၊သေချာဖန်လို့
  ပွင့်အန်ထွက်ကျ၊ လွမ်းနာရပြီ
  မွမွကွဲကြေ..အသည်းမြေ..။

*ချစ်လျက်နှင့်လေ ၊ကြမ္မာပွေသော်
  နီးနေလျက်က ၊ ဝေးကြရပြီ
  ဘ၀တစ်ကွေ့ ၊ ခဏတွေ့လည်း
  မမေ့နိုင်သူ ၊ရင်မှာ ပူ၍
  ဝေဆူလျှံတက် ၊ မျက်ရည်စက်တို့
  လက်လက်ကြွေကျ ၊လွမ်းပါရလည်း
  သူကမသိ ၊ နေနိုင်ဘိသည်..
  ချစ်မိသူမှာ..လွမ်းရှည်ကြာ..။

*သြော်...
  ၀ဋ်ကြွေးလို့ပဲ ၊ စိတ်မှာစွဲကာ
  ရင်ထဲဘယ်ထိ ၊လွမ်းဒဏ်ပိလည်း
  ချစ်မိသူသာ ၊တမ်းတပါ၍
  ရင်မှာလွမ်းရ ၊ ဤဒုက္ခကို
  ချိုမြသလို ၊ ရင်မှာသိုလျက်
  လိုလိုလားလား ၊ သိမ်းလို့ထားမည်..
  လွမ်းများဝေဆာ..နေ့စဉ်သာ...။

                  ရတုသစ်
          ( ၂၂-၁၁-၂၀၁၂ )
    


အလွမ်းဦး


*ရင်မှာထိဆူး..
  အလွမ်းဦးကို  ၊တွေ့ဖူးမှပင်
  ရေးရေးထင်သည် ၊ချစ်ကြင်သူသာ
  အလွမ်းနာကို ၊ ပေးလာတတ်ဘိ
  ငါ ထင်မိ၍...။

*မချစ်ဖူးဘူး...
  အချစ်ဦးမို့ ၊ရူးရူးမူးမူး
  စွဲလမ်းဖူးလည်း ၊ သီကျူးသစ္စာ
  မမြဲတာကြောင့် ၊ခွဲခွါရပေ
  ကံကြွေးချေပြီး ၊ ဝေးနေကာမှ
  လွမ်းလွန်းလှလည်း...။

*ရွှန်းဝေလဲ့လဲ့...
  သူပြောခဲ့သည် ၊ မူနွဲ့စကား
  သကာပျားသို့ ၊ နိုးကြားရင်ဝယ်
  ချိုငြိတွယ်လည်း၊တကယ် ဘဝ
  ကြုံတွေ့ရသော်၊ ချိုမြပျားရည်
  ခါးလေမည်ကို ၊ရော်ရည်ကင်းမဲ့
  မတွေးခဲ့မိ...။

*ရင်လွှာခြားစည်း...
  ဝေးခဲ့ပြီးနောက် ၊လောင်မီးရင်ဘတ်
  အပူဟပ်လည်း ၊ နေတတ်အောင်နေ
  ကြိုးစားဖြေမှ ၊တိုးလေသည်သာ
  ဝေဒနာကြောင့် ၊ဖြေရာမရ
  လွမ်းဒဏ် ခ ပြီ ..။

*ရင်မှာငြိဆူး...
  အလွမ်းဦးကို ၊တွေ့ဖူးမှပင်
  ရေးရေးထင်သည် ၊ချစ်ကြင်သူသာ
  အလွမ်းနာကို ၊ပေးလာတတ်ဘိ
  ငါထင်မိသည်..မချိရင်ဝယ်ဆွေးတကား..။

                ရတုသစ်
        ( ၂၁-၁၁-၂၀၁၂)

Sunday, November 18, 2012

ရွှေပြည်မျှော်မှန်း တစ်ကိုယ်ရေလွမ်း


မန်းရွှေမြို့ဆီ ၊လွမ်းပါသည်ဟု ၊မှတ်ရည်စိတ်၀ယ် ၊ဆွေးအားကြွယ်လည်း၊တစ်နယ်စီခြား ၊
                    ကံကွက်ကြား၍ ၊လွမ်းများပိုမို ၊လွမ်းရင်ဖိုတည့် ၊ ကြိတ် ငိုနေ့စဉ် ၊
                    ပြန်လှမ်းချင်လည်း ၊မမြင်ကွယ်ရာ ၊ေ၀းရပ်ရွာသို့ ၊၀မ်းစာ( ပညာ)ရှာရေး၊
                    သည်မောင်ပြေးလျှက်၊ခင်လေးသက်ေ၀ ၊တင့်တယ်လေအောင်၊လွမ်းနေလျှက်သာ ၊
                    ကြိုးစားပါမည် ၊မလာမချင်း ၊စိတ်ကိုတင်း၍ ၊ရင်တွင်းတံခါး ၊ပိတ်၍ထားကာ၊
                    မောင့်အားစောင့်ကြို၊ နေစေလိုသည်....တောင်းဆိုဆန္ဒ ပြည့်ရသော၀် ..။

လွမ်းတွေညို့ပြီ ၊ဖြေမဆည်တည့် ၊လီလီ ခါခါ ၊ လွမ်းဒဏ်ရာကြောင့် ၊မောင့်မှာနေ့စဉ် ၊
                      ဆွေးစိတ်၀င်လည်း၊ချစ်ကြင်သက်လှယ် ၊လှမျိုးကြွယ်တွက်၊တကယ်စိတ်မှာ၊
                      အားသွန်ကာဖြင့် ၊ဖွေရှာနေ့စဉ် ၊ပန်း-မထင်ခဲ့ ၊ကြင်ကြင်နာနာ၊
                      ချိုချိုသာ၍ ၊သာယာတည်မြဲ ၊မေတ္တာတွဲလျှက် ၊ချစ်ပွဲ၀င်ရေး ၊ ကြိုတင်တွေးကာ ၊
                      လွမ်းဆွေးသည့်ကြား၊ပိုကြိုးစားလျှက်၊ ကိုယ်ကြားချည်ငင်၊သံယောဇဉ်ကို၊
                      အလျင်စလို ၊ရစ်နှောင်လိုသည် ...ကြောင်းကို ကြံဆ ကြည့် ရသော၀်..။

မှန်းဖြေလို့ရည် ၊စာတွေစီ ခဲ့ ၊ကြည်ကြည်သာသာ ၊မောင့်သက်လျာ၏ ၊မေတ္တာပွင့်လန်း၊
                       သည်းဦးပန်းမှ ၊စိမ်းလန်းမွှေးစွာ ၊အကြင်နာဖြင့် ၊မောင့်မှာနေ့စဉ် ၊
                       လွမ်းကို နှင်လည်း၊မမြင်ကွယ်သေး ၊ခရီးေ၀းမှ ၊ချစ်လေးမေပျို ၊
                       မျက်နှာချိုကို ၊ တွေ့လိုဇောသာ ၊အားကြီးလာ၏ ၊ဘယ်ခါကာလ ၊
                       မြင်တွေ့ရလိမ့် ၊စိတ္က မငြိမ်၊တရှိန်ရှိန်ဖြင့်၊ ချစ်အိမ်လေးဆီ ၊လွမ်းတွေရည်လျှက်၊
                       ကျူးသီဖွဲ့ဆို ၊လွမ်းစိတ်ညိုသည်...ပေါင်းလို မြန်ပ လှည့်ရသော၀်..။

                                       ( ရတုပိုဒ်စုံလေးဖြစ်ပါတယ်ခင်ဗျာ )
                                                         ရတုသစ်
                                      ( ၁၃၇၄ -တန်ဆောင်မုန်းလဆန်း ၅ ရက်)
                                           http://yatuthit.blogspot.com/




Saturday, November 17, 2012

သင်္ခါရကိုမျိုချနေရသော နေ့စွဲများ ( ၂ )

သင် တိုင်းမတတ်မြောက်နိုင်တဲ့ ရုပ်/ နာမ် ခွဲခြမ်းမှုအဘိဓမ္မာ
      သေချာတွေးတာတောင်ရေးရေးပဲပေါ်လိုက်/ပျောက်လိုက်စိတ် အမှတ်များ
      နှာသီးဖျားမှာ အသိက ထိရှတယ် /ပြယ်လွင့်တယ်
      ဘယ်အရာတွေကိုမြဲခြင်းအဖြစ် ရှုမြင်သုံးသပ်ရမလဲ? မသိတတ်တော့
      ဒီကျော့ကွင်းမှာ ဘယ်သားကောင်မှ မမိသေးဘူး...။

ခါ ချလိုက်/ကောက်ယူလိုက်တရှိုက်မက်မက် ချစ်ခြင်း/မုန်းခြင်းတွေ
    ဒီရေလိုအတက်အကျမို့ချည်တုပ်ထားခွင့်မရနိုင်သလား?
    ဥပေက္ခာတရားကိုခါးသီးစွာငြင်းဆန်နေမိကြရဲ့..နွံထဲမှာ..
   ကိုယ်သာ ပဓာန မို့ကိုယ်တိုင်လွတ်အောင်ရုန်းထွက်လိုက်
   အမိုက်ဆိုတာ အလင်းမရောက်ခင်ပဲ..မှောင်တယ်..။

လေ လိုလေဖြစ်နေတဲ့ချဉ်ခြင်းတက်/ တပ်မက်မှုများ
    မြစ်များကိုသောက်တဲ့ပင်လယ် ရေ ၀ရိုးမရှိသလိုအလိုလို လိုချင်နေမိ
   နေညိုချိန်တစ်ခါယွန်းတိုင်းဖြစ်ထွန်းမှုရဲ့အခြားတစ်ဖက် ..လားရာ
   လစ်ဟာသွားတဲ့ရုပ်/ နာမ်တွေအတွက်ဖြည့်စွက်စရာ မရှိ
   မသိလိုက် မသိဘာသာကုန်ဆုံးရင်း ဖြစ်ပြန်/ပျက်ပြန် တရားများ..။

ကို ယ်ကောင်းရင်ခေါင်းမရွေ့ဘူးဆိုပေမယ့်ပတ်ဝန်းကျင်က တနှဲ့နှဲ့
   ယိုင်ရွဲ့လာတဲ့နေသားကျမှုနဲ့အတူ စိတ်ကအခန့်မသင့်ချင်တော့
   အလျင်စလိုဖြစ်ဖြစ်လာတဲ့မာနက အမောက်ထောင်လာခဲ့ပေါ့
   အပျော့/အမာ ဆက်ဆံရေးဟာ မာယာများလွန်းရဲ့
   ရည်ညွှန်းချက်မဲ့တဲ့ လူသားဘ၀ကိုခါးသီးတတ်ခဲ့ပြီ .။

မျို ချရခက်လွန်းတဲ့လောကဒဏ်ချက်များကပြေးလမ်းတစ်လျှောက်တစ်ဖောက်ဖောက်
   မဖြစ်စလောက်သိမြင်မှုနဲ့ပုံကြီးချဲ့ခဲ့တဲ့အလည်လွန်နုံအမှုများ
   တရားဆိုတာ ဘုရားဟောမှတရားမဟုတ် ကိုယ်ဟောတဲ့တရား ကိုယ့်တရား
   လားရာဂတိကောင်းကို သုဂတိလို့နာမည်ပေးထားလဲ ကိုယ့်လားရာဂတိ ကိုယ်မသိ
   ဆန္ဒာဂတိနဲ့ဘယာဂတိကြားမှာဗျာများရင်း အမှန်တရားတွေဥာဏ်များလွန်းခဲ့ပေါ့ ။

ချ ထားတဲ့ပုံစံခွက်ထဲမှာနောက်ကျောနံပါတ်မြဲဖို့ စက်ရုပ်ဆန်ဆန်ရုန်းကန်
   ထုံးစံအတိုင်း ထုံးစံတွေဟာ “ပိုနေမြဲ ကျားနေမြဲ” ရယ်ကျဲကျဲ
   တရှဲရှဲပူနေတဲ့ဖန်လုံအိမ်ထဲမှာ “ ဇိမ် ”ဆိုတဲ့ဝေါဟာရကိုအဓိပ္ပါယ်တော်တော်ဖွင့်ခဲ့ရ
   အကျမနာအောင်နိမ့်နိမ့်လေး ခုန်မိတော့ အတက်ကလည်း မဟန်သေး
   ဟန်ရေးပြနေတဲ့ဇာတ်ကွက်နဲ့ပဲ ဒီဇာတ်က ရေမျောကမ်းတင်ဖြစ်သွားရ ။

နေရာကျ/မကျထားသိုခြင်းအတတ်ပညာမှာ အ၀ါးဝတာ ကောင်း/မကောင်း
   စိတ်ထောင်းတိုင်းကိုယ်မကြေနိုင်လောက်အောင်စွဲဆောင်မှုတွေနောက်တစ်ကောက်ကောက်လိုက်
   မျောက်သစ်ကိုင်းလွတ်ဖြစ်ဖြစ်သွားတဲ့နေ့စွဲများ ပြဿဒါးတွေချည်းဖြစ်ရော့သလား?
   နဂါးခေါင်းလှည့်တဲ့ရာသီခွင်မှာ အမြိတ္တစုတ်တွေ လာဘသိဒ္ဓိတွေပါမလာခဲ့
   ဇာတာတစ်စောင်လုံးရက်ရာဇာတွေပျက်သုဉ်းတော့မလား ?နာကြည်းစရာ..။

စရာမရှိလောက်အောင် ဘ၀ကိုဘယ်သူထိန်းချုပ်သလဲ
   မတည်မြဲတဲ့လောကမှာ အတ္တတွေပဲ နိစ္စဓူဝ လွန့်ထ
   “လိုတရ”ဆိုတာ ဒဏ္ဍာရီတွေထဲမှာပဲရှိတဲ့ ကလေးချော့ပုံပြင်
   လိုချင်ရင်း လိုက်ရှာရင်း လိုတမရ နိုင်ခြင်းများဟာ တဖွားဖွား
   ပျားပန်းခပ်မျှလောကနယ်သားထဲမှာ သူလည်းမင်းသား/ကိုယ်လည်းမင်းသား..။

သော သောညံသွားတဲ့လက်ခုပ်သံတွေကိုဆန်းစစ်ဖို့ လို၏/မလို၏
    မာယာအတိနဲ့ပွဲက နည်းနည်းပလီပလာ မဟုတ် ဇာတ်ရှုပ်
    ဒုက္ခကိုဆေးဆိုးထားတဲ့မျက်နှာနဲ့အသုံးတော်ခံရင်းမိုက်မလင်းသံသရာ
   “တဏှာစေရာ မနေသာ ”သမို့ဖွေရှာရင်း လူးလွန့်ရင်းကကွက်ပျောက်ခဲ့
   နောက်လှည့်မချိပြုံးကိုပျက်လုံးထင်ပြီးတ၀ါးဝါးညာသံတွေမစဲတော့ဘူး..။

နေ့ မူး ညယစ် ဘ၀ယဇ်ကောင်အတွက်ရလဒ်က ထိုက်တန်/မတန်
   နေ့ခံ ညခံဟန်ချက်ကဘယ်တော့ပျက်ပြယ်မလဲ မျှော်လင့်ဆဲ
   တည်မြဲခြင်းဆိုလို့လက်တစ်ဆုံးနှိုက်မမီတဲ့ငွေတွင်းပဲ နက်ဆဲ/နက်မြဲ
   ဘယ်မလဲ စံစားဖို့/ ဆန်စားဖို့/ ဆန်-ဆားဖို့ မစို့မပို့
   ပျို့ပျို့လာတဲ့မနက်ဖြန်တွေဘယ်လိုဖြေရှင်းရမလဲ မသဲမကွဲ ..။

စွဲ နေတဲ့အသိမှားတွေကဖျက်ချရခက်ချင်ချင်ဖြစ်
   ဆေးမင်ကြောင်အထိုးမှားတဲ့ရင်ဘတ်ကတစ်စိမ့်စိမ့် နဲ့မရှုစိမ့်နိုင်
   အပြိုင်ကြဲနေတဲ့ဒိုင်ပွဲမဲ့ပွဲမှာ သံလွင်ခက် ဘယ်ရှိပါ့မလဲ ?
   ခြေမမြဲသူကျန်ခဲ့ နောက်မလှည့်ကြေး ပြေးချင်သလောက်ပြေးလွှား
   တရေးရေးမြင်ရတဲ့ပန်းတိုင်လည်း ဝေးသထက်ဝေးသွားရပေါ့..။

များသူ /နည်းသူ ညှိယူလို့မရတဲ့ကမ္ဘာ ဟာ လိုတာထက်ပိုစောင်းခဲ့
   အကောင်းအတိုင်းရှုမြင်ဖို့မျက်ကြည်လွှာ ဘယ်မှာ ငှါးရပါ့
   တရားမရတဲ့အထဲ တရားကျကျနေတဲ့ အဇ္ဈတ္တတစ်ခုကိုဆွဲတင်ဖို့
   မြင်မြင်သမျှအရိပ်တွေလိုက်ခေါ်/ဖက်တွယ်/ပွေ့ပိုက်
   ဒီအမိုက်က ကိုယ့်ဆီ ခပ်ငိုက်ငိုက်တည့်တည့်လျှောက်လာတယ်..။

                                     ရတုသစ်
                        (18/11/ 2012 12 :35 AM)

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks